ကင်ဆာရောဂါနဲ့ ဆုံးပါးသွားတဲ့ မိခင်ဖြစ်သူအတွက် ဝမ်းနည်းနေတဲ့ ကျော်ဇင်ထွဋ်

ကျော်ဇင်ထွဋ်ကတော့ ဗီလိန်ဇာတ်ရုပ်တွေနဲ့ အမုန်းခံပြီး ဇာတ်ပို့တစ်ယောက်ရဲ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရင်း အနုပညာခရီးကို လျှောက်လှမ်းနေသူတစ်ယောက်ပါ။ မနေ့ကနေ့လည်(၂)နာရီမှာတော့ ကျော်ဇင်ထွဋ်ရဲ့မိခင်ဖြစ်သူ ကင်ဆာရောဂါနဲ့ ဆုံးပါးသွားခဲ့ပြီဖြစ်ကြောင်း ပရိသတ်ကိုစိတ်မကောင်းစွာ မျှဝေခဲ့ပါတယ်။

ကင်ဆာရောဂါနဲ့ ဆုံးပါးသွားတဲ့မိခင်ကြီးကို နေ့မကူးဘဲ အသုဘချဖို့ဆောင်ရွက်ခဲ့ပြီး လိုအပ်နေတဲ့အကူညီပေးသူတွေနဲ့ မိခင်ရဲ့နောက်ဆုံးခရီးလိုက်ပါပို့ဆောင်ပေးခဲ့သူတွေကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ ” (9.6.2020) နေ့လည်(၂)နာရီအချိန်တွင် မေမေဒေါ်မြင့်မြတ်အေး အသက်(၇၄)နှစ်သည် ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားပါ၍ အမေ့ နောက်ဆုံးခရီးစဉ်ကို လိုက်ပို့ပေးခဲ့ကြတဲ့အမေ့ရဲ့ ဆွေမျိုးညီအကိုမောင်နှမများ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းသတင်းပို့ပါသည်…..100%ကျော်ဇင်ထွဋ်ရဲ့မေမေ ကောင်းရာသုဂတိလားပါစေ ” ဆိုပြီး ဝမ်းနည်းစွာနဲ့ ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

ကျော်ဇင်ထွဋ်ရဲ့ မိခင် နောက်ဆုံးခရီးကိုတော့ ဦးကျော်သူနာရေးကူညီမှုအသင်းကြီးရဲ့ အကူညီနဲ့အတူ မင်းသားထွန်းကိုကိုဦးဆောင်ပြီး ရေဝေးသုဿန်မှာ ပို့ဆောင် သဂြိုလ်ခဲ့ပါတယ်။ မိခင်ဖြစ်သူ ဆုံးပါးသွားမှုကြောင့် ဝမ်းနည်းနေတဲ့ ကျော်ဇင်ထွဋ်အတွက် အားပေးစကားပြောခဲ့ပါဦးနော်။

credit-cele gabar

Leave a Comment