မႏၲေလးၿမိဳ႕ကစာေပပညာရွင္နဲ႔ သဘင္သည္ေတြအတြက္ ရိကၡာစုစုေပါင္း သိန္း(၂၀)ဖိုးလႉဒါန္းေပးခဲ့တဲ့ ေဒါင္း

စာေပနဲ႔ အႏုပညာကိုခ်စ္ခင္တန္ဖိုးထားတတ္တဲ့ မင္းသားေခ်ာေဒါင္းကေတာ့ မႏၲေလးၿမိဳ႕က စာေပပညာရွင္ေတြနဲ႔ သဘင္သည္ေတြအတြက္ စားေသာက္ကုန္ရိကၡာေတြလႉဒါန္းေပးခဲ့ပါတယ္။ သူကေတာ့ ျမန္မာႏိုင္ငံမွာ Covid-19 စျဖစ္ကတည္းက လိုအပ္ေနတဲ့ေနရာေတြကို ကူညီဖို႔လက္မေႏွးခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ပါ။

ရန္ကုန္ကေလးေဆး႐ုံႀကီးမွာ လိုအပ္တဲ့စက္ပစၥည္း(၁၆၅) သိန္းဖိုးအျပင္ မႏၲေလးၿမိဳ႕ေန အေျခခံလူတန္းစားေတြအတြက္လည္း ဆက္တိုက္ကူညီလ်က္ရွိပါတယ္။ ဒါ့အျပင္ ျမန္မာစာေပအႏုပညာကို ခ်စ္ျမတ္ႏိုးသူတစ္ေယာက္မို႔ မၾကာေသးခင္ကပဲ မႏၲေလးမွာေနထိုင္တဲ့ စာေပပညာရွင္ေတြအတြက္ အေျခခံစားေသာက္ကုန္ေတြ လႉဒါန္းေပးခဲ့ၿပီး ဒီေန႔မွာလည္းထပ္မံၿပီးေတာ့ မႏၲေလးၿမိဳ႕က စာေရးဆရာ၊ကဗ်ာဆရာ၊သတင္းစာဆရာ၊ပန္းခ်ီဆရာ၊ဂီတမႉး၊လူ႐ြင္ေတာ္၊အၿငိမ့္မင္းသမီး၊ကာတြန္းဆရာ စုစုေပါင္း (၃၈) ဦး ထဲကမွ (၈) ဦးကို က်ပ္ (၁၀၀၀၀၀) စီ နဲ႔ (၃၀) ဦးကို ေနသူရိန္ပဲဆီသန႔္( ၅) ပိႆာစီ စုစုေပါင္းေငြက်ပ္သိန္း(၂၀) ဖိုး လႉဒါန္းေပးခဲ့ျပန္ပါတယ္ ပရိသတ္ႀကီးေရ…

ေဒါင္းကေတာ့ လတ္တေလာမွာလည္း အိမ္မွာေနရင္းပ်င္းေနမယ့္ ပရိသတ္ႀကီးအတြက္ ရသစာေပေတြကို ဖတ္ျပကာ ပရိသတ္ေတြပါ စာေပေတြကို ခ်စ္ျမတ္ႏိုးလာေအာင္ အစီအစဥ္ေလးတစ္ခုအေနနဲ႔ ျပဳလုပ္ေနပါတယ္။ စာေပေတြသာမက စာေပပညာရွင္ေတြကိုလည္း ေလးစားတန္ဖိုးထားတတ္လြန္းတဲ့ ေဒါင္းရဲ႕စိတ္ဓာတ္ကေတာ့ ေလးစားစရာပဲမို႔ သူ႔ရဲ႕အလႉေလးကို ျပန္လည္မွ်ေဝေဖာ္ျပလိုက္ပါတယ္ေနာ္။

Source – San Yu Kyaw
Credit – Cele Gabar

UNICODE

စာပေနဲ့ အနုပညာကိုချစ်ခင်တန်ဖိုးထားတတ်တဲ့ မင်းသားချောဒေါင်းကတော့ မန္တလေးမြို့က စာပေပညာရှင်တွေနဲ့ သဘင်သည်တွေအတွက် စားသောက်ကုန်ရိက္ခာတွေလှူဒါန်းပေးခဲ့ပါတယ်။ သူကတော့ မြန်မာနိုင်ငံမှာ Covid-19 စဖြစ်ကတည်းက လိုအပ်နေတဲ့နေရာတွေကို ကူညီဖို့လက်မနှေးခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပါ။

ရန်ကုန်ကလေးဆေးရုံကြီးမှာ လိုအပ်တဲ့စက်ပစ္စည်း(၁၆၅) သိန်းဖိုးအပြင် မန္တလေးမြို့နေ အခြေခံလူတန်းစားတွေအတွက်လည်း ဆက်တိုက်ကူညီလျက်ရှိပါတယ်။ ဒါ့အပြင် မြန်မာစာပေအနုပညာကို ချစ်မြတ်နိုးသူတစ်ယောက်မို့ မကြာသေးခင်ကပဲ မန္တလေးမှာနေထိုင်တဲ့ စာပေပညာရှင်တွေအတွက် အခြေခံစားသောက်ကုန်တွေ လှူဒါန်းပေးခဲ့ပြီး ဒီနေ့မှာလည်းထပ်မံပြီးတော့ မန္တလေးမြို့က စာရေးဆရာ၊ကဗျာဆရာ၊သတင်းစာဆရာ၊ပန်းချီဆရာ၊ဂီတမှူး၊လူရွင်တော်၊အငြိမ့်မင်းသမီး၊ကာတွန်းဆရာ စုစုပေါင်း (၃၈) ဦး ထဲကမှ (၈) ဦးကို ကျပ် (၁၀၀၀၀၀) စီ နဲ့ (၃၀) ဦးကို နေသူရိန်ပဲဆီသန့်( ၅) ပိဿာစီ စုစုပေါင်းငွေကျပ်သိန်း(၂၀) ဖိုး လှူဒါန်းပေးခဲ့ပြန်ပါတယ် ပရိသတ်ကြီးရေ…

ဒေါင်းကတော့ လတ်တလောမှာလည်း အိမ်မှာနေရင်းပျင်းနေမယ့် ပရိသတ်ကြီးအတွက် ရသစာပေတွေကို ဖတ်ပြကာ ပရိသတ်တွေပါ စာပေတွေကို ချစ်မြတ်နိုးလာအောင် အစီအစဉ်လေးတစ်ခုအနေနဲ့ ပြုလုပ်နေပါတယ်။ စာပေတွေသာမက စာပေပညာရှင်တွေကိုလည်း လေးစားတန်ဖိုးထားတတ်လွန်းတဲ့ ဒေါင်းရဲ့စိတ်ဓာတ်ကတော့ လေးစားစရာပဲမို့ သူ့ရဲ့အလှူလေးကို ပြန်လည်မျှဝေဖော်ပြလိုက်ပါတယ်နော်။

Source – San Yu Kyaw
Credit – Cele Gabar

Leave a Comment