အသက္ ၂၂ ႏွစ္ျပည့္ၿပီးတဲ့ မိန္းကေလးေတြအေနနဲ႔ ဒါေတြကို လုပ္ေဆာင္ပါ……

၂ ႏွစ္ဆိုတာ တကယ့္ကို အ႐ြယ္ေကာင္းတစ္ခုပါ။ တစ္ခါတစ္ေလေလ စဥ္းစားၾကည့္မိတယ္၊ အသက္ ၂၂ ႏွစ္မွာပဲ အၿမဲတမ္း ေနသြားခ်င္လိုက္တာဆိုၿပီး။ လူႀကီးအျဖစ္ လုံးဝေရာက္ရွိသြားတဲ့အ႐ြယ္၊ လွေသြးႂကြယ္ၿပီး ေလာကႀကီးထဲ ေတာင္ပံျဖန္႔ၿပီး စတင္ဝင္ေရာက္ေတာ့မယ့္ အ႐ြယ္ေလးပါ။ ဒီစာေလးကေတာ့ အသက္ ၂၂ ႏွစ္ျပည့္ၿပီးတဲ့ မိန္းကေလးတိုင္းအတြက္ အႀကံေပးစာေလးတစ္ပုဒ္ျဖစ္ပါတယ္။အသက္ ၂၂ ႏွစ္ျပည့္ခဲ့ၿပီဆိုရင္ ဘာေတြလုပ္ေဆာင္သင့္လဲဆိုတာ ဆက္လက္ဖတ္ရႈေပးၾကပါေနာ္။

(၁) ကားေမာင္းသင္ပါ။

မိန္းကေလးပဲ ကားမေမာင္းတတ္လည္း ကိစၥမရွိပါဘူးဆိုတဲ့ ေရွး႐ိုးစြဲစိတ္ႀကီးက ႀကီးဆိုးေနတုန္းပဲလား။ အခုေခတ္မွာ ကားမေမာင္းတတ္တဲ့ မိန္းကေလးရယ္လို႔ မရွိသေလာက္ျဖစ္ေနပါၿပီေနာ္။ ေအာ္တိုဂီယာနဲ႔ကားေတြ ႀကီးစိုးလာတဲ့ ေခတ္ႀကီးမွာ ကားေမာင္းေလးေတာ့ တတ္ထားသင့္ပါၿပီ။

(၂) အလုပ္တစ္ခုခုရွာပါ။

ဒီအ႐ြယ္မွာ ေက်ာင္းၿပီးသြားၾကတာေတြရွိသလို၊ မၿပီးေသးတာမ်ိဳးေတြလည္း ရွိတတ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ကိုယ့္အေနနဲ႔ တကၠသိုလ္ၿပီးဆုံးသြားၿပီဆိုရင္တာ့ အလုပ္တစ္ခုခု ရွိေနသင့္တဲ့ အ႐ြယ္ေရာက္ေနပါၿပီ။ အခုအ႐ြယ္မွာ အလုပ္လုပ္ၾကည့္ထားမွလည္း ဘယ္အလုပ္ကေတာ့ ကိုယ္နဲ႔ ကိုက္ညီမႈရွိလဲ၊ ဘယ္လိုမ်ိဳးကေတာ့ မလုပ္ခ်င္ဘူး စသျဖင့္ ေ႐ြးခ်ယ္လို႔ရမွာေပါ့။ အေကာင္းဆုံးကေတာ့ အလုပ္လုပ္ေနရတယ္ဆိုတာ သတိေမ့ေလာက္တဲ့အထိ ဝါသနာပါတဲ့ အလုပ္မ်ိဳးကို ေ႐ြးခ်ယ္လို႔ ရသြားတာပါပဲ။

(၃) ပိုက္ဆံစစုပါ။

အေပၚမွာ ေျပာခဲ့သလိုပဲ။ ေက်ာင္းတက္ေနရင္လည္း မုန္႔ဖိုးေလးေတြကို နည္းနည္းေလးကစၿပီး စုတဲ့အက်င့္ကို လုပ္ပါ။ အလုပ္လုပ္ေနၿပီဆိုရင္လည္း ရတဲ့ဝင္ေငြအားလုံးကို သုံးပစ္တာမ်ိဳး၊ အိမ္ကို ေထာက္ပံ့တာမ်ိဳး မလုပ္ဘဲ ေနာင္ေရးအတြက္ ပိုက္ဆံစစုၾကည့္ပါ။ ဒါမွမဟုတ္ ေ႐ႊတိုေ႐ႊစေလးေတြ ဝယ္စုထားတာမ်ိဳးပဲျဖစ္ျဖစ္ေပါ့။

(၄) အားကစားလိုက္စားပါ။

ဂ်င္ေဆာ့တာမ်ိဳး၊ ေယာဂေဆာ့တာ၊ ဇြန္းဘားကတာ စတဲ့ အားကစားနည္းတစ္မ်ိဳးမ်ိဳးကို စလုပ္ပါ။ ကိုယ္ဟာ အရမ္းပိန္ေနတာပဲျဖစ္ျဖစ္၊ အရမ္းဝေနတာမ်ိဳးပဲျဖစ္ျဖစ္ ခႏၶာကိုယ္ကို က်စ္လစ္ၿပီး က်န္းမာေရးနဲ႔ညီၫြတ္ေအာင္ လုပ္သင့္ေနပါၿပီ။ မိန္းကေလးအမ်ားစုဟာ အ႐ြယ္ေရာက္လာတာနဲ႔အမွ် ေဟာ္မုန္းေျပာင္းလဲမႈေတြေၾကာင့္ ဝဖိုင့္တာေတြျဖစ္ႏိုင္လို႔ အခုကတည္းက ထိန္းထိန္းသိမ္းသိမ္းေနကာမွ ေတာ္ကာက်မွာေပါ့။

(၅) အသားအရည္ေပၚမွာ ရင္းႏွီးျမႇဳပ္ႏွံပါ။

ဆိုလိုခ်င္တာကေတာ့ မိတ္ကပ္ေတြထက္ Skin Care ေကာင္းေကာင္း စသုံးဖို႔ လိုအပ္ပါၿပီလို႔။ ၂၂ ႏွစ္ဆိုတဲ့ အ႐ြယ္ဟာ အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ား ေဟာ္မုန္းအေျပာင္းအလဲျဖစ္ကာ ဝက္ၿခံေပါက္တာ၊ အသားအရည္ ညစ္ညမ္းတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ ေနာက္ၿပီး အားျဖည့္ဗီတာမင္ေတြကိုလည္း ေသခ်ာသိေအာင္လုပ္ၿပီး ကိုယ္နဲ႔ ကိုက္ညီမယ့္ Skin Care အမ်ိဳးအစားေလးေတြ စလိမ္းသင့္ေနပါၿပီေနာ္။

(၆) အုပ္ထိန္းသူမပါဘဲ ခရီးထြက္ပါ။

အခုအ႐ြယ္ေရာက္ေနၿပီ။ လူႀကီးေတြနဲ႔ ခရီးထြက္ေနတုန္းပဲလား။ ဒီလိုလူလြတ္ပိုင္းအ႐ြယ္၊ လြတ္လြတ္လပ္လပ္ သန္တုန္းျမန္တုန္းမွာ ခရီးမထြက္ခဲ့ဘူးဆိုရင္ အသက္ႀကီးလာေလ ေနာင္တေတြပိုရေလျဖစ္လာေတာ့မွာပါ။ ဒါေၾကာင့္ သူငယ္ခ်င္းေတြနဲ႔ပဲျဖစ္ျဖစ္၊ ကိုယ့္ခ်စ္သူနဲ႔ျဖစ္ျဖစ္၊ လုပ္ေဖာ္ကိုက္ဖက္ေတြနဲ႔ပဲျဖစ္ျဖစ္ တစ္ႏွစ္တစ္ေခါက္ေလာက္ေတာ့ ခရီးထြက္ေပးၾကည့္ပါ။

(၇) အတတ္ပညာတစ္ခုခုကို စိတ္အပန္းေျဖဖို႔ သင္ယူူပါ။

အသက္ေမြးဝမ္းေက်ာင္းအျဖစ္လည္း အသုံးခ်ႏိုင္မယ့္ အခ်ဳပ္အလုပ္ပညာ၊ အခ်က္အျပဳတ္၊ ပန္းထိုး၊ သိုးေမႊးထိုးအလုပ္ေတြကစလို႔ အႏုပညာျဖစ္တဲ့ ပန္းခ်ီဆြဲတာ၊ ဓာတ္ပုံ႐ိုက္တာ၊ မိတ္ကပ္ပညာ စတာေတြကို ဝါသနာပါရင္ ပါသလိုပဲ စတင္သင္ယူသင့္ပါတယ္။ အပန္းလည္းေျပ၊ လူၾကားထဲမွာလည္း ထုတ္ျပစရာအရာတစ္ခုအျဖစ္ ဂုဏ္ဝင့္ထည္ေစမွာျဖစ္ပါတယ္။

Credit Aunty May

UNICODE

၂ နှစ်ဆိုတာ တကယ့်ကို အရွယ်ကောင်းတစ်ခုပါ။ တစ်ခါတစ်လေလေ စဉ်းစားကြည့်မိတယ်၊ အသက် ၂၂ နှစ်မှာပဲ အမြဲတမ်း နေသွားချင်လိုက်တာဆိုပြီး။ လူကြီးအဖြစ် လုံးဝရောက်ရှိသွားတဲ့အရွယ်၊ လှသွေးကြွယ်ပြီး လောကကြီးထဲ တောင်ပံဖြန့်ပြီး စတင်ဝင်ရောက်တော့မယ့် အရွယ်လေးပါ။ ဒီစာလေးကတော့ အသက် ၂၂ နှစ်ပြည့်ပြီးတဲ့ မိန်းကလေးတိုင်းအတွက် အကြံပေးစာလေးတစ်ပုဒ်ဖြစ်ပါတယ်။အသက် ၂၂ နှစ်ပြည့်ခဲ့ပြီဆိုရင် ဘာတွေလုပ်ဆောင်သင့်လဲဆိုတာ ဆက်လက်ဖတ်ရှုပေးကြပါနော်။

(၁) ကားမောင်းသင်ပါ။

မိန်းကလေးပဲ ကားမမောင်းတတ်လည်း ကိစ္စမရှိပါဘူးဆိုတဲ့ ရှေးရိုးစွဲစိတ်ကြီးက ကြီးဆိုးနေတုန်းပဲလား။ အခုခေတ်မှာ ကားမမောင်းတတ်တဲ့ မိန်းကလေးရယ်လို့ မရှိသလောက်ဖြစ်နေပါပြီနော်။ အော်တိုဂီယာနဲ့ကားတွေ ကြီးစိုးလာတဲ့ ခေတ်ကြီးမှာ ကားမောင်းလေးတော့ တတ်ထားသင့်ပါပြီ။

(၂) အလုပ်တစ်ခုခုရှာပါ။

ဒီအရွယ်မှာ ကျောင်းပြီးသွားကြတာတွေရှိသလို၊ မပြီးသေးတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အနေနဲ့ တက္ကသိုလ်ပြီးဆုံးသွားပြီဆိုရင်တာ့ အလုပ်တစ်ခုခု ရှိနေသင့်တဲ့ အရွယ်ရောက်နေပါပြီ။ အခုအရွယ်မှာ အလုပ်လုပ်ကြည့်ထားမှလည်း ဘယ်အလုပ်ကတော့ ကိုယ်နဲ့ ကိုက်ညီမှုရှိလဲ၊ ဘယ်လိုမျိုးကတော့ မလုပ်ချင်ဘူး စသဖြင့် ရွေးချယ်လို့ရမှာပေါ့။ အကောင်းဆုံးကတော့ အလုပ်လုပ်နေရတယ်ဆိုတာ သတိမေ့လောက်တဲ့အထိ ဝါသနာပါတဲ့ အလုပ်မျိုးကို ရွေးချယ်လို့ ရသွားတာပါပဲ။

(၃) ပိုက်ဆံစစုပါ။

အပေါ်မှာ ပြောခဲ့သလိုပဲ။ ကျောင်းတက်နေရင်လည်း မုန့်ဖိုးလေးတွေကို နည်းနည်းလေးကစပြီး စုတဲ့အကျင့်ကို လုပ်ပါ။ အလုပ်လုပ်နေပြီဆိုရင်လည်း ရတဲ့ဝင်ငွေအားလုံးကို သုံးပစ်တာမျိုး၊ အိမ်ကို ထောက်ပံ့တာမျိုး မလုပ်ဘဲ နောင်ရေးအတွက် ပိုက်ဆံစစုကြည့်ပါ။ ဒါမှမဟုတ် ရွှေတိုရွှေစလေးတွေ ဝယ်စုထားတာမျိုးပဲဖြစ်ဖြစ်ပေါ့။

(၄) အားကစားလိုက်စားပါ။

ဂျင်ဆော့တာမျိုး၊ ယောဂဆော့တာ၊ ဇွန်းဘားကတာ စတဲ့ အားကစားနည်းတစ်မျိုးမျိုးကို စလုပ်ပါ။ ကိုယ်ဟာ အရမ်းပိန်နေတာပဲဖြစ်ဖြစ်၊ အရမ်းဝနေတာမျိုးပဲဖြစ်ဖြစ် ခန္ဓာကိုယ်ကို ကျစ်လစ်ပြီး ကျန်းမာရေးနဲ့ညီညွတ်အောင် လုပ်သင့်နေပါပြီ။ မိန်းကလေးအများစုဟာ အရွယ်ရောက်လာတာနဲ့အမျှ ဟော်မုန်းပြောင်းလဲမှုတွေကြောင့် ဝဖိုင့်တာတွေဖြစ်နိုင်လို့ အခုကတည်းက ထိန်းထိန်းသိမ်းသိမ်းနေကာမှ တော်ကာကျမှာပေါ့။

(၅) အသားအရည်ပေါ်မှာ ရင်းနှီးမြှုပ်နှံပါ။

ဆိုလိုချင်တာကတော့ မိတ်ကပ်တွေထက် Skin Care ကောင်းကောင်း စသုံးဖို့ လိုအပ်ပါပြီလို့။ ၂၂ နှစ်ဆိုတဲ့ အရွယ်ဟာ အမျိုးသမီးတော်တော်များများ ဟော်မုန်းအပြောင်းအလဲဖြစ်ကာ ဝက်ခြံပေါက်တာ၊ အသားအရည် ညစ်ညမ်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။ နောက်ပြီး အားဖြည့်ဗီတာမင်တွေကိုလည်း သေချာသိအောင်လုပ်ပြီး ကိုယ်နဲ့ ကိုက်ညီမယ့် Skin Care အမျိုးအစားလေးတွေ စလိမ်းသင့်နေပါပြီနော်။

(၆) အုပ်ထိန်းသူမပါဘဲ ခရီးထွက်ပါ။

အခုအရွယ်ရောက်နေပြီ။ လူကြီးတွေနဲ့ ခရီးထွက်နေတုန်းပဲလား။ ဒီလိုလူလွတ်ပိုင်းအရွယ်၊ လွတ်လွတ်လပ်လပ် သန်တုန်းမြန်တုန်းမှာ ခရီးမထွက်ခဲ့ဘူးဆိုရင် အသက်ကြီးလာလေ နောင်တတွေပိုရလေဖြစ်လာတော့မှာပါ။ ဒါကြောင့် သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ ကိုယ့်ချစ်သူနဲ့ဖြစ်ဖြစ်၊ လုပ်ဖော်ကိုက်ဖက်တွေနဲ့ပဲဖြစ်ဖြစ် တစ်နှစ်တစ်ခေါက်လောက်တော့ ခရီးထွက်ပေးကြည့်ပါ။

(၇) အတတ်ပညာတစ်ခုခုကို စိတ်အပန်းဖြေဖို့ သင်ယူူပါ။

အသက်မွေးဝမ်းကျောင်းအဖြစ်လည်း အသုံးချနိုင်မယ့် အချုပ်အလုပ်ပညာ၊ အချက်အပြုတ်၊ ပန်းထိုး၊ သိုးမွှေးထိုးအလုပ်တွေကစလို့ အနုပညာဖြစ်တဲ့ ပန်းချီဆွဲတာ၊ ဓာတ်ပုံရိုက်တာ၊ မိတ်ကပ်ပညာ စတာတွေကို ဝါသနာပါရင် ပါသလိုပဲ စတင်သင်ယူသင့်ပါတယ်။ အပန်းလည်းပြေ၊ လူကြားထဲမှာလည်း ထုတ်ပြစရာအရာတစ်ခုအဖြစ် ဂုဏ်ဝင့်ထည်စေမှာဖြစ်ပါတယ်။

Credit Aunty May

Leave a Comment