မရယ်ဘဲကိုမနေနိုင်လောက်အောင် သရုပ်ဆောင်ချက်တွေကောင်းနေတဲ့ညီထွဋ်ခေါင်နဲ့ ကျော်ကျော်တို့ရဲ့ဟာသဗီဒီယိုလေး

ချစ်စရာကောင်းပြီး ဟာသတွေလုပ်တတ်တဲ့ အနုပညာရှင်သူငယ်ချင်းသုံးယောက်ကိုတော့ ပရိသတ်ကြီးသိပြီးလောက်မှာပါနော်။ ဒီသုံးယောက်က အခုလည်းမရိုးရအောင် ဟာသဗီဒီယိုလေးတစ်ခု တင်လိုက်ပြန်ပါပြီ။ ဒီတစ်ခေါက်မှာတော့ ဆုမြတ်နိုးဦးမပါ တော့ဘဲ ညီထွဋ်ခေါင်နဲ့ ကျော်ကျော်တို့နှစ်ယောက်သားကပဲ အခွီပုံစံလေးသရုပ်ဆောင်ခဲ့ကြတာပါ။

ညီထွဋ်ခေါင်က ဆုံးပါးခါနီးခင်ပွန်းတစ်ယောက်အဖြစ်သရုပ်ဖော်ထားပြီး ကျော်ကျော်ကတော့ ခင်ပွန်းကိုအနီးကပ်ပြုစုရတဲ့ဇနီးသည် နေရာက သရုပ်ဆောင်ခဲ့ပါတယ်။ ခင်ပွန်းသည်ရဲ့ နောက်ဆုံးဆန္ဒကိုမေးတဲ့အချိန်မှာတော့ ခင်ပွန်းသည်က သူ့ကို AIDS ရောဂါနဲ့ ဆုံးတယ်လို့ အရပ်ထဲမှာသတင်းလွှင့်ခိုင်းခဲ့ပါတယ်။

ဇနီးသည်က ဘာကြောင့်ဒီလိုလုပ်ခိုင်းရတယ်လို့မေးတဲ့အချိန်မှာတော့ ဒီလိုသတင်းလွှင့်မှသာ သူဆုံးသွားပြီးလည်း ကျန်ခဲ့တဲ့ဇနီးကို ဘယ်သူမှမယူမှာဆိုပြီး ပြောခဲ့ပါတယ်။ ဒီလိုပြောအပြီးမှာ ဆုံးခါနီးလူနာ ညီထွဋ်ခေါင်ရဲ့ ခပ်ပြောင်ပြောင်ရုပ်နဲ့ ကျော်ကျော့်ရဲ့ သရုပ်ဆောင်ချက်တွေဟာ မရယ်ဘဲကိုမနေနိုင်တာမို့ ပရိသတ်ကြီးအတွက်လည်း တင်ဆက်ပေးလိုက်ပါတယ်။

credit-cele zone

Leave a Comment