ရဲမေဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်စွမ်းရှိတဲ့ ရုပ်သံဇာတ်လမ်းတွဲမင်းသမီး(၃)ဦး

သရုပ်ဆောင်တွေကတော့ ကျရာဇာတ်ရုပ်ကိုလိုက်ဖက်အောင် အကောင်းဆုံးပုံဖော်ကြသူတွေပါ။ ဘယ်လိုဇာတ်ရုပ်မျိုးကိုမဆိုလိုက်ဖက်အောင်သရုပ်ဆောင်နိုင်စွမ်းရှိသလို ပရိသတ်တွေကိုဇာတ်လမ်းမှာစီးမျောအောင်ကြိုးစားနိုင်ကြတာကြောင့် ပရိသတ်တွေရင်ထဲမှာ စွဲထင်ကျန်နေစေတာလည်း ဖြစ်ပါတယ်။ ဒီရုပ်သ့ဇာတ်လမ်းတွဲမင်းသမီးတွေကတော့ ရဲမေဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်စွမ်းရှိသူတွေပါ။

(၁) ပန်းရောင်ခြယ်
ပန်းရောင်ခြယ်ကတော့ အဆိုတော်တစ်ယောက်အနေနဲ့ အောင်မြင်နေသလို လိပ်ပြာ-အမှန်တရားရဲ့ဓားတစ်လက်ဇာတ်ကားနဲ့ ပွဲဦးထွက်လာခဲ့တာပါ။ ဒီဇာတ်လမ်းတွဲမှာတော့ သွက်လက်ထက်မြက်တဲ့ရဲမေစုံထောက်အဖြစ်အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့ပြီး အသစ်တစ်ယောက်အနေနဲ့ ကြိုးစားလွန်းတယ်ဆိုတာကို အသိအမှတ်ပြုချီးကျူးစကားတွေကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။

(၂) ဝင့်ယမုံနိုင်
ဝင့်ယမုံနိုင်ကတော့ အချစ်သင်္ကေတ ဇာတ်လမ်းတွဲကစလို့ ဇာတ်ရုပ်တော်တော်များများကိုပိုင်နိုင်ခဲ့တာကိုလည်း ပရိသတ်တွေမြင်တွေ့ဖူးပြီးသား ဖြစ်ပါတယ်။ အခန်းနံပါတ်? ရုပ်သံဇာတ်လမ်းတွဲမှာတော့ ရဲရင့်ထက်မြက်တဲ့ရဲမေလေး နွယ်နီလှိုင်အဖြစ် ပီပီပြင်ပြင်ပုံဖော်ခဲ့တာကြောင့် ပရိသတ်တွေအသိအမှတ်ပြုခံထာားရတယ်လို့ဆိုရမှာပါ။

(၃) မေမီကိုကို
မင်းသမီးချောလေး မေမီကိုကိုကတော့ မြိုင် ဆိုတဲ့ ဇာတ်ရုပ်နဲ့အတူ အားပေးတဲ့ပရိသတ်အခိုင်အမာရထားသလို Star Awardsဆုကြီးကိုလည်း ဒီဇာတ်ရုပ်နဲ့ပဲ ရရှိပိုင်ဆိုင်နိုင်ခဲ့တာပါ။ သူပါဝင်ခဲ့တဲ့ ဇာတ်ရုပ်တိုင်းကိုပရိသတ်တွေကြိုက်နှစ်သက်ကြသလို တတိယမြောက်ဆုံမှတ် ဇာတ်လမ်းတွဲထဲမှာပါဝင်တဲ့ ရဲမေကာရိုက်တာဟာလည်း ပရိသတ်တွေမေ့မရတဲ့ ဇာတ်ရုပ်တစ်ခုဖြစ်ခဲ့တာ အသေအချာပါပဲနော်… ဘယ်သူ့ပရိသတ်လဲဆိုတာ ပြောသွားပါဦး…

credit-cele gabar

Leave a Comment