1 Million Comments ရရင္ ထီးပံုစံဆံပင္ညႇပ္ျပမယ္ဆိုၿပီး စိန္ေခၚမိခဲ့တဲ့အမ်ိဳးသားရဲ႕အျဖစ္(႐ုပ္သံ)

Mohammad Rafiezulanwar Jaffri အမည္႐ွိတဲ့အမ်ိဳးသားဟာ Facebook စာမ်က္ႏွာေပၚမွာ ဓာတ္ပံုတစ္ပံုႏွင့္အတူ စိန္ေခၚမႈတစ္ခုျပဳလုပ္ခဲ့ပါတယ္ ။ ၿပီးခဲ့တဲ့ April 29 ရက္ေန႔က Jaffri ဟာ ” one million comments သာရခဲ့ရင္ ဒီဓာတ္ပံုထဲကအတိုင္း ဆံပင္ညႇပ္ျပပါမယ္ ဒါေပမဲ့ ဘယ္လိုျဖစ္မလဲေတာ့ မသိေသးပါဘူး ” ဆိုၿပီေျပာဆိုကာ ထီးပံုစံညႇပ္ထားတဲ့ ဆံပင္ပံုႏွင့္တကြ စာေရးသားကာ Facebook စာမ်က္ႏွာေပၚမွာ စိန္ေခၚခဲ့ပါတယ္ ။

သို႔ေပမဲ့လည္း April 29 ရက္ေန႔ ညေနခင္းမွာပဲ Jaffri ရဲ႕ post ဟာ one million comments ရ႐ွိခဲ့ၿပီး ျပန္လည္ေဝမ်ွသူေပါင္း 18000 ေက်ာ္သြားခဲ့ပါတယ္ ။ ထို႔အျပင္ လူအမ်ားစုက Jaffri ကို ဆံပင္ညႇပ္ၿပီး live လြင့္ျပဖို႔ ဖိအားေပးၿပီးေတာင္းဆိုလာၾကပါတယ္ ။ ထိုေၾကာင့္ အဆိုပါည 10 နာရီအခ်ိန္မွာပဲ အမႈိက္အိတ္အမဲေရာင္ကို စြပ္ၿပီး Jaffri ဟာ live လြင့္ခဲ့ပါေတာ့တယ္ ။ Live လြင့္တဲ့အခ်ိန္မွာေတာ့ Jaffri ဟာ ကုန္တိုက္သို႔သြားၿပီး ဆံပင္ညႇပ္တဲ့ကတ္ေၾကးမ်ိဳး႐ွာခဲ့ေပမဲ့လည္း မေတြ႔ခဲ့လို႔ ႐ိုး႐ိုးကတ္ေၾကးျဖင့္သာ ဆံပင္ညႇပ္ျပမည္ျဖစ္ေၾကာင္း ေျပာဆိုၿပီး သူ၏အခန္းေဖာ္အား ဓာတ္ပံုထဲကအတိုင္း ဆံပင္ညႇပ္ေစခဲ့ပါတယ္ ။

အဆိုပါ live လြင့္ခဲ့တဲ့ video ဟာ မိနစ္ 90 ၾကာျမင့္ခဲ့ၿပီး Jaffri ဟာ comment မွာ ေမးျမန္းထားတဲ့ေမးခြန္းေတြအကုန္ေတြ ေျဖၾကားေပးခဲ့ပါေသးတယ္ ။ Jaffri ဟာ စင္ကာပူ႐ွိေဆးရံုတစ္ခုမွာ ဝန္ထမ္းအျဖစ္ အလုပ္လုပ္ကိုင္ေနလ်က္႐ွိၿပီး ေနာက္ေန႔အလုပ္ကိုလည္း ယခုလိုဆံပင္မ်ိဳးႏွင့္သြားမည္ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ ထိုအျပင္ ယခုလိုဆံပင္ပံုစံညႇပ္ျပရတာကို အေပ်ာ္သေဘာေဖ်ာ္ေျဖမႈသက္သက္ျဖစ္ၿပီး ယခုလိုဆံပင္ပံုစံမ်ိဳးကို ရက္အေတာ္ၾကာထားအံုးမည္ျဖစ္ေၾကာင္းလည္း ေျပာဆိုသြားခဲ့ပါေသးတယ္ ။

Credit Mckzone Daily
Source: worldofbuzz

UNICODE

Mohammad Rafiezulanwar Jaffri အမည်ရှိတဲ့အမျိုးသားဟာ Facebook စာမျက်နှာပေါ်မှာ ဓာတ်ပုံတစ်ပုံနှင့်အတူ စိန်ခေါ်မှုတစ်ခုပြုလုပ်ခဲ့ပါတယ် ။ ပြီးခဲ့တဲ့ April 29 ရက်နေ့က Jaffri ဟာ ” one million comments သာရခဲ့ရင် ဒီဓာတ်ပုံထဲကအတိုင်း ဆံပင်ညှပ်ပြပါမယ် ဒါပေမဲ့ ဘယ်လိုဖြစ်မလဲတော့ မသိသေးပါဘူး ” ဆိုပြီပြောဆိုကာ ထီးပုံစံညှပ်ထားတဲ့ ဆံပင်ပုံနှင့်တကွ စာရေးသားကာ Facebook စာမျက်နှာပေါ်မှာ စိန်ခေါ်ခဲ့ပါတယ် ။

သို့ပေမဲ့လည်း April 29 ရက်နေ့ ညနေခင်းမှာပဲ Jaffri ရဲ့ post ဟာ one million comments ရရှိခဲ့ပြီး ပြန်လည်ဝေမျှသူပေါင်း 18000 ကျော်သွားခဲ့ပါတယ် ။ ထို့အပြင် လူအများစုက Jaffri ကို ဆံပင်ညှပ်ပြီး live လွင့်ပြဖို့ ဖိအားပေးပြီးတောင်းဆိုလာကြပါတယ် ။ ထိုကြောင့် အဆိုပါည 10 နာရီအချိန်မှာပဲ အမှိုက်အိတ်အမဲရောင်ကို စွပ်ပြီး Jaffri ဟာ live လွင့်ခဲ့ပါတော့တယ် ။ Live လွင့်တဲ့အချိန်မှာတော့ Jaffri ဟာ ကုန်တိုက်သို့သွားပြီး ဆံပင်ညှပ်တဲ့ကတ်ကြေးမျိုးရှာခဲ့ပေမဲ့လည်း မတွေ့ခဲ့လို့ ရိုးရိုးကတ်ကြေးဖြင့်သာ ဆံပင်ညှပ်ပြမည်ဖြစ်ကြောင်း ပြောဆိုပြီး သူ၏အခန်းဖော်အား ဓာတ်ပုံထဲကအတိုင်း ဆံပင်ညှပ်စေခဲ့ပါတယ် ။

အဆိုပါ live လွင့်ခဲ့တဲ့ video ဟာ မိနစ် 90 ကြာမြင့်ခဲ့ပြီး Jaffri ဟာ comment မှာ မေးမြန်းထားတဲ့မေးခွန်းတွေအကုန်တွေ ဖြေကြားပေးခဲ့ပါသေးတယ် ။ Jaffri ဟာ စင်ကာပူရှိဆေးရုံတစ်ခုမှာ ဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်နေလျက်ရှိပြီး နောက်နေ့အလုပ်ကိုလည်း ယခုလိုဆံပင်မျိုးနှင့်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ ထိုအပြင် ယခုလိုဆံပင်ပုံစံညှပ်ပြရတာကို အပျော်သဘောဖျော်ဖြေမှုသက်သက်ဖြစ်ပြီး ယခုလိုဆံပင်ပုံစံမျိုးကို ရက်အတော်ကြာထားအုံးမည်ဖြစ်ကြောင်းလည်း ပြောဆိုသွားခဲ့ပါသေးတယ် ။

Credit Mckzone Daily
Source: worldofbuzz

Leave a Comment