ခင်ပွန်းဖြစ်သူနဲ့ လမ်းခွဲပြတ်စဲလိုက်ပြီဖြစ်ကြောင်း ပြောပြလာတဲ့ သရုပ်ဆောင်မယ်လိုဒီ

ပရိသတ်ကြီးရေ ချစ်စရာသားလေး သိဒ္ဓိစစ်ကို ပိုင်ဆိုင်ထားတဲ့ မယ်လိုဒီကတော့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးတစ်ခုကို ပိုင်ဆိုင်ထားတယ်လို့ အားလုံးကထင်ခဲ့ကြပေမယ့် သူမရဲ့တကယ့်ဘဝအမှန်ကို ပရိသတ်တွေကို ဖွင့်ချပြလိုက်ပါပြီ ။ ဘဝရဲ့အပြောင်းအလဲအတွက် အကြိမ်ကြိမ်စဉ်းစား ပြီးမှသေချာတဲ့ ဆုံးဖြတ်ချက်ကိုချခဲ့တာလို့လည်း မယ်လိုဒီက ပရိသတ်တွေကို အသိပေးခဲ့ပါတယ် ။ သူမဘဝကို အားကျတယ်လို့ပြောခဲ့တဲ့သူတွေကိုလည်း အိမ်မှာကျွန်မနေရာမှာ တပတ်လောက်နေကြည့်ပါလို့ ရေးသားထားပါသေးတယ် ။

ခုချိန်မှာ သားရဲ့အနာဂတ်အတွက် ပညာအမွေ ဥစ္စာအမွေ ပေးနိုင်တဲ့ အမေ ဖြစ်ဖို့ဘဲ ကြိုးစားပါတယ်ဘဝလမ်းမှာ တစ်ယောက်တည်းပြေးရတာ ပိုအဆင်ပြေပါတယ်နှစ်ယောက်ဆို ကျွန်မ ကျောမပိုးနိုင်ဘူးလေသိက္ခာအရ ပတ်ဝန်းကျင်အနေအထားရ ကျောပိုးနိုင်လဲ ၅နှစ်ပေါ့တသက်လုံး ပင်ပင်ပမ်းပမ်းရှာထားသမျှ ၅နှစ်ကျော်အတွင်း သဲထဲရေသွန်သလို ခြေထောက်ကိုဒူးဆစ်က ဖြတ်ချိုးလိုက်သလို ဘဝက လူမသေ စိတ်တွေ အကြိမ်ကြိမ်သေခဲ့ရတာပါ လိမ်ခြင်းကိုမုန်းတယ် မလိမ်ပါနဲ့လို့ ပြောခဲ့တဲ့သူလိမ်တာကို ကြောက်ပါတယ်လို့ပြောမိလို့လား မသိ အကြိမ်ကြိမ်အလိမ်ခံရတယ် ရိုးရှင်းပါတယ် ကိုယ့်ဘဝကိုကြောင်း ကိုယ့်ထမင်းကိုယ်ရှာစားပြီး အိမ်ခြေမဲ့ အနေအထားပျက် အကြိမ်ကြိမ်အလိမ်ခံရတာတောင် ၅နှစ်ကျော် အပြုံးမပျက် တည်ငြိမ်သူ မေမေမျိုးအဖြစ် ဘဝရဲ့ဇာတ်ခုံမှာ ကိုယ့်စရိတ်ကိုယ်စား ကံကောင်းသောသူလား တိတ်တဆိတ်နေခဲ့တာပါ

ပိုက်ဆံလေးနည်းနည်းရလဲမဆိုးပါဘူးဆိုပြီး အတင်းလိုက်ပက်သတ်နေတဲ့ မိန်းမစားထဲမှာလဲ ကျွန်မ မပါဘူး အမ်းပြီး ချစ်ရတာ မရှက်ပါဘူးချူပြီး မှီပြီး လိမ်စားနေတာမှမဟုတ်တာ ငါးစိမ်းမြင်ငါးကင်ပစ်တာမဟုတ်ပါဘူး ငါးမြင်တာနဲ့တင် အမ်းရတော့မှာပါလားဆိုပြီးကြောက်နေပါပြီကြိုးစားစုပြီး အမ်းနိုင်တဲ့နေ့ သူငယ်ထောင်ဦးမှာပါ ချစ်သာသူများ အကုသိုလ်အတွေး အရေး အကြား ကင်းစေဖို့ တိတ်တဆိတ်နေနေခဲ့တာပါ ရိုးသားတာလေးကိုတပ်မက်ခဲ့တာလေ ရိုးသားတာလေး မရှိတဲ့နေ့ bye bye ဘဲလို့ အစကတည်းကအကြိမ်ကြိမ်သတိပေးခဲ့တာဘဲ ကိုယ့်ဘဝမှာဖြူစင်ခြင်းအားနည်းခဲ့လို့ တကူးတကဖြူတာရှာထားပါတယ်ဆိုမှ လိမ်ခြင်းကရင်ဝကို စုံကန်တော့တာဘဲ လို့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားဖော်ပြခဲ့တာပဲဖြစ်ပါတယ် ။

ဒီနေ့မှာတော့ သူမရဲ့ ဖေ့ဘုတ်စ် စာမျက်နှာကနေတဆင့် တစ်ယောက်ထဲပြန်ဖြစ်သွားပြီဆိုတဲ့အကြောင်းကို တရားဝင်ပြောပြလာခဲ့တာဖြစ်ပါတယ် ။ ၆နှစ်ကျော် ကြိုးစားခဲ့လို့ သိပ်ချောတဲ့သားလေးတစ်ယောက်တော့ ဘုရားကဆုလက်ဆောင်အဖြစ်ပေးလိုက် သလို ဆုံးရှုံးမူတွေများပေမယ့် မိတ်ဆွေ အဖြစ်တော့ တည်ရှိနေသေးတယ်လို့သိရပါတယ် ။ ဖောက်ပြန်တာမျိုးမဟုတ်သလို ဖောက်ပြန်ရင်တောင် နားလည်ပေးနိုင်တယ် တယောက်နဲ့တယောက် သည်းခံနိုင်တဲ့အကြောင်းတရားခြင်းမတူဘူးလို့ လည်း သူမတို့ရဲ့ ဆက်ဆံရေးအခြေနေကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့တာပဲဖြစ်ပါတယ် ။

Credit-Cele Gabar

Leave a Comment