ပရိသတ်တွေရဲ့အကြိုက်နဲ့ ထပ်တူကျခဲ့တဲ့ အိုင်ရင်းဇင်မာမြင့်ရဲ့ “မုန်းခဲ့သည်” သီချင်း (MTV)လေး

ပရိသတ်ကြီးရေ ဒီနေ့ ဇွန်လ (၉)ရက်နေ့လေးမှာတော့ ပရိသတ်တွေရဲ့ အချစ်တော် အိုင်ရင်းဇင်မာမြင့်ရဲ့ “မုန်းခဲ့သည်” သီချင်း MTV လေးထွက်ရှိလာခဲ့ပါတယ်။ အိုင်ရင်းဇင်မာမြင့်ရဲ့ “မုန်းခဲ့သည်” သီချင်းလေးကတော့ ထွက်ရှိလာကတည်းက ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျတဲ့ အသည်းကွဲသီချင်းလေးတစ်ပုဒ်လည်း ဖြစ်ခဲ့ပါသေးတယ်။

ဒီနေ့မှာတော့ ထွက်ရှိလာတဲ့ MTV လေးရဲ့ သရုပ်ဆောင်မှုတွေကတော့ ဒီအသည်းကွဲ သီချင်းလေးရဲ့ ခံစားမှုကို ပိုမိုမြင့်တက်သွားစေခဲ့ပါတယ်။ ဒီသီချင်းလေးမှာတော့ အိုင်ရင်းဇင်မာမြင့်ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားပြီး သရုပ်ဆေင် မင်းသားချော ချမ်းမင်းရဲ့ထွဋ်နဲ့ မိုးသင်ဇာတို့ကလည်း အိုင်ရင်းဇင်မာမြင့်နဲ့အတူ အတွဲညီညီသရုပ်ဆောင်ထားပါတယ်။

သီချင်းလေးထွက်ရှိလာကတည်းက ပရိသတ်တွေအကြိုက်နဲ့ ထပ်တူကျခဲ့သလို အခု သီချင်း MTVလေးကလည်း ပရိသတ်တွေ သဘောကျနှစ်သက်ကျမှာကတော့ အသေအချာပါပဲ။ ပရိသတ်ကြီးတွေလည်း အိုင်ရင်းဇင်မာမြင့်ရဲ့ “မုန်းခဲ့သည်”သီချင်း MTV လေးကို ကြည့်ရှုခံစားလို့ရအောင် မျှဝေဖော်ပြပေးလိုက်ပါတယ်။

Credit– CeleGabar

Leave a Comment