(၄၅) ရက်သား ကလေးတစ်ယောက်ကို ထပ်မံကယ်တင်လိုက်ပြန်တဲ့ ခိုင်နှင်းဝေ

ရင်ခွင်မဲ့ ကလေးငယ်တွေအတွက် မေတ္တာတွေအပြည့်အဝပေးဖို့အတွက် ခိုင်နှင်းဝေက ကလေး ငယ်တွေစောင့်ရှောက်ဖို့ ပရဟိတဂေဟာ တစ်ခုဖွင့်လှစ်ခဲ့ပါတယ်။ ဒုက္ခရောက်နေတဲ့ ကလေးမိဘတွေနဲ့ ခိုလှုံစရာရင်ခွင်မဲ့တော့မယ့် ကလေးငယ်တွေကို အကောင်းမွန်ဆုံး ပျိုးထောင်ပေးနေခဲ့ပြီး လက်ရှိမှာလည်း ကလေးငယ် အယောက် (၃၀) စာကို တာဝန်ယူနေရ တာမို့ နောက်ထပ် ကလေးလက်ခံဖို့ဟာ အတော်လေးခက်ခဲတဲ့အနေအထားပါ။

ဒီနေ့မှာတော့ နောက်ထပ်ရင်ခွင့်မဲ့ရတော့မယ့် ကလေးတစ်ယောက်ကို ဂရုဏာထားပြီး စောင့်ရှောက်ဖို့ လက်ခံပေးခဲ့ပါတယ်။ ကလေးမိဘတွေအနေနဲ့လည်း ဒီကလေးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အတော်လေးကိုခဲယဉ်းနေတဲ့အနေအထားဖြစ်တာမို့ ခိုင်နှင်းဝေက မေတ္တာရှေ့ထားပြီး (၄၅) ရက်သားကလေးလေးကို စောင့်ရှောက်ဖို့ ခေါ်ယူလာခဲ့ပါတယ်။

ဒီအကြောင်းလေးကို ” Hello! ခိုင်နှင်းဝေပရဟိတဂေဟာကပါလား ကျမ ကလေးပေးချင်လို့ပါ စတဲ့ ဖုန်းပေါင်းများစွာကို ဖြေနေရတဲ့ ကျမ ကလေး (၃၀) ယောက် နဲ့ သူတို့ကိုထိန်းတဲ့ ဆရာမလေးတွေ ပြည့်နေတဲ့ဂေဟာ နေရာ‌ကျဉ်းလေးကို တလှည့် ကမ္ဘာကပ်ရောဂါ ကြောင့် အလှူရှင်နည်းပါးသွားလို့ လျော့သထက်လျော့လာတဲ့ နို့မှုန့်ဗူးတွေကို တလှည့်စီ ကြည့်ရင်း မလွန်ဆန်နိုင်ဘဲ ငြင်းပယ်လိုက်ရတဲ့ ဖုန်းတွေကြားထဲကမှ ဒီနေ့ ကျမနှလုံးသားရဲ့ ဆန္ဒကို မလွန်ဆန်နိုင်ဘဲ ကလေးတယောက်ကို ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာသို့ ကျမကိုယ်တိုင် ခေါ်လာခဲ့ပြန်ပါပီရှင် အမေက (၁၇) နှစ် အဖေက ပထမအိမ်ထောင်ရှိနေလို့ နို့မှုန့်ဖိုးတောင် မထောက်ပံ့ဘူးငြင်းလွှတ် အဘွားဖြစ်သူက ကင်ဆာရောဂါသည်မို့ ဒီ (၄၅) ရက်သား ဗုဒ္ဓဟူး သားလေးကို ကျမရဲ့ ရင်ခွင်ဆီကို ဘုရားက လက်ဆောင်ပို့ပေးလိုက် လေသလားလို့ တွေးမိလိုက်ခြင်းမှာပဲ သားငယ်လေးကကျမမျက်နှာကိုကြည့်ပြီး ပြုံးပြလေရဲ့ သားငယ်လေးကို ခေါ်လာပြီး သားလေး ဖွားဖွားအတွက် ဆန်နဲ့ဆီလဲလှူခဲ့သေးတယ်နော် မေတ္တာတရားရဲ့ဓာတ်ကို အသက်ငယ်ပေမယ့် နားလည်နိုင်တဲ့ ဗုဒ္ဓဟူးသားလေးကို အမေ နာမည်ပေးဖို့ စဉ်းစားလိုက်ပါဦးမယ် သားလေးရေ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

credit-cele zone

Leave a Comment