ပိုက္ဆံမရွိလို႔ အလုပ္ရွင္ဆီကေနအေႂကြးနဲ႔ ထီထိုးရာမွထီဆုႀကီးေပါက္သြားတဲ့ မစန္းစန္းႏြယ္

အလုပ္ရွင္မွ ကြမ္းသီးပြဲ႐ုံအလုပ္သမေတြကို ထီဖိုးေငြစိုက္ထားေပးၿပီး အဆင္ေျပမွ အရစ္က် ျပန္ဆပ္စနစ္ျဖင့္ ထီထိုးေပးရာမွ သိန္း(၁၀၀)ဆုေပါက္ သိန္း(၁၀၀)ကံထူးရွင္ကေတာ့ ေမာ္လၿမိဳင္ၿမိဳ႕ သီရိၿမိဳင္(၁၂)လမ္းမွ မစန္းစန္းႏြယ္ ျဖစ္ပါတယ္။ သူမ အလုပ္လုပ္တဲ့ အလုပ္႐ုံကေတာ့ ေမာ္လၿမိဳင္ စမ္းႀကီးရပ္မွ ဦးေနဝင္းသူရဲ႕ (NWT)ကြမ္းသီးပြဲ႐ုံ ျဖစ္ပါတယ္။

ပြဲ႐ုံအလုပ္သမေလးေတြက ထီတေစာင္(၁၀၀၀) ေပးထိုးဖို႔ ေတာ္ေတာ္ စဥ္းစားရတဲ့ အေျခအေနပါ။ မိသားစု စားဝတ္ေနေရး ရွိေနေတာ့ ထီတေစာင္(၁၀၀၀) ထိုးဖို႔ထက္ အိမ္အတြက္ဆန္ (၁၀၀၀) ဖိုး ဝယ္ျဖည့္လိုက္ၾကတာ မ်ားပါတယ္။အဲဒီအတြက္ အလုပ္ရွင္ ဦးေနဝင္းသူ နဲ႔ အလုပ္႐ုံတာဝန္ခံမွ ကြမ္းသီးပြဲ႐ုံ အလုပ္သမေလးေတြရဲ႕ကံစမ္းခ်င္တဲ့ဆႏၵလဲျပည့္ေအာင္ အခက္အခဲလဲမျဖစ္ေအာင္ ေစ်းႀကိဳထီဆိုင္မွ ထီေတြကိုဝယ္ယူေပးၿပီး အလုပ္သမေတြ အဆင္ေျပမွ အရစ္က်ျပန္ဆပ္ဆိုၿပီး တစ္ဦးကို ထီ(၂)ေစာင္ႏႈန္း အေႂကြးထိုးေပးေစရာမွ

မစန္းစန္းႏြယ္ ဆိုတဲ့ အလုပ္သမတစ္ဦးမွ သိန္း(၁၀၀) ကံထူးသြားတာ ျဖစ္ပါတယ္။သိန္း(၁၀၀) ကံထူးရွင္ မစန္းစန္းႏြယ္ မွလည္း ဆုေငြထုတ္ၿပီးရင္ ဘဝတူ အလုပ္သမေလးေတြကို တတ္ႏိုင္သေလာက္ ကူညီေထာက္ပံ့ ေပးပါဦးမည္တဲ့ခင္ဗ်…တကယ္မရွိတဲ့ လက္လုပ္လက္စားေတြ ေပါက္တာ ကိုယ္ထီေပါက္တာထက္ေတာင္ ပိုဝမ္းသာမိပါတယ္ဗ်ာ …

Credit Zin Moe

UNICODE

အလုပ်ရှင်မှ ကွမ်းသီးပွဲရုံအလုပ်သမတွေကို ထီဖိုးငွေစိုက်ထားပေးပြီး အဆင်ပြေမှ အရစ်ကျ ပြန်ဆပ်စနစ်ဖြင့် ထီထိုးပေးရာမှ သိန်း(၁၀၀)ဆုပေါက် သိန်း(၁၀၀)ကံထူးရှင်ကတော့ မော်လမြိုင်မြို့ သီရိမြိုင်(၁၂)လမ်းမှ မစန်းစန်းနွယ် ဖြစ်ပါတယ်။ သူမ အလုပ်လုပ်တဲ့ အလုပ်ရုံကတော့ မော်လမြိုင် စမ်းကြီးရပ်မှ ဦးနေဝင်းသူရဲ့ (NWT)ကွမ်းသီးပွဲရုံ ဖြစ်ပါတယ်။

ပွဲရုံအလုပ်သမလေးတွေက ထီတစောင်(၁၀၀၀) ပေးထိုးဖို့ တော်တော် စဉ်းစားရတဲ့ အခြေအနေပါ။ မိသားစု စားဝတ်နေရေး ရှိနေတော့ ထီတစောင်(၁၀၀၀) ထိုးဖို့ထက် အိမ်အတွက်ဆန် (၁၀၀၀) ဖိုး ဝယ်ဖြည့်လိုက်ကြတာ များပါတယ်။အဲဒီအတွက် အလုပ်ရှင် ဦးနေဝင်းသူ နဲ့ အလုပ်ရုံတာဝန်ခံမှ ကွမ်းသီးပွဲရုံ အလုပ်သမလေးတွေရဲ့ကံစမ်းချင်တဲ့ဆန္ဒလဲပြည့်အောင် အခက်အခဲလဲမဖြစ်အောင် ဈေးကြိုထီဆိုင်မှ ထီတွေကိုဝယ်ယူပေးပြီး အလုပ်သမတွေ အဆင်ပြေမှ အရစ်ကျပြန်ဆပ်ဆိုပြီး တစ်ဦးကို ထီ(၂)စောင်နှုန်း အကြွေးထိုးပေးစေရာမှ

မစန်းစန်းနွယ် ဆိုတဲ့ အလုပ်သမတစ်ဦးမှ သိန်း(၁၀၀) ကံထူးသွားတာ ဖြစ်ပါတယ်။သိန်း(၁၀၀) ကံထူးရှင် မစန်းစန်းနွယ် မှလည်း ဆုငွေထုတ်ပြီးရင် ဘဝတူ အလုပ်သမလေးတွေကို တတ်နိုင်သလောက် ကူညီထောက်ပံ့ ပေးပါဦးမည်တဲ့ခင်ဗျ…တကယ်မရှိတဲ့ လက်လုပ်လက်စားတွေ ပေါက်တာ ကိုယ်ထီပေါက်တာထက်တောင် ပိုဝမ်းသာမိပါတယ်ဗျာ …

Credit Zin Moe

Leave a Comment