ငယ်ဘဝအမှတ်တရ ပုံရိပ်လေးတွေကိုထုတ်ပြလိုက်တဲ့စိုးမြတ်နန္ဒာ

ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးချောတစ်ယောက်ဖြစ်တဲ့ စိုးမြတ်နန္ဒာကတော့ အနုပညာအလုပ်တွေကိုလုပ်ကိုင်လာတာ ဆယ်စုနှစ်တစ်စုတောင်ကြာမြင့်နေပါပြီနော်။တစ်ခေတ်တစ်ခါတည်းက အောင်မြင်မှုတွေနဲ့ရပ်တည်နေကြဖြစ်ပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကို ရရှိထားတာဖြစ်ပါတယ်။ပရိသတ်တွေကတော့ သူမကို ဒါဒါလို့ ချစ်စနိုးလေးနဲ့ခေါ်ဝေါ်ကြတာလည်းဖြစ်ပါတယ်။

အနုပညာလှုပ်ရှားမှုတွေ အရင်ကလောက် မလုပ်တော့ပင်မယ့်လည်း ပရိသတ်တွေကတော့ ယနေ့ထိတိုင် ချစ်ခင်အားပေးနေကြဆဲဖြစ်ပါတယ်။အမြဲလန်းဆန်းကာ အသက် ၄၀ ကျော်လို့ ထင်ရက်စရာမရှိအောင်ကို နုပျိုနေတာဟာလည်း အားကျစရာပါပဲနော်။ စိုးမြတ်နန္ဒာက နှစ်တွေဘယ်လိုပြောင်းလဲသွားပေမယ့် သူမရဲ့အလှတရားတွေကတော့ ယနေ့အချိန်အထိ မပြောင်းမလဲဘဲနုပျိုနေဆဲ ဖြစ်ပါတယ်။

ဒါဒါကတော့ သူရဲ့နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေးတွေကို ဖေ့ဘွတ်စာမျက်နှာပေါ်တွင် အမြဲဆိုသလိုဖော်ပြလေ့ရှိတာလည်းဖြစ်ပါတယ်။လတ်တလောမှာလည်း ပရိသတ်တွေမမြင်ဘူးသေးတဲ့ ငယ်ဘဝအမှတ်တရ ပုံရိပ်လေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးထဲမှာ ဒါဒါတစ်ယောက် အရမ်းချစ်စရာကောင်းလွန်းတာကြောင့်ပရိသတ်ကြီးတွက် ငယ်ဘဝပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

credit-cele zone

Leave a Comment