ဆုတွေခဏခဏရနေတဲ့ တစ်ဦးတည်းသောသားလေးရဲ့လျို့ဝှက်ချက်ကို ပြောပြလာတဲ့ ထွန်းအိန္ဒြာဗိုလ်

ထွန်းအိန္ဒြာဗိုလ်ကတော့ ဂီတနယ်ပယ်ရော သရုပ်ဆောင်နယ်ပယ်မှာပါ အောင်မြင်မှုကို ကြာရှည်ထိန်းထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပါ။ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်အနေနဲ့သာမက ချစ်ခင်ပွန်း၊သားလေးတို့နဲ့အတူ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးကို ရရှိပိုင်ဆိုင်ထားပါသေးတယ်။

မခိုင်ကြီးရဲ့သားလေးကတော့ မကြာခဏဆိုသလို ကျောင်းမှာ စွမ်းဆောင်ရည်ဆုတွေရရှိသူဖြစ်ပြီး မေမေ့ကို ဂုဏ်တက်အောင် အမြဲလုပ်ဆောင်ပေးနေတဲ့ သားလိမ္မာလေးပါ။ ဒီတစ်ခေါက်မှာလည်း ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်ပြီး ဆုထပ်မံရရှိခဲ့တာမို့ မေမေထွန်းအိန္ဒြာဗိုလ်ကတော့ ဆုတွေခဏခဏရနေတဲ့ သားရဲ့လျို့ဝှက်ချက်ကို အရွှန်းဖောက်ရေးသားခဲ့ပါတယ်။ “သား ငယ်ငယ်က အစားကျွေးရတာ အရမ်းခက်ပါတယ်.. ကျောင်းက ပြန်လာတိုင်း ထမင်းဗူးက အရာမယွင်းတော့ ကျမက သူ ထမင်းမစားရင် စိတ်ညစ်ကြောင်းရှင်းပြရတယ်လေ.. အဲ့ နောက်ပိုင်း ထမင်းဗူးလေး အမြဲလိုလို ကုန်လာလို့ ဝမ်းသာရတာပေါ့.. တနေ့ကျတော့ သားလေးကျောင်းက ဆု ရလာတယ်..သူငယ်ချင်း အချင်းချင်း မျှဝေနိုင်သူဆုပါ.. သား ကိုမေးကြည့်တော့မှ ထမင်းဗူးမကုန်ရင် မေမေ စိတ်ညစ်မှာစိုးလို့ သူငယ်ချင်းကို နေ့တိုင်းကျွေး တာတဲ့… အခုလည်း စကားများလွန်းလို့များ ဆု ရ ခဲ့တာလား မသိ” ဆိုပြီးရေးသားကာ မျှဝေခဲ့ပါတယ်။

မခိုင်ကြီးကတော့ သားလေးအောင်ဘိုကောင်းသန့်ကို တစ်ဦးတည်းသောသားလေးပီပီ အလိုလိုက်အချစ်ပိုကာ သားလေးအကြောင်းတွေကို လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေလေ့ရှိသူပါ။ ဒီတစ်ခေါက်မှာလည်း ပေါင်းသင်းဆက်ဆံရေးဆုထပ်မံရရှိခဲ့တဲ့သားလေးကို စကားများလွန်းလို့များ ဆုရခဲ့သလားမသိဘူးဆိုပြီး အရွှန်းဖောက်ရေးသားမျှဝေခဲ့တာပဲဖြစ်ပါတယ်။

credit-cele gabar

Leave a Comment