သူမနဲ့ပတ်သက်ပြီ လတ်တလောမှာ ထွက်ပေါ်နေတဲ့ သတင်းအမှားတွေကို ဖြေရှင်းလိုက်တဲ့ မယ်လိုဒီ

ပရိသတ်ကြီးရေ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က သရုပ်ဆောင်မယ်လိုဒီရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ စိတ်မကောင်းစရာသတင်းကို ပရိသတ်တွေကြားသိပြီးသားဖြစ်မှာပါ။ ဆုံးဖြတ်ချက်တွေသေချာချပြီးမှာ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းပြတ်ဆဲလိုက်တဲ့ အကြောင်းကို မယ်လိုဒီကကြေညာခဲ့ပြီးတဲ့နောက်မှာတော့ ယောက္ခမကြောင့် ခင်ပွန်းဖြစ်သူအမှားလုပ်လို့ စသည်ဖြင့် အကြောင်းအမျိုးမျိုးသော ထင်မြင်ချက်တွေဝေဖန်မှုတွေများစွာရှိနေခဲ့ပါတယ်။

မယ်လိုဒီကတော့ အခုလိုအကြင်လင်မယားဘဝကနေ လမ်းခွဲလိုက်တာကတော့ ယောက္ခမကြောင့်လည်းမဟုတ်သလို ခင်ပွန်းဖြစ်သူအမှားလုပ်လို့လည်းမဟုတ်ပါဘူးတဲ့။ ခင်ပွန်းနဲ့ သူ့ကြားမှာ မတူညီမှုများစွာနဲ့ ညှိမရလို့သာ အကြင်လင်မယားဘဝကနေ အရင်လို သူငယ်ချင်းဘဝကို ပြန်သွားတာပါဆိုပြီး ထွက်ပေါ်နေတဲ့ ကောလာဟလတွေနဲ့ပတ်သက်ပြီးပြောပြလာခဲ့ပါတယ်။ ယောက္ခမဖြစ်သူကလည်း ကမ္ဘာပေါ်မှာ သူ့ကိုနားလည်မှုအပေးနိုင်ဆုံးနဲ့ သမီးအရင်းလိုချစ်ခင်ပေးပြီး အရင်ဘဝကအမေလို့တောင်တင်စားထားရတဲ့ ယောက္ခမမျိုးဖြစ်လို့ အမြဲတမ်းအမေလိုချစ်နေရသူပါ။

ကိုသာကောင်းကလည်း မူးယစ်ဆေးဝါးကင်းရှင်း၊ လောင်းကစားကင်းရှင်း၊ မိန်းမကိစ္စကင်းရှင်း၊ စိတ်ပုတ် စိတ်ယုတ် မရှိပါဘူး။ ခင်ပွန်းဟောင်းနဲ့သူကအခုလိုလမ်းခွဲလိုက်တဲ့တိုင်အောင် တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းမုန်းခြင်း ဘာအငြိုးအတေးမှမရှိသလို မိတ်ပျက်ပြီးရန်သူဖြစ်စရာအကြောင်း ဘယ်တော့မှရှိလာမှာမဟုတ်ဘူးလို့လည်း ဖော်ပြထားပါသေးတယ်။မကြေငြာတာ က မလိုအပ်ဘဲ ပူပန်နေကြမှာစိုးလို့ရယ် မလိုအပ်ဘဲ အကုသိုလ်ဖြစ်မှာစိုးလို့ပါတဲ့။ သားလေးအတွက်စိတ်ပူပြီးစိုးရိမ်ပေးကြတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ စိတ်လေ စိတ်ကစား ဆုံးဖြတ်ချက် မှားရမယ့်အရွယ်မဟုတ်တော့ပါဘူး။ အကြိမ်ကြိမ် အခါခါ လပေါင်းများစွာစဉ်းစား ဆုံးဖြတ်ထားခဲ့တဲ့ကိစ္စမို့ခုချိန် တည်ငြိမ်သူ မေမေမျိုး ပါတဲ့။

ပရိသတ်ကြီးရေ မယ်လိုဒီကတော့ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းပြတ်စဲခဲ့တာကတော့ ထွက်ရှိနေတဲ့ ကောလာဟလတွေလို ခင်ပွန်းဖြစ်သူအမှားလုပ်လို့မဟုတ်ပါဘူးတဲ့။ ခင်ပွန်းဖြစ်သူနဲ့ အကြင်လင်မယားအဖြစ်ကကွာရှင်းလိုက်ပေမဲ့လည်း မောင်နှမအဖြစ် မိသားစုလို ရှိနေမှာပါတဲ့။

credit-cele gabar

Leave a Comment