ကားရိုက်မရှိတုန်း ကိုယ့်စိတ်တိုင်းကျလေး ဆံပင်အရောင်လေးပြောင်းလိုက်တဲ့ သက်မွန်မြင့်

စကားသံဝဲဝဲလေးနဲ့ တိုင်းရင်းသူလေးသက်မွန်ကို ပရိသတ်တွေကလည်း ချစ်ခင်အားပေးခဲ့ ပါတယ်။ ချင်းတောင်တန်းတွေပေါ်က ရိုးသားတဲ့တိုင်းရင်းသူလေးဟာ သရုပ်ဆောင်ရင်လည်း မာယာတွေမပါဘဲ ရိုးရိုးလေးနဲ့ ရင်ထဲထိရောက်စေမယ့် ပုံစံလေးတွေနဲ့ သရုပ်ဆောင်ခဲ့တာပါ။ ဒါကြောင့်လည်း အကယ်ဒမီဆုကြီးကို ထိုက်ထိုက်တန်တန်ရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပျော်စရာ မိသားစုဘဝလေးမှာ သားလေးနဲ့သမီးလေးကိုလည်း ပိုင်ဆိုင်နေပါပြီ။

ဝါသနာပါတဲ့ သရုပ်ဆောင်လုပ်ငန်းအပြင်ကိုလည်း ” Sweet Child ” ဆိုတဲ့ ကလေးအသုံးအဆောင်ပစ္စည်းဆိုင်ကိုလည်း ဖွင့်လှစ်ထား ပါသေးတယ်။ အရင်ကဆို ကားရိုက်တွေရှိလို့ ကလေးတွေကိုအချိန်မပေးနိုင်ဘဲ မကြာခဏဆိုသလို ခရီးထွက်နေရပေမယ့် အခုလို Stay Home ကာလမှာတော့ သားနဲ့သမီးကို အချိန်တွေအများကြီးပိုပေးနိုင်လို့ မေမေသက်မွန်ကတော့ အပျော်ကြီးပျော်နေခဲ့ပါတယ်။

ကားရိုက်တဲ့မရှိတဲ့အချိန်မှာ ဆံပင်ကို ကိုယ်ကြိုက်တဲ့အရောင်လေးဆေးခြယ်လိုက်ပြီး အရမ်းကိုလှသွားတဲ့ ပုံရိပ်တွေကို ” နေနိုင်တော့ ဘူးလေ ကားရိုက်မရှိတုန်း ကိုယ့်စိတ်တိုင်းကျ လေး ကာလာခြယ်ချင် ကလိချင်ပြီလေ တီချိုနဲ့ အဖွဲ့က စိတ်ရှည်လက်ရှည် မြှောက်ပေး လိုက်ကြတယ် ” ဆိုပြီး သက်မွန်က ဝေမျှခဲ့ပါတယ်။ အချိန်တွေ ဘယ်လောက်ပဲကြာကြာ သက်မွန်ကတော့ လှနေဆဲပါပဲနော်။

credit-cele zone

Leave a Comment