ကြော်ငြာနှစ်ခုအတွက် သိန်းတစ်ရာ့တစ်ဆယ်ကျော် စရံလာပေးတာကြောင့် ပျော်ရွှင်နေတဲ့သံသာမိုးသိမ့်

ပရိတ်သတ်ကြီးရေ…..သွက်လက်တဲ့အမူအရာလေးတွေနဲ့ ချစ်စရာကောင်းတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့ Mrtv-4ရဲ့မင်းသမီးချောလေးသံသာမိုးသိမ့်ကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ ရွှေကြိုတစ်ယောက်အနေနဲ့ အနုပညာလောကထဲစတင်၀င်ရောက်လာခဲ့ပြီး ဇာတ်လမ်းတွဲများမှာပါ၀င်သရုပ်ဆောင်လာတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။သူမပါ၀င်သရုပ်ဆောင်ခဲ့တဲ့ ကျွန်မကမဟေသီဆိုတဲ့ဇာတ်လမ်းတွဲမှာဆိုရင်လည်း ပီပြင်တဲ့ဗီလိန်ဇာတ်ရုပ်နဲ့ ပရိတ်သတ်အားပေးမှုရရှိခဲ့တာပါ။

သံသာမိုးသိမ့်ဟာ အခုလက်ရှိပြသနေတဲ့အချစ်ဖွဲ့လေညင်းဆိုတဲ့ဇာတ်လမ်းတွဲမှာလည်း သွက်လက်တဲ့ကောင်မလေး မေပျိုဖြူအနေနဲ့အကောင်းဆုံးပါ၀င်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ သူမဟာ ပျော်ပျော်နေတတ်သူလည်းဖြစ်ပြီး ပရိတ်သတ်တွေနဲ့လည်းရင်းရင်းနှီးနှီးနေတတ်တာကြောင့် ပရိတ်သတ်အများစုရဲ့ အားပေးချစ်ခင်မှုကိုရရှိထားတဲ့မင်းသမီးလေးတစ်ယောက်ပါနော်။

သံသာမိုးသိမ့်ဟာ အချစ်ဖွဲ့လေညင်းဆိုတဲ့ရုပ်သံဇာတ်လမ်းတွဲနဲ့ အောင်မြင်မှုများစွာရရှိနေတာဖြစ်ပြီး သူမကိုကြော်ငြာတွေအတွက် ကမ်းလှမ်းမှုများစွာကိုလည်း ရရှိထားတာဖြစ်ပါတယ်။ သံသာမိုးသိမ့်ဟာ အနုပညာနဲ့ပက်သက်ပြီး ‌အမြဲကြိုးစားနေတဲ့သူလေးဖြစ်တာကြောင့်အခုလိုအောင်မြင်မှုတွေ ရရှိနေတာဖြစ်ပါတယ်။ ကဲ….ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

credit-myanamarlad

Leave a Comment