အဆုံးမှာ ဘာကိုမှ ပြောင်းလဲလာခြင်းမရှိတဲ့သူတွေကို ကျောခိုင်းလိုက််တယ်ဆိုတဲ့ မယ်လိုဒီ

သားလေးသိဒ္ဓိစစ်နဲ့အတူ ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ မယ်လိုဒီကတော့ မနေ့ကပဲ စိတ်မကောင်းစရာ အိမ်ထောင်ရေးသတင်းကို ပရိသတ်ကိုမျှဝေခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူနဲ့ တရားဝင်လမ်းခွဲတော့မယ့်အကြောင်းနဲ့ ခြောက်နှစ်ကျော်လက်တွဲလာခဲ့ပြီးနောက်မှာ သူ့အတွက်အဖိုးတန်ပိုင်ဆိုင်စရာဆိုလို့ သားလေး သိဒ္ဓိစစ်ပဲရှိတော့တဲ့အကြောင်း စိတ်မကောင်းစွာ ရေးသားခဲ့ပါတယ်။

ရိုးသားတာလေးကိုမက်လို့ လက်ခံခဲ့ပြီး ရိုးသားတာတွေမရှိတော့တဲ့နေ့ Bye Bye ပဲလို့ ပြောခဲ့ပေမယ့် အကြိမ်ကြိမ်လိမ်ခဲ့တဲ့ အိမ်ထောင်ဖက်ကြောင့် ဆုံးဖြတ်ချက်ပြတ်သားစွာ ချခဲ့ပါတယ်တဲ့။ မယ်လိုဒီကတော့ ဖောက်ပြန်ရင်တောင် နားလည်ပေးနိုင်တဲ့မိန်းမမျိုးဖြစ်ပေမယ့် လိမ်တာကိုတော့ လုံးဝသည်းမခံနိုင်ခဲ့တာမို့ မနေ့တော့ တစ်ယောက်တည်းပဲဘုရင်မ ပြန်ဖြစ်သွားပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့တာပါ။ ဒီနေ့မှာထပ်ပြီးတော့လည်း “ခရီးတစ်ခုကို အဆုံးထိ သွားလိုက်တယ်… နာကျင်မူကိုနက်နက်နဲနဲ နာကျင်စွာခံစားလိုက်တယ်… အဆုံးမှာ ဘာကိုမှ ပြောင်းလဲလာခြင်းမရှိတဲ့သူတွေကို ကျောခိုင်းလိုက်တယ်… ကိုယ်တိုင်ပြောင်းလဲရတာ နေသားကျနေပြီ” ဆိုပြီး သူ့ရင်ထဲက ခံစားချက်တချို့ကို မျှဝေခဲ့ပါတယ်။

ပရိသတ်ကြီးရေ… လူအမျိုးမျိုး စိတ်အထွေထွေ သည်းမခံနိုင်တဲ့အကြောင်းတရားတွေရှိတတ်ကြတဲ့ထဲမှာ ဖြူစင်ရိုးသားမှုကို မြတ်နိုးတဲ့မယ်လိုဒီကတော့ မျှော်လင့်ခဲ့သမျှဆန့်ကျင်ဘက် ဖြစ်ခဲ့ရတဲ့ သူ့ရဲ့အိမ်ထောင်ရေးကို နာကျင်စွာနဲ့ပဲ အဆုံးသတ်လိုက်ပါပြီတဲ့နော်။ လိမ္မာရေးခြားရှိတဲ့ သားလေးသိဒ္ဓိစစ်နဲ့အတူ ဘဝကို ကိုယ့်စိတ်တိုင်းကျ ဘုရင်မတစ်ပါးလို ဖြတ်သန်းသွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် မယ်လိုဒီရေ..

credit-cele gabar

Leave a Comment