သိန္း(၁၀၀၀) ခန႔္ ေလာက္ကုန္က်မယ့္ တံတားတစ္စင္းေဆာက္လုပ္လွူဒါန္းမွုအတြက္ ပရိသတ္ေတြကိုကံစမ္းမဲအစီအစဥ္ေလးနဲ႔ပါဝင္လွူဒါန္းဖို့ ဖိတ္ေခၚလိုက္တဲ့ ေမ့ခ်စ္သက္

မြန်မာသံတေးသီချင်းတွေကို ပိုင်နိုင်စွာသီဆိုနိုင်တဲ့ တေးသံရှင်မေ့ချစ်သက်ကတော့ ငယ်ရွယ်သူတစ်ယောက်ဖြစ်ပေမယ့် ကိုယ်တိုင်ဦးဆောင်ပြီး အလှူအတန်းလုပ်လေ့ရှိသူပါ။ လတ်တလောမှာလည်း တောင်ဥက္ကလာဆေးရုံ Quarantine ဝင်နေတဲ့လူနာတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အပတ်စဉ်အာဟာရဒါနပြုလုပ်နေသလို နောက်ထပ်ပြုလုပ်သွားမယ့်အလှူလေးကိုလည်း ပရိသတ်ကြီးကိုမျှဝေခဲ့ပါတယ်။

ကျောက်ကြီးတောင်တောရ တပ်ကုန်းနေပြည်တော်နဲ့ မန္တလေးတိုင်း ရမည်းသင်းနယ်စပ်က ဆင်သေချောင်းနေရာမှာ ချောင်းရေစီးဆင်းမှုကြောင့် သွားရေးလာရေးအဆင်မပြေတာကြောင့် တံတားတစ်စင်း ဆောက်လုပ်လှူဒါန်းပေးသွားမှာဖြစ်ပြီး ပရိသတ်ကြီးကိုလည်း ပါဝင်ကုသိုလ်ယူဖို့ တိုက်တွန်းခဲ့ပါတယ်။ လစဉ်လတိုင်း ကံစမ်းမဲစာရွက်တစ်စောင် (၅၀၀၀) ကျပ်တန်ဖြတ်ပိုင်းတွေကို စီစဉ်ထားပြီး ပါဝင်လှူဒါန်းသူတွေအနေနဲ့ ကုသိုလ်လည်း ရသလို ဆိုင်ကယ်၊ လပ်တော့ ၊ ဖုန်း၊ ရွှေဆွဲကြိုးနဲ့ အခြားကံစမ်းမဲပေါင်းများစွာကို ပြန်လည်ခံစားခွင့်ရမှာပါ။

လစဉ် လစဉ် ဆယ်လတိုင်တိုင် ဒီကံစမ်းမဲဖြတ်ပိုင်းအစီအစဉ်ကို ပြုလုပ်သွားမှာဖြစ်ပြီး မဲပေါက်သူတွေကိုတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ Live လွှင့်ပြီး ကြေညာပေးသွားမှာဖြစ်ပါတယ် ပရိသတ်ကြီးရေ… တံတားအတွက် ခန့်မှန်းကုန်ကျငွေက သိန်း(၁၀၀၀) ခန့်ကုန်ကျမှာမို့ ကုသိုလ်လည်းရ ကံစမ်းမဲအစီအစဉ်မှာလည်း ပါဝင်ခွင့်ရမယ့် မေ့ချစ်သက်ရဲ့ အလှူလေးကို ဝိုင်းဝန်းကူညီအားဖြည့်ပေးနိုင်ဖို့ မျှဝေလိုက်ပါတယ်နော်။

credit-cele gabar

ZAWGYI

သိန္း(၁၀၀၀) ခန္႔ ေလာက္ကုန္က်မယ့္ တံတားတစ္စင္းေဆာက္လုပ္လႉဒါန္းမႈအတြက္ ပရိသတ္ေတြကိုကံစမ္းမဲအစီအစဥ္ေလးနဲ့ပါ၀င္လႉဒါန္းဖို႔ ဖိတ္ေခၚလိုက္တဲ့ ေမ့ခ်စ္သက္

ျမန္မာသံေတးသီခ်င္းေတြကို ပိုင္ႏိုင္စြာသီဆိုႏိုင္တဲ့ ေတးသံရွင္ေမ့ခ်စ္သက္ကေတာ့ ငယ္႐ြယ္သူတစ္ေယာက္ျဖစ္ေပမယ့္ ကိုယ္တိုင္ဦးေဆာင္ၿပီး အလႉအတန္းလုပ္ေလ့ရွိသူပါ။ လတ္တေလာမွာလည္း ေတာင္ဥကၠလာေဆး႐ုံ Quarantine ဝင္ေနတဲ့လူနာေတြနဲ႔ က်န္းမာေရးဝန္ထမ္းေတြအတြက္ အပတ္စဥ္အာဟာရဒါနျပဳလုပ္ေနသလို ေနာက္ထပ္ျပဳလုပ္သြားမယ့္အလႉေလးကိုလည္း ပရိသတ္ႀကီးကိုမွ်ေဝခဲ့ပါတယ္။

ေက်ာက္ႀကီးေတာင္ေတာရ တပ္ကုန္းေနျပည္ေတာ္နဲ႔ မႏၲေလးတိုင္း ရမည္းသင္းနယ္စပ္က ဆင္ေသေခ်ာင္းေနရာမွာ ေခ်ာင္းေရစီးဆင္းမႈေၾကာင့္ သြားေရးလာေရးအဆင္မေျပတာေၾကာင့္ တံတားတစ္စင္း ေဆာက္လုပ္လႉဒါန္းေပးသြားမွာျဖစ္ၿပီး ပရိသတ္ႀကီးကိုလည္း ပါဝင္ကုသိုလ္ယူဖို႔ တိုက္တြန္းခဲ့ပါတယ္။ လစဥ္လတိုင္း ကံစမ္းမဲစာ႐ြက္တစ္ေစာင္ (၅၀၀၀) က်ပ္တန္ျဖတ္ပိုင္းေတြကို စီစဥ္ထားၿပီး ပါဝင္လႉဒါန္းသူေတြအေနနဲ႔ ကုသိုလ္လည္း ရသလို ဆိုင္ကယ္၊ လပ္ေတာ့ ၊ ဖုန္း၊ ေ႐ႊဆြဲႀကိဳးနဲ႔ အျခားကံစမ္းမဲေပါင္းမ်ားစြာကို ျပန္လည္ခံစားခြင့္ရမွာပါ။

လစဥ္ လစဥ္ ဆယ္လတိုင္တိုင္ ဒီကံစမ္းမဲျဖတ္ပိုင္းအစီအစဥ္ကို ျပဳလုပ္သြားမွာျဖစ္ၿပီး မဲေပါက္သူေတြကိုေတာ့ သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန Live လႊင့္ၿပီး ေၾကညာေပးသြားမွာျဖစ္ပါတယ္ ပရိသတ္ႀကီးေရ… တံတားအတြက္ ခန႔္မွန္းကုန္က်ေငြက သိန္း(၁၀၀၀) ခန႔္ကုန္က်မွာမို႔ ကုသိုလ္လည္းရ ကံစမ္းမဲအစီအစဥ္မွာလည္း ပါဝင္ခြင့္ရမယ့္ ေမ့ခ်စ္သက္ရဲ႕ အလႉေလးကို ဝိုင္းဝန္းကူညီအားျဖည့္ေပးႏိုင္ဖို႔ မွ်ေဝလိုက္ပါတယ္ေနာ္။

Leave a Comment