မကြာမီဖွင့်လှစ်တော့မယ့် သူရဲ့ဆိုင်လေးကို ပရိသတ်တွေအတွက်မိတ်ဆက်ပေးလိုက်တဲ့ ခင်လှိုင်

ခင်လှိုင်ကတော့ ဇာတ်ပို့ဇာတ်ရံတွေထဲမှာ အောင်မြင်မှုကို ကြာရှည်ထိန်းထားနိုင်ဆုံး အနုပညာရှင်တစ်ယောက်ပါ။ ခေတ်နဲ့အညီ လိုက်ပါနိုင်တဲ့ ဇာတ်ပို့တစ်ယောက်ဖြစ်တဲ့အပြင် အခုဆိုရင် ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ အောင်မြင်မှုရရှိလာပြီဖြစ်ပါတယ်။ သူကတော့ အခုချိန်မှာအောင်မြင်နေပေမယ့် အနုပညာအလုပ်ကတော့ အမြဲတမ်းမတည်မြဲနိုင်တဲ့အလုပ်မို့ မရိုက်ရတဲ့အချိန်ကျရင် စိတ်ဓာတ်မကျရအောင် စီးပွားရေးလုပ်ငန်းလေးတစ်ခုလုပ်ဖို့ ကြံရွယ်ထားသူပါ။

အငြိမ်မနေတတ်တဲ့သူတစ်ယောက်မို့ ညီမဖြစ်သူရဲ့ စားသောက်ဆိုင်လေးမှာ အမြဲကူညီလုပ်ကိုင်ပေးလေ့ရှိတဲ့အပြင် သူကိုယ်တိုင်လည်း စားသောက်ဆိုင်လည်း တစ်ဆိုင်ဖွင့်ဖို့ စဉ်းစားထားကြောင်း အင်တာဗျုးတွေမှာ ဖြေကြားခဲ့ပြီး အခုဆိုရင်တော့ လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်ပါတယ်။ သူရဲ့ အညာမြေလို့ နာမည်ပေးထားတဲ့ဆိုင်လေးကိုတော့ မန္တလေးမြို့ (၆၂)လမ်းပေါ်မှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး အညာဒေသအစားအသောက်လေးတွေနဲ့ ထူးထူးဆန်းဆန်းဟင်းလျာလေးတွေ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

ခင်လှိုင်ကတော့ ဒီနေ့မှာ မန္တလေးမြို့က သူ့ရဲ့ဆိုင်လေးကို “မကြာမီဖွင့်လှစ်တော့မယ့် ကျွန်တော်တို့ရဲ့ဆိုင်လေး” ဆိုပြီး မိတ်ဆက်ပေးခဲ့ပါတယ်။ မကြာခင်မှာလည်း ရန်ကုန်မြို့ကပရိသတ်ကြီးပါ အားပေးလို့ရအောင် ရန်ကုန်မြို့မှာပါ ကြိုးစားပြီး ဖွင့်လှစ်ပေးသွားပါမယ်တဲ့ပရိသတ်ကြီးရေ… စိတ်ထားကောင်းပြီး အလှူအတန်းရက်ရောတဲ့ ဦးခင်လှိုင်ရဲ့ဆိုင်လေးကို အားပေးလိုက်ကြပါဦးနော်။

credit-cele gabar

Leave a Comment