တည်ငြိမ်သူတစ်ယောက်ဖြစ်ပေမယ့် ကြော်ငြာတွေမှာတော့ အမြူးကြွဆုံးကခုန်သရုပ်ဆောင်ခဲ့ရတာတွေကို ဗွီဒီယိုလေးနဲ့ဖော်ပြလိုက်တဲ့ နေတိုး

ရခိုင်တိုင်းရင်းသားလေးနေတိုးကတော့ မြန်မာနိုင်ငံမှာ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေသိမ်းပိုက်ထားတဲ့ အနုပညာရှင်တစ်ယောက်ပါ။ အကြမ်းအရမ်း၊ အလွမ်း၊ ဟာသ ကျရာဇာတ်ရုပ်တိုင်းကို အံ့ဝင်ဂွင်ကျဖြစ်အောင် သရုပ်ဆောင်နိုင်သူတစ်ယောက်အဖြစ် အနုပညာမှတ်တိုင်အနေနဲ့လည်း အကယ်ဒမီဆုကြီးသုံးခုကို ဆွတ်ခူးထားသူတစ်ယောက်ပါ။

ဆေးစက်ကျရာအရုပ်ထင်တတ်သူနေတိုးကတော့ ရုပ်ရှင်တွေထဲမှာ ကာရိုက်တာအမျိုးမျိုးနဲ့မြင်နေရသူပေမယ့် တကယ့်လူမှုဘဝမှာတော့ အနေရိုးသူတစ်ယောက်ဖြစ်တဲ့အပြင် အေးဆေးတည်ငြိမ်လွန်းတဲ့စကားပြောဟန်နဲ့ ရင့်ကျက်တည်ငြိမ်သူတစ်ယောက်ပါ။ နေတိုးကတော့ ဒီနေ့မှာ သူတို့အနုပညာရှင်တွေရဲ့ဘဝနဲ့ပက်သက်ပြီး “တည်ငြိမ်သူလို့ပြောကြပေမဲ့ TV commercial များနဲ့တွေ့သောအခါ” ဆိုပြီး ရေးသားကာ တီဗွီကြော်ငြာတွေမှာ အမြူးကြွဆုံးကခုန်သရုပ်ဆောင်ထားရတဲ့ ဗွီဒီယိုလေးကို မျှဝေခဲ့ပါတယ်။

ပရိသတ်ကြီးရေ ဒါကြောင့်မို့လည်း အနုပညာရှင်တစ်ယောက်ဖြစ်ဖို့ဆိုတာ မလွယ်တာ အမှန်ပါပဲနော်။ ဇာတ်ကောင်တိုင်းကို နှလုံးသားနဲ့လိုက်ပါစီးမျောခံစားပြီး ဆေးစက်ကျရာအရုပ်ထင်ဖို့ကြိုးစားနေတဲ့ နေတိုးကတော့ သူကိုယ်တိုင်အပြင်မှာ တည်ငြိမ်သူတစ်ယောက်ဖြစ်ပေမယ့် TV Commercial ကြော်ငြာတွေမှာတော့ ဘယ်လိုတွေတောင် ဒွန့်ခဲ့ရသလဲ ဖော်ပြထားတဲ့ဗွီဒီယိုလေးကို ပရိသတ်တွေကို အူတက်စေမှာ အမှန်ပဲမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Credit-Cele Gabar

Leave a Comment