ပထမဆုံးရင်သွေးလေးကို ရရှိတော့မှာဖြစ်လို့အရမ်းပျော်နေတဲ့ ထူးခြား

သရုပ်ဆောင်ထူးခြား ကတော့ ပရိသတ်တွေ အားပေးလက်ခံပြီးသား အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ယောကျ်ားပီသတဲ့မျက်နှာနဲ့ ခပ်ကြမ်းကြမ်းကာရိုက်တာတွေနဲ့ ပရိသတ်အသိမှတ်ပြုအားပေးခြင်း ရရှိထားသူပါ။ လတ်တလောမှာတော့ ချစ်ရတဲ့ ဇနီးနဲ့အတူ တနိုင်တစ်ပိုင် စီးပွားရေးလေးအဖြစ် ဝက်နံရိုးမီးတောက် ကို Online ကနေတဆင့် ရောင်းချနေတာ ပရိသတ်တွေအားလုံးသိပြီးဖြစ်မှာပါ ။

အနုပညာအလုပ်တွေ လုပ်ရင်း ချစ်ရတဲ့ဇနီးနဲ့အတူမကြာခဏ ခရီးတွေအတူသွားတတ်ပြီး ကြည်နူးစရာ ပုံရိပ်လေးတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အမြဲ မျှဝေပေးလေ့ရှိလို့ ပရိသတ်တွေကလည်း ကိုထူးခြားရဲ့ ဇနီးနဲ့ စိမ်းမယ်မထင်ပါဘူးနော် ။ ဒီနေ့မှာတော့ သတင်းကောင်းတစ်ခုကို ထူးခြားက ပရိသတ်တွေကို ကြေညာခဲ့ပါတယ် ။ ဟျောင့် တွေ ငါး ပတ် ရှိနေပီတဲ့… ဟ ဆိုတဲ့စာသားစလေးနဲ့အတူ ဇနီးသည်ရဲ့ အန်ထရာဆောင်းရိုက်ထားတဲ့ ပုံလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေကိုမျှဝေပေးခဲ့တာပါ ။

ကိုယ်ဝန်ရှိနေပြီ ဆိုတဲ့သတင်းကြောင့် အနုပညာမောင်နှမတွေနဲ့ ပရိသတ်တွေက ဂုဏ်ပြုစကားလေးတွေ မှတ်ချက်ပေးခဲ့ကြပြီး ထူးခြားအတွက် ပထမဆုံးရင်သွေးလေးဖြစ်တဲ့အတွက် အတိုင်းအထက်အလွန်ပျော်ရွှင်နေမယ်လို့ထင်ပါတယ် ။ ကကလည်း ကိုထူးခြားရဲ့ ပထမဆုံးရင်သွေးလေးအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ရေးသားလိုက်ရပါတယ်နော် ။

credit-cele zone

Leave a Comment