သူမသားသမီးလေးတွေရဲ့ ဝေယျာဝစ္စတွေကို အစအဆုံးလုပ်ပေးနေရပေမယ့်လည်း ချစ်တဲ့စိတ်တွေကြောင့် မမောပါဘူးဆိုတဲ့ ခိုင်နှင်းဝေ

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ခိုင်နှင်းဝေကတော့သူမချစ်တဲ့အနုပညာအလုပ်တွေနဲ့အတူ ပရဟိတအလုပ်တွေကိုပါတွဲဖက်လုပ်ကိုင်နေတာဖြစ်ပါတယ်။ ခိုင်နှင်းဝေဟာ မိဘမဲ့ကလေးတွေကို မိခင်နဲ့မခြားကာကွယ်စောင့်ရှောက်နေပြီးတော့ အမှန်တကယ်လိုအပ်မူရှိတဲ့နေရာတွေအတွက်လည်း ထောက့်ပံကူညီမူတွေကိုပြုလုပ်လေ့ရှိပါတယ်။

အလှူအတန်းလက်မနှေးတဲ့ ခိုင်နှင်းဝေကတော့ Covid-19 ကာလမှာအဆင်မပြေဖြစ်နေတဲ့ အနုပညာလောကသားတွေအပြင် ဆင်းရဲနွမ်းပါတဲ့ ပြည်သူတွေကိုလည်း တတ်နိုင်တဲ့ဘက်ကနေလှူဒါန်းပေးနေသူတစ်ဦးဖြစ်ပါတယ်။အခုဆိုရင်တော့ ခိုင်နှင်းဝေက သူမရဲ့ဂေဟာက သားသမီးလေးတွေရဲ့ ဝေယျာဝစ္စတွေကို အစအဆုံးလုပ်ပေးနေရပေမယ့်လည်း ချစ်တဲ့စိတ်တွေကြောင့် မမောနိုင်တဲ့အကြောင်းကို အခုလိုပဲပြောပြလာခဲ့ပါတယ်။

ခိုင်နှင်းဝေကတော့ “ကျမ သားသမီးတွေဆီကို မနက်ပိုင်း အပြေးအလွှားသွားရေချိုး အလှပြင်ပြီး နေ့လည်စာ လေးကျွေး တရေးတမောသိပ်မောတော့မောတာပေါ့ ဒါပေမယ့် မမောဖူး ဆိုတဲ့ သီချင်းကို ခုမှ တကယ် နားလည်သဘောပေါက်သွားပီချစ်တဲ့စိတ်တွေနဲ့ မို့ ကျမ မမောပါဖူးရှင်သားတို့သမီးတို့ရဲ့မေမေခိုင်နှင်းဝေ”ဆိုပြီး ရေးသားထားပါတယ်။ပရိသတ်ကြီးအတွက် ပီတိဖြစ်စရာကောင်းတဲ့ ခိုင်နှင်းဝေပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Source-Khine Hnin Wai

Leave a Comment