တစ်ချိန်က မင်းသားနေတိုးနဲ့အတူရိုက်ကူးခဲ့တဲ့ အနုပညာပုံရိပ်တွေကို ပြန်လည်ဝေမျှလိုက်တဲ့ မိုးပြည့်ပြည့်မောင်

အနုပညာလောကမှာ နာမည်ကြီးလူကြိုက်များတဲ့မင်းသမီးချောလေး မိုးပြည့်ပြည့်မောင်ကတော့ ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်ပြီး ပရိသတ်အားပေးချစ်ခင်မှုကို ရရှိထားတဲ့သူပဲဖြစ်ပါတယ်။ သူကတော့ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့အပြင် အကပိုင်းမှာလည်းထူးချွန်ပြီးနှင်းဆီအငြိမ့်အဖွဲ့ကိုစတင်တည်ထောင်စဉ်ကတည်းက အငြိမ့်မင်းသမီးတစ်ဦးအနေနဲ့ မေတ္တာနဲ့ ဝင်ရောက်ကူညီအားဖြည့်ပေးနေခဲ့ပါတယ်။

လတ်တလောမှာတော့ အနုပညာအလုပ်တွရပ်နားနေရချိန် အနုပညာရှင်တော်တော်များများဟာ အနုပညာလောကထဲစတင်ဝင်ရောက်ချိန်က အမှတ်တရပုံရိပ်တွေကို ပြန်လည်ဝေမျှနေကြတာလည်းဖြစ်ပါတယ်။မိုးပြည့်ပြည့်ဟာလည်း ချစ်တဲ့ ပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့် တစ်ချိန်ကအနုပညာပုံရိပ်တွေကို ပြန်လည်ဝေမျှလိုက်တဲ့အကြောင်းကို “ကိုနေတိုးနှင့်အမှတ်တရပြက္ခဒိန်များ(အရင်ကပုံလေးတွေတင်ပေးပါလို့တောင်းဆိုနေကြတဲ့ချစ်ရတဲ့သူများအတွက်)” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။မင်းသမီးချော မိုးပြည့်ပြည့်မောင်ကတော့ လက်ရှိမှာ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားပါတယ်

ပရိသတ်ကြီးရေ ပရိသတ်အချစ်တော် နိုင်ငံကျော်မင်းသမီးချောလေး မိုးပြည့်ပြည့်မောင်ကတော့ ချစ်တဲ့ ပရိသတ်တွေက တစ်ချိန်ကအနုပညာပုံရိပ်တွေကို ပြန်လည်ဝေမျှဖို့ တောင်းဆိုတာကြောင့် နိုင်ငံကျော်မင်းသားချော နေတိုးနဲ့ရိုက်ကူးခဲ့တဲ့ အမှတ်တရပြက္ခဒိန် ပုံရိပ်တွေဝေမျှထားပါတယ်နော်။

credit-cele gabar

Leave a Comment