အိမ့်ချစ်တို့ဇနီးမောင်နှံအတွက် ဂုဏ်ပြုစကားဆိုရင်းနဲ့ ချစ်သူကောင်မလေးကို ကိုဗစ်မပြီးခင် လက်မှတ်လေးအရင်ထိုးထားဖို့ ခွင့်တောင်းလိုက်တဲ့ နိုင်းဝမ်း

ပရိသတ်ကြီးရေ Rapper အဆိုတော်တစ်ဦးဖြစ်တဲ့ နိုင်းဝမ်းကတော့ အောင်မြင်မှုများစွာရရှိထားတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။နိုင်းဝမ်းကတော့ သူ့ရဲ့ခံစားချက်တွေသီဆိုထားတဲ့အမိုက်စားသီချင်းတွေကြောင့် လူငယ်ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုအခိုင်အမာရရှိခဲ့သူဆိုလဲ မမှားပါဘူးနော်။

ဒါ့အပြင် နိုင်းဝမ်းကတော့ မတူညီတဲ့ပုံစံတွေနဲ့ ပရိသတ်ရဲ့အကြိုက်နဲ့ထပ်တူကျမယ့်သီချင်းတွေကို ကြိုးစားဖန်တီးနေသူတစ်ဦးလဲဖြစ်ပါတယ်။နိုင်းဝမ်းကတော့ အချစ်ရေးနဲ့ပတ်သက်ရင်လည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းချပြထားတဲ့ အနုပညာရှင်တစ်ဦးပါ။အခုဆိုရင်တော့ နိုင်းဝမ်းက မကြာသေးခင်က လက်မှတ်ရေးထိုးပြီး အိမ်ထောင်ပြုသွားပြီဖြစ်တဲ့ အိမ်ချစ်တို့ဇနီးမောင်နှံအတွက် ဂုဏ်ပြုစကားဆိုရင်းချစ်သူကောင်မလေးကိုလည်း လက်မှတ်ထိုးဖို့ ခွင့်တောင်းထားပါတယ်။

နိုင်းဝမ်းကတော့ “ ပြောတော့ဖြစ် “ကိုကြီးမင်္ဂလာဆောင်ပွဲကြရင် ညီမလေးကို ပန်းပေးကြဲမှာလား၊ အရံပေးလုပ်မှာလား”တဲ့🙄🙄🙄အခုကြတော့သူကယောက်ျားအရင်ယူသွားတဲ့ညီမ😳😳😳အချစ်စစ်အချစ်မှန်နဲ့တွေ့သွားပြီး ကိုကြီးတို့အတွက်ပါ ချစ်စရာကောင်းတဲ့ညီလေးအသစ်တစ်ယောက်ထပ်ရလိုက်လို့လဲ အရမ်းဝမ်းသာဂုဏ်ယူမိပါတယ်ချစ်ညီမရေ💝💝💝ကဲ သဲသဲလေးရေကိုယ်တို့လဲ ကိုဗစ်မပြီးခင် လက်မှတ်လေးအရင်ထိုးထားကြရအောင်လား ”ဆိုပြီး ပြောထားတာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ..။

Source-Kyaw Zin Latt

Leave a Comment