ရုတ်တရက် အရေးပေါ်ဆေးရုံတင်လိုက်ရတဲ့ ထက်ထက်မိုးဦးရဲ့ဖခင်

မိဘဆိုတာ ငယ်ရွယ်စဉ်ကတော့ သားသမီးတွေရဲ့အားကိုးရာတံတိုင်းကြီးဖြစ်ခဲ့ပြီး အသက်ကြီး ရင့်လာတဲ့အချိန်မှာတော့ သားသမီးတွေ အတွက် အဖိုးမဖြတ်နိုင်တဲ့ ကုသိုလ်ထုပ်ပြီး ဖြစ်ပါတယ်။ ထက်ထက်ဟာ ဖခင်ဖြစ်သူကို အမြဲတမ်း ခြေဆုပ်လက်နယ်ပြုစုပေးပြီး ဖခင်ရဲ့ ကျန်းမာရေးကို လည်း အမြဲမပြတ်ဂရုစိုက်ပေးတဲ့ သမီးလိမ္မာတစ်ယောက်ပါပဲ။

ကျန်းမာရေးမကောင်းတဲ့ဖခင်ကို ကိုယ်တိုင်ခေါင်းလျှော်ပြုစုပေးပြီး မိဘကိုအလေးထားတတ် တဲ့ သမီးတစ်ယောက်ပါပဲ။ ဒီနေ့မှာလည်း ဖခင်ဖြစ်သူက သွေးတိုးပြီး ရုတ်တရက်လေဖြတ်သွား တာကြောင့် မန္တလေးဆေးရုံကြီးကို အရေးပေါ်တင်ခဲ့ပြီး အချိန်မှီ ကုသမှုခံယူခဲ့ပါ တယ်။ အားကိုးရတဲ့သမီးလေးရှိနေတာမို့ ဖခင်ဖြစ်သူရဲ့ကျန်းမာရေးကတော့ အမြန်ဆုံးပြန်ကောင်းလာမှာပါ။

ဖခင်အတွက် စိုးရိမ်ပူပန်မှုတွေကို ” အဖေသွေးတိုးပီးလေဖြတ်သွားလို့မန္တလေးမင်္ဂလာဆေးရုံမှာ အရေးပေါ်တင်လိုက်ရပါတယ် သွေးတိုး ရောဂါရှိသူတွေအားလုံးပဲဂရုစိုက်ဆင်ခြင်ကြပါနော် အဖေလဲအမြန်ဆုံးသက်သာပါစေဆုတောင်းပါတယ် ” ဆိုပြီး တင်ခဲ့တာပဲဖြစ်ပါ တယ်။ အမြန်ဆုံး ပြန်ကျန်းမာပါစေ အန်ကယ်ရေ။

credit-cele zone

Leave a Comment