ပြဿနာတွေကင်းရှင်းသွားပြီမို့ သူမရဲ့ဂုဏ်သိက္ခာညှိုးနွမ်းစေမယ့် comment တွေထပ်ပြီးမရေးကြဖို့ မေတ္တာရပ်ခံလိုက်တဲ့ သံစဉ်မောင်

ရုပ်ရှင်သရုပ်ဆောင်နေဒွေးနဲ့ သံစဉ်မောင်တို့ရဲ့ (၂၀၂၀)ခုနှစ် နှစ်စပိုင်းလောက်မှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေကိုတော့ ပရိသတ်တွေလည်း သိရှိပြီးဖြစ်မှာပါ။ တရားစွဲဆိုပြီး အမှုအခင်းဖြစ်ပွားတဲ့အထိ ပြဿနာကကြီးကျယ်ခဲ့ပေမယ့် မနေ့ကတော့ ဆရာဂျွန်လွင်ရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုနဲ့အတူ ပြန်ပြီး ပြေလည်သွားခဲ့ပြီလို့ ဆိုရမှာပါ။ ဒါပေမယ့် ဒီနေ့မှာတော့ သံစဉ်မောင်က သူ့ဘက်က အစိုင်အခဲတွေကို ဆရာ့မျက်နှာကြောင့် သင်ပုန်းချေပေးခဲ့ပေမယ့် အခုချိန်ထိအသရေဖျက်နေသေးတဲ့ ကွန်မန့်ရေးသားသူတချို့ကို ထပ်ပြီးမရေးကြတော့ဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

“မနေ့က လုပ်ဖြစ်တဲ့ တွေ့ဆုံညှိနှိုင်းပွဲလေးအကြောင်းနဲ့ပတ်သက်လို့ အသိပေး သတိပေးချင်တာလေးတွေ ရှိပါတယ်… တကယ်တော့ မနေ့က တွေ့ဆုံညှိနှိုင်းတယ် ဆိုတာက ဆရာဂျွန်လွင်သည် ကိုယ့်ရဲ့ ဆရာသမားဖြစ်တာတစ်ကြောင်း ကိုယ်လေးစားရိုသေရတဲ့ ဆရာသမားဖြစ်တာ တစ်ကြောင်းကြောင့် လက်ခံတွေ့ဆုံဖြစ်ခဲ့တာပါ… အဲ့တွေ့ဆုံမှုအပေါ်မှာ အမှုနဲ့မသက်ဆိုင်ပေမယ့် ကျွန်မဘက်မှ တွေ့ဆုံမှုအပေါ် လူအချင်းချင်း ဘာအငြိုး ဘာအာဃာတ တရားမှ မရှိတော့လို့ခွင့်လွှတ်ပေးတယ်ဆိုတာမျိုး အသိပေးချင်တာပါ… သူ့ဘက်က လည်း အမှားတွေကို တရားဝင်ဝန်ခံတောင်းပန်ခဲ့တဲ့ အတွက် ဆရာ့မျက်နှာ နဲ့ ကျွန်မ ရင်ထဲ က အစိုင်အခဲတွေကို ကျေအေးပေးခဲ့ခြင်းပါ…

အခုလို ကျေအေးပေးခြင်းဆိုတဲ့ စကားရဲ့နောက်မှာ ဆက်လက်ပြီး ကျွန်မတို့နှစ်ယောက်ရဲ့ ကင်းရှင်းတဲ့ အခြေအနေတစ်ခုအပေါ် ကျွန်မရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းစေတဲ့ comment တွေ ထပ်ထပ် ဖြစ်နေတာ တွေ့နေရပါတယ်.. မိန်းမသားတစ်ယောက်အနေနဲ့ အမှန်တရားတစ်ခုလက်ကိုင်ထားပီး ဒီအချိန်ထိ အားတင်းရင်ဆိုင်နေရတာပါ… ဒါကြောင့် စာနာပေးကြဖို့နဲ့ ဒီလိုမျိုး ထပ်မလုပ်ကြဖို့ကို အနူးအညွတ်မေတ္တာရပ်ခံပါတယ် ကျွန်မရဲ့ အမှန်တရားကိုလည်း အားလုံး သိရှိနားလည်ကြပြီး ဖြစ်မှာပါ comment တွေ ဖတ်ပီး ကျနေတဲ့ အမေ့မျက်ရည်ကို တကယ်ခံနိုင်ရည်မရှိတော့လို့ပါ” ဆိုပြီး ရင်ထဲက ခံစားချက်တွေကို မျှဝေခဲ့ပါတယ်။ ပရိသတ်ကြီးရေ.. အခုချိန်မှာ သူတို့အချင်းချင်းမေတ္တာတရားနဲ့ ကျေအေးလိုက်ကြပြီမို့ တစ်ယောက်ကိုတစ်ယောက် ထိခိုက်မယ့်မှတ်ချက်တွေ မရေးကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Credit-Cele Gabar

Leave a Comment