မိသားစုလေးယောက်အတူ ပျော်စရာဗီဒီယိုလေးကို ဝေမျှလိုက်တဲ့ ချစ်သုဝေ

ကြည်နူးစရာမိသားစုဘဝလေးကို အောင်အောင်မြင်မြင်ထူထောင်ထားနိုင်တဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံနှစ်ယောက်ဟာ အမွှာသမီးလေး ခေတ်နဲ့သစ်ကြောင့် နေ့ရက်တိုင်း ပျော်ရွှင်မှုတွေနဲ့ ဖြတ်သန်းနိုင်ခဲ့ပါတယ်။ အလည်လေး တွေကလည်း ဖေဖေ မေမေတို့နဲ့အတူတူ လိုက်ပါ ပျော်ရွှင်ရင်း မြင်သူတိုင်းကြည်နူးရတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ခဲ့ကြပါတယ်။

မေမေနဲ့ဆို ခပ်အေးအေးလေးနေကြတဲ့သမီးလေးနှစ်ယောက်ဟာ ဖေဖေနဲ့အတူဆိုရင်တော့ ဖေဖေ့စတိုင်အတိုင်း အမိုက်စား ကလေးလေးတွေအဖြစ်ပြောင်းလဲသွားပုံက မြင်ရတဲ့ ပရိသတ်တွေအဖို့တော့ အသည်းယားစရာကောင်း လွန်းပါတယ်။ အသဲလေးနှစ်ယောက်က လည်း လည်လွန်းလို့ အားလုံးရဲ့အချစ်တော်လေးတွေဖြစ်နေကြတာပါ။

ဒီနေ့မှာလည်း မိသားစုလေးယောက်အတူတူ Cupcake လုပ်ကြတဲ့ဗီဒီယိုလေးကို မေမေချစ်သုဝေက ” တို့အဖွဲ့ရဲ့ ပထမဆုံး သော ကပ်ပ် ကိတ် အဟေးဟေး ပုံကတော့ cupcake ပဲ အရသာလေးကတော့ သကြားမသုံးချင်လို့ထန်းလျက်သုံးတော့ ဘိန်းမုန့် လေးပေါ့အေ ဆိုတော့ကား. cupcake in healthy version ကပ်ပ်ကိတ်အယောင်ဆောင်သော ဘိန်းမုန့် ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ ပျော်စရာ Family Time လေးကို ကြည့်ရှုသူတွေထပ်တူပျော်ရွှင်ရအောင် တင်ဆက်ပေးလိုက်ပါတယ်။

credit-cele zone

Leave a Comment