ဝမ်းစာ သီချင်းအဖျက်ခံလိုက်ရတာကြောင့် “စိတ်ကူး” ဆိုတဲ့ သီချင်းလေးကို အသက်သွင်းနေပါပြီ ဆိုတဲ့ ယုန်လေး

ယုန်လေးကတော့ ကိုယ်ပိုင်ခံစားချက်သီချင်းတွေနဲ့ ဂီတလောကထဲ ဝင်ရောက်လာသူတစ်ယောက်ပါ။ နောက်ပိုင်းမှာတော့ ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ ခပ်မိုက်မိုက်ဇာတ်ကားတွေရိုက်ကူးပုံဖော်ခဲ့သူဖြစ်ပြီး သရုပ်ဆောင်နဲ့ ဒါရိုက်တာဘက်ကို ဦးစားပေးလုပ်ကိုင်ခဲ့သူယုန်လေးကတော့ အခုလပိုင်းမှာတော့ တေးသီချင်းတွေဘက်ကို ပြန်လှည့်လာပြီလို့ ဆိုရမှာပါ။

Covid-19 ကာလစတင်ကတည်းက သူချစ်တဲ့သီချင်းတွေကို ပြန်လည်ဖန်တီးခဲ့ပြီး စိတ်ကူးလေးပဲ သီချင်းလေးနဲ့ စတင်မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ နောက်ထပ်သီချင်းတွေဆက်ဖန်တီးခဲ့ပြီး သူနောက်ဆုံးထွက်ရှိထားတဲ့ ဝမ်းစာသီချင်းလေးကတော့ သူကိုယ်တိုင်လက်တွဲခေါ်ယူခဲ့သူ Min Z နဲ့ A4ကျော်စွာတို့ နဲ့အတူ ဖန်တီးထားခဲ့တာပါ။ ဒါပေမယ့် ကြည့်ရှုအားပေးသူ ငါးသန်းကျော်ခဲ့တဲ့အချိန်မှာပဲ ဖေ့ဘွတ်ခ်စည်းမျဉ်းငြိလို့ အဖျက်ခံခဲ့ရတာကြောင့် ယုန်လေးကတော့ စိတ်မကောင်းဖြစ်ခဲ့ရပါသေးတယ်။

ဒီနေ့မှာတော့ ဝါသနာရှင်မျိုးဆက်သစ်ညီငယ်လေးတွေနဲ့အတူ ဖန်တီးမှုအသစ်တွေစောင့်မျှော်နေတဲ့ပရိသတ်ကြီးအတွက် “ယုန်လေး , MinZ , A4 ကျော်စွာ Gangster Page ကဖျက်ခံရတဲ့အတွက် ဝမ်းစာ အစား “စိတ်ကူး” ဆိုတဲ့ သီချင်းလေးကို အသက်သွင်းနေပါပြီ … ဝန်းရံ ပေးပါဦးနော်” ဆိုပြီး သတင်းကောင်းလေးမျှဝေပေးခဲ့ပါတယ်။ ပရိသတ်ကြီးရေ လူငယ်တွေကိုလက်တွဲခေါ်ယူပြီး ကူညီပေးနေတဲ့ယုန်လေးရဲ့ သီချင်းအသစ်လေးထွက်ရှိလာရင် အားပေးကြမှာမလား။

credit-cele gabar

Leave a Comment