ဒီနေ့မှာ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ Stunts စတူဒီယိုတစ်ခုကိုဖွင့်လှစ်ခဲ့တဲ့ အက်ရှင်မင်းသား နေထူးနိုင်

ပရိသတ်တွေရဲ့ အချစ်တော် အက်ရှင်မင်းသား နေထူးနိုင်ကတော့ ဒီနေက ဇွန်လ (၉)ရက်နေ့မှာ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ Stunts စတူဒီယိုတစ်ခုကို ဖွင့်လှစ်လိုက်ပါတယ်။ နေထူးနိုင်ကတော့ ကိုယ်တိုင်ကလည်း အက်ရှင်မင်းသားလို့ တင်စားခေါ်ခေါ်ရလောက်အောင် အက်ရှင်ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ သူတစ်ယောက်ပါ။

စတူဒီယိုရဲ့ နာမည်ကိုတော့ “TARGET”လို့ အမည်ပေးထားပြီး Wire Rigging Stunts အသုံးပြုပြီး Green screen ရိုက်ကူးမှုများ ပြုလုပ်နိုင်ခြင်း၊ ရုပ်ရှင်အတတ်ပညာနှင့် တွဲဖက်သော ကိုယ်လုံပညာများသင်ကြားလေ့ကျင့်နိုင်ခြင်း၊ Stunt ပညာရပ်များ၏အခြေခံ Acrobatics ပညာရပ်အား စနစ်တကျ အန္တရာယ်ကင်းစွာ လေ့ကျင့်သင်ကြားနိုင်ခြင်း၊ Action movie များရိုက်ကူးရာတွင် မဖြစ်မနေပြုလုပ်ရသော Preproduction ကာလ Fighting Choreography များ ဖန်တီးလေ့ကျင့်မှုအတွက် အကောင်းဆုံ ဝန်ဆောင်မှုပေးခြင်း၊ ကျွမ်းကျင်သော အကောင်းဆုံး Stuntman များငှားရမ်းပေးခြင်း၊ ရိုက်ကူးရေးများအတွက် လိုအပ်သော လက်နက်များ ငှားရမ်း /ရောင်းချ ပေးခြင်းနှင့် Props များ အမြန်ဆုံးပြုလုပ်ပေးခြင်း၊ Wire Stunt များ Outdoor & Indoor ဝန်ဆောင်မှုပေးခြင်း၊ Dancing coach များ ထားရှိပေးခြင်းစတဲ့ ဝန်ဆောင်မှုတွေကိုပေးသွားမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။

ပရိတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် အက်ရှင်မင်းသားဖြစ်တဲ့ နေထူးနိုင်ကတော့ Target Stunts ရဲ့ မိတ်ဖက်အဖွဲ့အစည်းဖြစ်သော ကြယ်တံခွန် Entertainment ကနေလည်း (၆) လတစ်ကြိမ် သရုပ်ဆောင်သင်တန်းများ ခေါ်ယူ၍ မျိုးဆက်သစ် သရုပ်ဆောင်လူငယ်များ မွေးထုတ်ပေးသွားဖို့လည်း ရှိပါသေးတယ်တဲ့။

Credit-Cele Gabar

Leave a Comment