ဝန္ထမ္းေတြကို အလုပ္မခိုင္းဘဲ လစာေပးထားတဲ့အျပင္ ထိုင္းဘတ္(၁၀၀၀)စီပါ မုန႔္ဖိုးေပးလိုက္ေသးတဲ့ စည္ၿဖိဳးတို႔ မိသားစု

အမ်ားေကာင္းက်ိဳးဆို လက္မေႏွးကူညီတတ္တဲ့ စည္ၿဖိဳးတို႔မိသားစုေလးကေတာ့ ပရိသတ္ေတြေလးစားအားက်ေနရတဲ့ မိသားစုေလးပါ။ အလႉႀကီးအတန္းႀကီးေတြ မၾကာခဏျပဳလုပ္ေလ့ရွိတဲ့အျပင္ လက္ေအာက္ငယ္သားေတြကိုလည္း မိသားစုဝင္ေတြကို ဆက္ဆံေလ့ရွိတဲ့ ေမတၱာတရားႀကီးမားတဲ့သူေတြပါ။

မၾကာေသးခင္က ၿပီးသြားခဲ့တဲ့ စည္ၿဖိဳးဖခင္ရဲ႕ေမြးေန႔မွာလည္း ဝန္ထမ္းေတြကို ထိုင္းဘတ္ေငြတစ္ေထာင္စီ မုန႔္ဖိုးေပးခဲ့ေသးတာေၾကာင့္ ဝန္ထမ္းတစ္ေယာက္ကေတာ့ ေက်းဇူးတင္စကားဆိုခဲ့ပါတယ္။ “Covid-19 စၿပီးရန္ကုန္ၿမိဳ႕ကိုဝင္လာကတည္းက ဝမ္းမနာသားသမီးအားလုံးကို အိမ္ထဲကအိမ္ျပင္မထြက္ခိုင္း အလုပ္မလုပ္ခိုင္းဘဲ အိပ္လိုက္စားလိုက္နဲ႔လစာလည္းေပး … ခုေမြးေနေရာက္ေတာ့လည္း ဘတ္တစ္ေထာင္စီထပ္ေပးေတာ့ ခေလးေတြအားလုံးဝမ္းသာလို႔မဆုံးပါဘူး ေက်းဇူးအလြန္ႀကီးမားေသာစိတ္ထားအလြန္ျပည့္ဝေသာ သေဘာေကာင္းမေနာေကာင္း ေစတနာေမတၱာ က႐ုဏာအရမ္းႀကီးမားတဲ့ သူေတာ္ေကာင္းအန္တီသီတို႔မိသားစုကို ဝမ္းမနာသားသမီးမ်ားအားလုံးကိုစားေက်းဇူးကမာၻပါအန္တီ” ဆိုၿပီး ဝန္ထမ္းတစ္ေယာက္ကေတာ့ သူတို႔အလုပ္ရွင္ရဲ႕ ေမတၱာတရားႀကီးမားပုံကို လူမႈကြန္ရက္ေပၚမွာေဖာ္ျပခဲ့ပါတယ္။

စည္ၿဖိဳးတို႔မိသားစုေလးကေတာ့ ခ်စ္ခ်စ္ခင္ခင္နဲ႔ အလုပ္ေတြတက္ညီလက္ညီလုပ္ၾကတဲ့အျပင္ သတၱဝါတိုင္းကို ေမတၱာထားကူညီဖို႔ ႀကိဳးစားေနၾကသူေတြျဖစ္တဲ့အတိုင္း အခုတစ္ေခါက္မွာလည္း အလုပ္ရွင္ေကာင္းတစ္ေယာက္အျဖစ္ ဝန္ထမ္းတစ္ဦးက ေက်းဇူးတင္စကားဆိုကာ မွ်ေဝေပးခဲ့တာေလးကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Source – E Thi, ခ်စ္သမီး
Credit Cele Gabar

UNICODE

အများကောင်းကျိုးဆို လက်မနှေးကူညီတတ်တဲ့ စည်ဖြိုးတို့မိသားစုလေးကတော့ ပရိသတ်တွေလေးစားအားကျနေရတဲ့ မိသားစုလေးပါ။ အလှူကြီးအတန်းကြီးတွေ မကြာခဏပြုလုပ်လေ့ရှိတဲ့အပြင် လက်အောက်ငယ်သားတွေကိုလည်း မိသားစုဝင်တွေကို ဆက်ဆံလေ့ရှိတဲ့ မေတ္တာတရားကြီးမားတဲ့သူတွေပါ။

မကြာသေးခင်က ပြီးသွားခဲ့တဲ့ စည်ဖြိုးဖခင်ရဲ့မွေးနေ့မှာလည်း ဝန်ထမ်းတွေကို ထိုင်းဘတ်ငွေတစ်ထောင်စီ မုန့်ဖိုးပေးခဲ့သေးတာကြောင့် ဝန်ထမ်းတစ်ယောက်ကတော့ ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ “Covid-19 စပြီးရန်ကုန်မြို့ကိုဝင်လာကတည်းက ဝမ်းမနာသားသမီးအားလုံးကို အိမ်ထဲကအိမ်ပြင်မထွက်ခိုင်း အလုပ်မလုပ်ခိုင်းဘဲ အိပ်လိုက်စားလိုက်နဲ့လစာလည်းပေး … ခုမွေးနေရောက်တော့လည်း ဘတ်တစ်ထောင်စီထပ်ပေးတော့ ခလေးတွေအားလုံးဝမ်းသာလို့မဆုံးပါဘူး ကျေးဇူးအလွန်ကြီးမားသောစိတ်ထားအလွန်ပြည့်ဝသော သဘောကောင်းမနောကောင်း စေတနာမေတ္တာ ကရုဏာအရမ်းကြီးမားတဲ့ သူတော်ကောင်းအန်တီသီတို့မိသားစုကို ဝမ်းမနာသားသမီးများအားလုံးကိုစားကျေးဇူးကမ္ဘာပါအန်တီ” ဆိုပြီး ဝန်ထမ်းတစ်ယောက်ကတော့ သူတို့အလုပ်ရှင်ရဲ့ မေတ္တာတရားကြီးမားပုံကို လူမှုကွန်ရက်ပေါ်မှာဖော်ပြခဲ့ပါတယ်။

စည်ဖြိုးတို့မိသားစုလေးကတော့ ချစ်ချစ်ခင်ခင်နဲ့ အလုပ်တွေတက်ညီလက်ညီလုပ်ကြတဲ့အပြင် သတ္တဝါတိုင်းကို မေတ္တာထားကူညီဖို့ ကြိုးစားနေကြသူတွေဖြစ်တဲ့အတိုင်း အခုတစ်ခေါက်မှာလည်း အလုပ်ရှင်ကောင်းတစ်ယောက်အဖြစ် ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကားဆိုကာ မျှဝေပေးခဲ့တာလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Source – E Thi, ချစ်သမီး
Credit Cele Gabar

Leave a Comment