လူမိုက်ဆန်ဆန် ဆက်ဆံမှုကြောင့် သတိပေးစကားဆိုလိုက်တဲ့ ဒိန်းဒေါင်

ဒိန်းဒေါင်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ဟာသလူရွှင်တော်တစ်ယောက်အနေနဲ့ အနုပညာလောကမှာရပ်တည်နေတဲ့ သူတစ်ယောက်ပါ။ ရုပ်ရှင်ဇာတ်ကားတွေ အရိုက်ကျဲသွားပေမယ့်လည်း ပွဲတွေကိုတော့ လက်ခံပြီး ဆက်လက်ကပြနေဆဲဖြစ်ပါတယ် ။ မကြာသေးမီကမှ ကျန်းမာရေးကြောင့် အနားယူနေခဲ့ရပေမယ့် အခုတော့ ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်ပါတယ် ။

လတ်တလောမှာတော့ အပင်ပန်းခံပြီး ညလုံးပေါက်ကထားရတဲ့ ပွဲကြေးကိုမပေးဘဲ လူမိုက်ဆန်ဆန် ဆက်ဆံခံခဲ့ရကြောင်းကို ပရိသတ်တွေကိုအသိပေးလာခဲ့ပါတယ် ။ ကျိုက်လတ်မှာပွဲသွားကတယ် ပွဲပြီးတော့ကျန်တဲ့ငွေကို လူမိုက်ဆန်ဆန်မပေးဘူး သည်းခံတယ်စောင့်ပေးတယ် မနက်ဖြန်မရရင် နာမည်နဲ့တကွတင်မယ် လှိူင်သာယာကပါ တစ်ညလုံးကပေးခဲ့တဲ့မျက်နှာကိုထောက်ပါချွေးနဲစာကိုစားရက်တယ် ဆိုတဲ့စာသားလေးနဲ့အတူ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် ။

ဒိန်းဒေါင်တစ်ယောက်ထဲမဟုတ်ဘဲ ဦးငြိမ်းချမ်းနဲ့ စိစိတို့လည်း ပွဲခတွေ မရခဲ့ကြဘူးလို့ ပြောပြထားပါသေးတယ် ။ အခုလိုလိမ်လည်ခံရမှုကြောင့် ပရိသတ်တွေကလည် ဒိန်းဒေါင်အတွက် စိတ်မကောင်းဖြစ်နေကြသလို ပွဲကြေးကိုရအောင်တောင်းဖို့ အတွက် အကြံပေးထားကြပါတယ် ။

credit-cele zone

Leave a Comment