ပရိသတ်တွေနဲ့အတူ ချို့တဲ့ တဲ့ အဘိုး၊အဘွားလင်မယားကို သွားရောက်လှူဒါန်းခဲ့တဲ့ ထွန်းကိုကို

ထွန်းကိုကိုကတော့ မြင့်မားတဲ့အရပ်နဲ့ ယောကျ်ားပီသတဲ့မျက်နှာကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ စံပြမော်ဒယ်လ်သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း ပရဟိတလုပ်ငန်းတွေဆက်တိုက်လုပ်ကိုင်နေသူတစ်ယောက်ပါ။ ဦးကျော်သူရဲ့နာရေးကူညီမှုအသင်းမှာ နေ့တိုင်းနီးပါး ပါဝင်အားဖြည့်ပေးနေသလို နာရေးအသင်းကြီးကဖွဲ့စည်းထားတဲ့ မီးသတ်အဖွဲ့မှာလည်း တစ်တပ်တစ်အားဝင်ရောက်ကူညီနေသူပါ။

မြင့်မြတ်တဲ့ပရဟိတစိတ်တွေကြောင့် ပရိသတ်တွေရဲ့လေးစားချစ်ခင်ခြင်းကို ရရှိထားတဲ့ထွန်းကိုကိုကတော့ မနေ့က သူ့ရဲ့အမာခံပရိသတ်တွေနဲ့အတူ သန်လျင်မြို့မှာရှိတဲ့ အဘိုးနဲ့အဘွားလင်မယားကို သွားကန်တော့ခဲ့ကြောင်း မျှဝေခဲ့ပါတယ်။ “ဒီနေ့ (၇- ၆- ၂၀၂၀) ရက်နေ့မှာကျွန်တော်ထွန်းကိုကို နှင့် ထွန်းကိုကိုချစ်ကြသူများ၏ ကုသိုလ်အဖြစ် သန်လျင်မြို့ ဘုရားသုံးဆူအပိုင် ပိတုန်း(ပဒုန်း)လမ်း နေအသက်(၈၇)နှစ် အဖိုး ဦးအောင် နှင့် (၈၆)နှစ် အဖွား ဒေါ်မြင့်တို့ ဇနီးမောင်နှံအား အလှူ ငွေ #တစ်သိန်းတစ်သောင်း(၁၁၀၀၀၀)#အိုဗာတင်း #မုန့်ပုံး #စောင် #တဘက် #လက်သုတ်ပဝါ#ခေါင်းအုံးဖုံး #ဖိုက်ဘာBox တို့အားသွားရောက်ကန်တော့ခဲ့ကြပါတယ်ခင်ဗျာ ” ဆိုပြီး သူ့ရဲ့အလှူလေးကို မျှဝေခဲ့ပါတယ်။

ပရိသတ်ကြီးရေ ပရဟိတအလုပ်တွေလုပ်နေရရင် ပျော်နေတဲ့ထွန်းကိုကိုကတော့ နေ့တိုင်းနီးပါးပရဟိတအလုပ်တွေနဲ့ ရှင်သန်နေတဲ့အပြင် မနေ့ကလည်း အမာခံပရိသတ်တွေနဲ့အတူ ချို့တဲ့ တဲ့ အဘိုး၊အဘွားလင်မယားကို သွားရောက်လှူဒါန်းခဲ့ပါသေးတယ်တဲ့။ ထွန်းကိုကိုတို့အဖွဲ့ရဲ့ ကြည်နူးစရာပုံရိပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ မွန်မြတ်လှတဲ့သူတို့အလှူလေးအတွက် သာဓုခေါ်ပေးခဲ့ကြပါဦး။

credit-cele gabar

Leave a Comment