ဇနီးဖြစ်သူ မြသင်းခြယ်ရဲ့မွေးနေ့အတွက် ထူထူခြားခြား မွေးနေ့ဆုတောင်းပေးလိုက်တဲ့ နေထူးနိုင်

မြန်မာသံစဉ်တေးသီချင်းတွေနဲ့ ပရိသတ်တွေရဲ့ဘဝအမောပြေစေသူမားခြယ်ကတော့ နေထူးနိုင်နဲ့အကြောင်းပါခဲ့ပြီး ချစ်ဖို့ကောင်းတဲ့သားလေးနှစ်ယောက်နဲ့အတူ သာယာချမ်းမြေ့တဲ့ဘဝလေးကို ပိုင်ဆိုင်ထားသူပါ။ သူကတော့ အိမ်ထောင်ရှင်မကောင်းတစ်ယောက်လို့ ဆိုရအောင် ခင်ပွန်းနဲ့သားလေးတွေအတွက် ဘက်ပေါင်းစုံက ထောင့်စိအောင်စဉ်းစားတတ်သူဆိုရင်လည်း မမှားပါဘူး။

ဒီနေ့ဇွန်လ(၁၂)ရက်နေ့လေးကတော့ မြသင်းခြယ်ရဲ့(၃၇) နှစ်ပြည့်မွေးနေ့လေးဖြစ်ပြီး နေထူးနိုင်ကတော့ မြသင်းခြယ်ရဲ့မွေးနေ့လေးမှာ “ဒီနေ့ကျရောက်တဲ့(၃၇)နှစ်မြောက်မွေးနေ့မှာစ နိုင်ငံကျော်အဆိုတော်ကြီးဖြစ်ပြီးခေတ္တရာသူရှောက်ပေါင်းနဲ့ဒဏ်ကြေးလိမ်းဆေးထုတ်လုပ်ရောင်းချမှုလည်းရောင်းကောင်းအောင်မြင်၍ သာယာပျော်ရွှင်တဲ့မိသားစုဘဝလည်း ပိုင်ဆိုင်နိုင်ပါစေ… လိုရာဆန္ဒတွေလည်းပြည့်ဝယောကျ်ားကိုလည်း ချစ်မဝအောင်ဖြစ်ပါစေမိန်းမရေ” ဆိုပြီး မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။

မြသင်းခြယ်ကတော့ ဒီနေ့သူ့ရဲ့မွေးနေ့မနက်ခင်းလေးမှာ ကိုယ်တိုင်ချက်အုန်းနို့ခေါက်ဆွဲလေးနဲ့ အချိုပွဲပူတင်းလေးကို သံဃာတော်တွေကို ဆက်ကပ်လှူဒါန်းပေးခဲ့ပါတယ်။ ဒီနေ့ကျရောက်တဲ့မွေးနေ့လေးကစပြီး ချစ်ရတဲ့မိသားစုနဲ့ ဒီထက်မက ပျော်ရွှင်စရာတွေအပြည့်နဲ့ဖြတ်သန်းသွားနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

credit-cele gabar

Leave a Comment