အရမ်းစိတ်နာရပြီး မုန်းရတဲ့သူတစ်ယောက်ဆိုရင်တောင် အဲ့လူကို မသေစေချင်တဲ့အကြောင်း ပြောလာတဲ့ မုဏ်း

မင်းသမီးချောလေးမုဏ်းကိုတော့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့အတူ ပရိသတ်တွေသတိထားမိကြမှာပါ။ အဆိပ်သွေး ဇာတ်လမ်းတွဲနဲ့ လိပ်ပြာနှောင်ကြိုး စတဲ့ဇာတ်လမ်းတွဲတွေမှာ အဓိကဇာတ်ဆောင်အနေနဲ့လည်း ပါဝင်ခဲ့တာဖြစ်ပြီး ပရိသတ်အခိုင်အမာရထားတဲ့မင်းသမီးတစ်လက်လို့ ဆိုရမှာပါ။

စိတ်ထားနူးညံ့တဲ့ မင်းသမီးချောလေးကတော့ သူ့ရဲ့ခံစားချက်ကို ငါ မုန်းရတဲ့သူ အရမ်းစိတ်နာရတဲ့သူ တစ်ယောက်ဆိုရင်တောင် ငါ အဲ့လူကို မသေစေချင်ဘူး။ ငါ အဲ့လူ အသက်ရှင်ဖို့ အစွမ်းကုန် ရအောင် ကြိုးစားမှာ။ ဘယ်သူ့ကြောင့်ပဲ ဖြစ်နေပါစေ… ငါ့ရှေ့မှာတော့ ဘယ်သူမှ မသေစေရဘူး။ဘယ်အကြောင်းအရာနဲ့မှ ကိုယ့်ကိုယ်ကို သတ်သေဖို့မလုပ်ကြပါနဲ့နော်။လာပြောပါ။ ရင်ဖွင့်ပါ။ ဘာမှ မလုပ်ပေးနိုင်ရင်တောင် နားထောင်ပေးနိုင်ပါတယ်။

အတူတူငိုပေးပါ့မယ်။ေ ကျးဇူးပြု၍ ကိုယ့်ကိုယ်ကို သတ်မသေကြပါနဲ့။ ဆိုပြီးတော့ ရေးသားထားတာပါ။ဒီရက်ပိုင်းမှာတော့ ကိုယ့်ကိုကိုယ် ကြိုးဆွဲချသေသွားတဲ့သူတစ်ယောက်ရဲ့အပြုအမူကြောင့် လူပြောများနေတာပါ။ စိတ်ထိခိုက်ခံစားရင်အခြားသူတွေကိုရင်ဖွင့်တာမျိုးဖြစ်ဖြစ် စိတ်ထွက်ပေါက်ပေးဖို့က အရေးကြီးပါတယ်။ ကိုယ့်ကိုကိုယ်သတ်သေတဲ့အထိဖြစ်ကြတာကတော့ တကယ့်ကိုစိတ်မကောင်းစရာပါပဲနော်…

Credit-Cele Gabar

Leave a Comment