သမီးလေးမြူလင်းကိုကိုကြောင့် အားတွေမွေးနိုင်ခဲ့တယ်ဆိုတဲ့ မေမေလင်းဇာနည်ကျော်

တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားတဲ့မင်းသမီးတစ်လက်အနေနဲ့ ရပ်တည်ခဲ့တဲ့ လင်းဇာနည်ဇော်ကိုတော့ အခုချိန်ထိလည်း ပရိသတ်ကြီးက အချစ်ပိုနေရဆဲပါ။ ချစ်ဖို့ကောင်းတဲ့စကားပြောပုံလေးနဲ့ သူ့လို့ပဲ ချစ်ဖို့ကောင်းတဲ့သမီးလေးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ဒီနေ့ကတော့ မြူလင်းလေးရဲ့(၂၃) နှစ်ပြည့်မွေးနေ့လေးဖြစ်ပြီး သမီးလေးကိုမွေးပြီးနောက်ပိုင်း စိတ်ဓာတ်ပိုင်းဆိုင်ရာတွေပါ ပြောင်းလဲခဲ့ရတဲ့ သူ့ဘဝရဲ့တစ်စိတ်တစ်ပိုင်းကို ပြန်လည်မျှဝေခဲ့ပါတယ်။

“အမြဲတမ်းခလေးဆန်ဆန်နေတတ်တဲ့ကျမ… အရာရာပျော့ညံ့တတ်တဲ့ကျမ.. အကြောက်အလန့်ကြီးတတ်တဲ့ကျမ… ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတတ်တဲ့ကျမ ဒါတွေအားလုံးပြောင်းပြန်ဖြစ်သွားတာ ….မနက်ဖန်ဆို(၂၃)နှစ်တောင်ရှိပြီပေါ့.. သူ့အတွက်..အားတွေမွေးနိုင်ခဲ့တယ်.. မတ်မတ်ရပ်နိုင်ခဲ့တယ်.. အစစကြိုးစားခဲ့တယ်.. သူ့အတွက်..သူ့အတွက်..သူ့အတွက်တွေနဲ့ခရီးဆက်ရင်း ကျမ အလိုလိုဒုတိယနေရာရောက်သွားခဲ့တာပဲ…တာဝန်တစ်ခုကြောင့်မဟုတ်ပါပဲ… ပေးဆပ်ရင်းနဲ့ကျေနပ်နေမိတာ.. လိုအပ်တာမရှိနိုင်အောင်ဖြည့်ဆည်းပေးချင်တာ.. ထိုထိုသောမနက်ဖန်လေးအတွက် ရင်တွေခုန်ခဲ့ရတဲ့(၂၃)နှစ်တာကို ပြန်သတိရရင်း… ကျမအတွက် ကျမထက်ပိုပြီး အရေးပါလှတဲ့’သူ’လေးက ဘယ်သူမြန်းဖြစ်နိုင်အုံးမှာလဲ” ဆိုပြီး ပရိသတ်ကြီးကို မေးခွန်းထုတ်ခဲ့ပါတယ်။

(၂၃) နှစ်တာလုံး ဒီလိုပြောင်းလဲမှုတွေနဲ့ ရှေ့ဆက်ဖို့ကြိုးစားခဲ့တာ မြူလင်းလေးအတွက်က လွဲလို့ဘယ်သူ့အတွက် ဖြစ်နိုင်ဦးမှာလဲ ပရိသတ်ကြီးရေ… သမီးလေးမြူလင်းကိုကို ကို မိခင်တစ်ယောက်ရဲ့အားနဲ့ မျက်နှာမငယ်ရအောင် အစစအရာရာဖြည့်ဆည်းပေးတတ်လွန်းတဲ့ မေမေလင်းဇာနည်ဇော်ကတော့ သမီးလေးရဲ့မွေးနေ့အတွက် ည(၁၂) နာရီကျော်ကတည်းက ရင်ထဲက စကားလုံးတွေနဲ့ လူမှုကွန်ရက်စာမျက်နှာထက်မှာ မွေးနေ့စာလေးရေးပေးခဲ့တာပဲ ဖြစ်ပါတယ်။

credit-cele gabar

Leave a Comment