မွေးနေ့မှာ သိန်း (၁၀၀၀) နီးပါး လှူတန်းခဲ့တဲ့ ခန့်စည်သူ

အမြဲတမ်း အလှူရေစက် လက်နဲ့မကွာတဲ့ လူပျိုကြီးခန့်စည်သူတစ်ယောက် ဒီနှစ်မွေးနေ့မှာတော့ မွေးနေ့နဲ့ မွေး ရက်တိုက်ဆိုင်တာကြောင့် ထူးထူးခြားခြားလေးဖြစ်အောင် အရင်ကထက်ပိုပြီး လှူတန်းဖြစ်ခဲ့ပါတယ်။ အလှူအတန်းဆို လက်မနှေးတတ်သူမို့ လှူနေရရင် ပီတိအပြုံးတွေနဲ့ ပျော်နေတတ်တဲ့ လူပျိုကြီးဆိုလည်း မမှားပါဘူး။

ဒီနှစ်မွေးနေ့လေးမှာတော့ မဂ္ဂင်ဓါတုစေတီတော်၏ထီးတော်နှင့်အရံစေတီ (၈) ဆူ၏ ထီးတော် များကိုလှူဒါန်းြ ခင်း။(၁၂-သိန်း ၆-သောင်းကျပ်) ပိဋိကတ်တိုက်တော် (၃) ထပ်ဆောင်တွင် မ,တည်ခဲ့သော အလှူငွေ ကျပ်သိန်း (၅၀၀) အတွက် ရေစက်ချခြင်းနဲ့ နွမ်းပါးအိမ်ထောင်စု (၂၆၀)အတွက် ဆန်၊ဆီ၊ဆား၊ပဲ၊အာလူး၊ကြက်သွန်၊ခေါက်ဆွဲခြောက်၊ကြာဆန်၊ ဆပ်ပြာမှုန့်၊ ထမင်းကြော်၊မုန့်များနှင့်ခေါက်ဆွဲတွေ လှူတန်းခဲ့ပါသေးတယ်။

သူ့ရဲ့ကြည်နူးစရာအလှူလေးကိုလည်း ” ယနေ့ မွေးနေ့ မွေးရက်တိုက်ဆိုင်ပါသဖြင့် ထူးထူးခြားခြား အလှူလေးများ လုပ်ပြီး ကုသိုလ်ယူခဲ့ပါတယ်။ မန္တလေး မဟာမုနိ ရုပ်ရှင်တော် မြတ်ဘုရားကြီးထံတွင် ညရုံတော်သင်္ကန်း+ ရေခံတော်သ င်္ကန်း+ရွှေသင်္ကန်း+ မျက်နှာတော်သုတ် ပုဝါ+ သစ်သီးဆွမ်းကပ်လှူခြင်း။ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော် ဦးစေတီ တော် မဂ္ဂင် ဓါတုစေတီတော်၏ထီးတော်နှင့်အရံစေတီ(၈)ဆူ၏ထီးတော်များကိုလှူဒါန်းခြင်း။ (၁၂-သိန်း ၆-သောင်းကျပ်) ဓမ္မဝိဟာရပထမကျော် စာသင်တိုက်တွင်သီတင်းသုံးတော်မူနေကြသော သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း။ တည်ဆောက်ပြီးစီး ခဲ့သောပိဋိကတ်တိုက်တော်(၃)ထပ်ဆောင်တွင် မ,တည်ခဲ့သော အလှူငွေ ကျပ်သိန်း (၅၀၀) အတွက်ရေစက်ချခြင်း။ စာသင်တိုက်အတွင်းရှိသိမ်တော် အထပ်မြှင့်တင်ပြန်လည်ပြင်ဆင်ရန် အတွက် ပထမအကြိမ် မ,တည်အလှူငွေ ကျပ်သိန်း (၁၀၀) လှူဒါန်းခြင်း။ ဘုန်းတော်ကြီးသင် ပညာရေး (မူလွန်၊ဘ/က)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူလေးများနှင့် နွမ်းပါးအိမ်ထောင်စု (၂၆၀) အတွက် ဆန်၊ဆီ၊ဆား၊ပဲ၊ အာလူး၊ကြက်သွန်၊ခေါက်ဆွဲခြောက်၊ ကြာဆန်၊ဆပ်ပြာမှုန့်၊ ထမင်းကြော်၊မုန့်များနှင့်ခေါက်ဆွဲများ လှူဒါန်းခဲ့ခြင်း။ လှူဒါန်းမှုအစုစုတို့ကို ကျေးဇူးရှင် ခင်ပွန်းကြီး(၁၀)ပါးဦးထိပ်ထားလျှက် (၇)ရက် သား၊သမီးအပေါင်းတို့အား မိမိနှင့်ထပ်တူ ထပ်မျှကုသိုလ်များရ၍ သာဓုခေါ်ဆိုနိုင်ပါရန် မျှဝေပါတယ်။ သာဓု-သာဓု-သာဓု ကျန်းမာ၊ ချမ်းသာ လိုရာဆန္ဒများပြည့်ဝကြပါစေ။ ဝိုင်းဝန်းကူညီကြ၊လှူဒါန်း ပေးကြသူများအားလုံးကို လည်း ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

credit-cele zone

Leave a Comment