အမေရိကန်စစ်တပ်က စစ်ဖြစ်လာခဲ့ရင် အသုံးပြုမယ့် ကမ္ဘာ့ ဈေးအကြီးဆုံး ကိုယ်ပျောက်တိုက်လေယာဉ် (US F-35B)

အမေရိကန် စစ်တပ် က (F-35B) တိုက် လေယာဉ် တွေဟာ လက် တွေ့စစ်မြေပြင် မှာ တိုက်ရည် စမ်းတဲ့ အနေနဲ့ ပထမ ဆုံး တိုက်ပွဲ ဝင် ခဲ့ကြောင်း အမေရိကန် မရိန်းကောက်ပိုရေးရှင်း နဲ့ အမေရိကန် ကာကွယ်ရေး ဌာန တာဝန်ရှိသူ သုံးဦး က ပြောပါ တယ်။

F-35B တိုက် လေယာဉ် တွေရဲ့ ပထမ ဆုံး တိုက်ပွဲ ဝင် မှုကို အာဖဂန် နစ္စတန် က တာလီဘန် ပစ်မှတ်တွေ မှာ ပူး ပေါင်း လေကြောင်း ထိုးစစ် ဆင် တာနဲ့ တိုက်ရည် စမ်းခဲ့ တာဖြစ် ပါတယ်။ ဒီတိုက် လေယာဉ် တွေဟာ USS Essex လေယာဉ် တင် သင်္ဘော ကနေ ပျံတက် လာတဲ့ ယူအက်စ် မရိန်းကော်ပိုရေးရှင်း က မူကွဲ တိုက် လေယာဉ် အုပ်စု မှာ အပါ အဝင် ဖြစ်ပါ တယ်။

“စစ်ဆင် ရေး အတွင်းမှာ မြေပြင် ရှင်းလင်းရေး အော်ပရေးရှင်း ရဲ့ ထောက်ကူပြု မှုနဲ့ F-35B တိုက်လေ ယာဉ် တွေ ဟာ လေကြောင်း ထိုးစစ် ကို ဆင်နွှဲခဲ့ တာ ဖြစ်ပါ တယ်။ မြေပြင် တပ်ဖွဲ့ ကွပ်ကဲရေး ရုံးကတော့ ဒီတိုက် လေယာဉ် တွေရဲ့ လေကြောင်း ထိုးစစ်က အောင်မြင် တယ် လို့ ယူဆထား ပါတယ်။”လို့ အမေရိကန် မရိန်းတပ် က အတည်ပြု ပါ တယ်။

F-35 ကိုယ်ပျောက် တိုက်လေယာဉ် တွေဟာ သမိုင်း တစ်လျှောက် မှာ ဈေး အကြီးဆုံး စစ်လက်နက် အဖြစ် သတ်မှတ် ခံရတာ ဖြစ်ပါ တယ် ။ ဒီလေယာဉ် တွေ တည်ဆောက် ရေး မှာ တိုက် ပွဲဝင် ဖို့ အသင့်ဖြစ်ပြီလို့ ယူဆရချိန် အထိ အမျိုးမျိုးသော ကြန့်ကြာမှုတွေနဲ့ လေယာဉ် တစ်စင်း ထုတ်နိုင်ဖို့အတွက်ကို အတော်လေး ဖိဖိစီးစီး ဖန်တီးထုတ် လုပ်ရတာ ဖြစ်ပါတယ်။

လေတပ် ရဲ့ အနာဂတ် အဖြစ် ရှုမြင် ထားတဲ့ ဒီ F-35 အမျိုး အစား တိုက်လေယာဉ်တွေဟာ စွယ်စုံရတိုက်လေယာဉ် တွေဖြစ် ပြီး ဖျက်အားပြင်းစစ်လက်နက်တွေပါပဲ။ ရေဒါနဲ့ ဖမ်းမရနိုင်တဲ့ စွမ်းဆောင်ရည်၊ အသံထက် မြန်တဲ့ အလျ င်နှုန်း၊ အလွန်လျင်မြန်သွက်လက်ပေါ့ပါးမှု၊ ခေတ်ဆန်းအာရုံခံနည်းပညာတို့ကို ပိုင်ဆိုင်ထားတဲ့ တိုက်လေ ယာဉ်မျိုးစုဖြစ်တယ်လို့ တည်ဆောက်တဲ့ စစ်လက်နက်ကုမ္ပဏီ Lockheed Martin အရ သိရပါတယ်။

F-35B ဟာ လည်း F-35 တိုက်လေ ယာဉ်အုပ် ထဲက မျိုးကွဲလေယာဉ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ထူးခြားမှု ပိုလာ တာကတော့ F-35B တိုက်လေယာဉ်တွေဟာ ရဟတ်ယာဉ်တွေလို မျဉ်းမတ်အတိုင်း ဆင်းသက်နိုင်တာ ဖြစ်ပါတယ်။ အခြားတိုက် လေယာဉ်တွေထက် ပိုပြီးလည်း ပျံတက်ဖို့အတွက် ပြေးလမ်းကြောင်း တိုတိုအတွင်း ပျံတက်နိုင် တာ ဖြစ်ပါ တယ်။

F-35 တိုက် လေ ယာဉ် တွေ ဟာ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် အကြိုက်တွေ့တဲ့ တိုက်လေယာဉ်တွေပဲ ဖြစ်ပြီး မမြင်ရခင် ကတည်းက ချီးမွှမ်း အားရနေခဲ့တာ ဖြစ်ပါတယ်။ ဒီလေယာဉ်တွေဟာ တစ်ဖက်ရန်သူ ရေဒါတွေရဲ့ ထောက် လှမ်းမြင်နိုင်မှု အပေါ်မှာ စွမ်းဆောင်ရည် လျှော့ချထားပေမယ့်လည်း အမှန်တကယ် ရေဒါမှာ မတွေ့မြင်တဲ့ ကိုယ်ပျောက်စွမ်း ရည် က တော့ ထက် ထက်မြက်မြက် ရှိနေ တဲ့ တိုက်လေယာဉ် တွေပဲ ဖြစ် ပါ တယ် ။

Leave a Comment