မကြာခင်မှာကျရောက်တော့မယ့် သူမရဲ့မွေးနေ့မှာ ပရိသတ်တွေကို သီချင်းလေးတစ်ပုဒ်လက်ဆောင်ပေးသွားမယ့်အကြောင်း ပြောလာတဲ့ မိစန္ဒီ

ပရိသတ်ကြီးရေ လာမယ့် ဇွန်လ(၁၂)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော်မလေး မိန္ဒီရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။မိစန္ဒီကတော့ သူ့ရဲ့ မွေးနေ့လေးမှာ သူ့ရဲ့ ပရိသတ်တွေအတွက်ကို သီချင်းလေးတစ်ပုဒ်လက်ဆောင်ပေးသွားဖို့ရှိတဲ့ အကြောင်းကို ဒီနေ့မှာ လူမှုကွန်ရက်စာမျက်နှာကနေ အခုလိုပဲ အသိပေးလာခဲ့ပါတယ်။

“အသက်တစ်နှစ်ထပ်ကြီးရန် (၃)ရက် အလို။ မိစန္ဒီ မွေးနေ့ ဇွန်(၁၂)ရက် မှာ ပရိတ်သတ်ကြီးကို နောက်ထပ် သီချင်းလက်ဆောင်လေး တစ်ပုဒ်ပေးဖို့ရှိပါတယ်။ အဲ့ဒီသီချင်းလေးက နားထောင်ရင် ပြုံးသွားစေမှာတော့ အသေအချာပါ။ ဝမ်းနည်းတတ်သူတွေလည်း ဝမ်းနည်းချင် ဝမ်းနည်းမိမှာပေါ့။ ဈေးဗန်းခင်းချင်သူတွေအတွက်လည်း ok ပါတယ်။ အသဲကွဲပြီး feel ချင်လည်း ရပါတယ်။ သီချင်းက ငိုရမလို ရယ်ရမလိုနဲ့ ဆိုတဲ့ အဆိုတော် လိုပဲ ပေါတောတောလေး။”ဆိုပြီး ဖော်ပြလာခဲ့တာပါ။

ပရိသတ်ကြီးရေ မိစန္ဒီကတော့ ပရိသတ်တွေကိုပေးမယ့် မွေးနေ့လက်ဆောင် သီချင်းလေးရဲ့ နာမည်ကိုတော့ မနက်ဖြန်မှာပြောပြပါမယ်တဲ့။ပရိသတ်ကြီးတွေရော မိန္ဒီရဲ့ မွေးနေ့လက်ဆောင်ပေးမယ့် သီချင်းလေးကို နားဆင်ချင်နေကြမယ်ထင်ပါတယ်။ သီချင်းလေးထွက်လာရင်အားပေးကြပါဦး ပရိသတ်ကြီးရေ။

Credit-Cele Gabar

Leave a Comment