လူခ်င္းမနီးေပမယ့္ ႏွလုံးသားခ်င္းနီးေနမယ္လို႔ စိုင္းစိုင္းကို ရင္ဖြင့္လိုက္တဲ့ ပြင့္

ျမန္မာတစ္ႏိုင္ငံလုံးက ပရိသတ္ေတြသိၾကတဲ့အတိုင္း ဧၿပီလ (၁၀) ရက္ေန႔ကေတာ့ ေတးသံရွင္ စိုင္းစိုင္းခမ္းလႈိင္ရဲ႕ ေမြးေန႔ေလးပဲျဖစ္ပါတယ္ ။ ႏွစ္စဥ္ႏွစ္တိုင္း ပရိသတ္ေတြအမ်ားႀကီးနဲ႔အတူ Sai Sai Birthday Show ႀကီးကို စည္ကားသိုက္ၿမိဳက္စြာ က်င္းပေလ့ရွိၿပီး လူေတြ တိုးမေပါက္ေအာင္ လာေရာက္အားေပးၾကတာကိုေတာ့ ပရိသတ္ေတြသိၿပီျဖစ္မွာပါေနာ္ ။ ဒီႏွစ္အတြက္ကေတာ့ Covid-19 ေၾကာင့္ လူစုလူေဝးေတြ မျပဳလုပ္ရတဲ့အတြက္ စိုင္းစိုင္းတစ္ေယာက္ ထူးျခားတဲ့ေမြးေန႔ပြဲေလးကိုက်င္းပခဲ့ပါတယ္ ။

ဒီႏွစ္ေမြးေန႔ေလးရဲ႕ထူးျခားခ်က္ကေတာ့ Stay home လုပ္ေနရတဲ့ ပရိသတ္ေတြအားလုံးအတြက္ Sai Sai Birthday Show in Bedroom ဆိုတဲ့ အစီစဥ္ေလးနဲ႔အတူ အိပ္ခန္းထဲကေန ပရိသတ္ေတြ အားလုံးကို Live လႊင့္ၿပီး ေဖ်ာ္ေျဖေပးခဲ့တာျဖစ္ပါတယ္ ။ အႏုပညာရွင္ေတြနဲ႔ခ်စ္ရတဲ့ ပရိသတ္ေတြအားလုံးကလည္း စိုင္းစိုင္းအတြက္ ေမြးေန႔ဆုမြန္ေကာင္းေတြေတာင္းေပးခဲ့ၾကသလို ပရိသတ္ေတြခ်စ္ရတဲ့ ဟာသ သ႐ုပ္ေဆာင္ ပြင့္ကလည္း ထူးျခားတဲ့ ေမြးေန႔ဆုေတာင္းေလးကို ေတာင္းေပးခဲ့ပါတယ္ ။

Happy birthdayပါ ကိုကိုစိုင္းစိုင္း Stay at home မို႔အတူမရွိႏိုင္တဲ့ ေမြးေန႔ညေလးေပါ့ လူခ်င္းအတူမရွိေပမယ့္ ႏွလုံးသားခ်င္းနီးေနပါ့မယ္ Love u ko ko ဆိုတဲ့ စာသားေလးနဲ႔အတူ သူမရဲ႕ လူမႈကြန္စာမ်က္ႏွာထက္ကေန စိုင္းအတြက္ေမြးေန႔ဆုေတာင္းေပးခဲ့တာျဖစ္ပါတယ္ ။ ေဘဘီပြင့္တို႔ ႏွစ္ေယာက္လိုပဲ က်န္းမာေရးဝန္ႀကီးဌာနက ခ်မွတ္ထားတဲ့ စည္းကမ္းနဲ႔အညီ အေဝးကပဲခ်စ္ၾကရမယ္ေနာ္ဆိုၿပီး ပရိသတ္ေတြကိုလည္း အ႐ႊန္းေဖာက္စေနာက္ထားတာေတြ႕ရပါတယ္ ။ ပရိသတ္ႀကီးေရ.. ပြင့္ကလည္း စိုင္းကိုခ်စ္တဲ့အမာခံဖန္တစ္ေယာက္ပါတဲ့ေနာ္ ။

Source : Pwint
Emily (Cele Gabar )

UNICODE

မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေသိကြတဲ့အတိုင်း ဧပြီလ (၁၀) ရက်နေ့ကတော့ တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်ရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ် ။ နှစ်စဉ်နှစ်တိုင်း ပရိသတ်တွေအများကြီးနဲ့အတူ Sai Sai Birthday Show ကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပြီး လူတွေ တိုးမပေါက်အောင် လာရောက်အားပေးကြတာကိုတော့ ပရိသတ်တွေသိပြီဖြစ်မှာပါနော် ။ ဒီနှစ်အတွက်ကတော့ Covid-19 ကြောင့် လူစုလူဝေးတွေ မပြုလုပ်ရတဲ့အတွက် စိုင်းစိုင်းတစ်ယောက် ထူးခြားတဲ့မွေးနေ့ပွဲလေးကိုကျင်းပခဲ့ပါတယ် ။

ဒီနှစ်မွေးနေ့လေးရဲ့ထူးခြားချက်ကတော့ Stay home လုပ်နေရတဲ့ ပရိသတ်တွေအားလုံးအတွက် Sai Sai Birthday Show in Bedroom ဆိုတဲ့ အစီစဉ်လေးနဲ့အတူ အိပ်ခန်းထဲကနေ ပရိသတ်တွေ အားလုံးကို Live လွှင့်ပြီး ဖျော်ဖြေပေးခဲ့တာဖြစ်ပါတယ် ။ အနုပညာရှင်တွေနဲ့ချစ်ရတဲ့ ပရိသတ်တွေအားလုံးကလည်း စိုင်းစိုင်းအတွက် မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြသလို ပရိသတ်တွေချစ်ရတဲ့ ဟာသ သရုပ်ဆောင် ပွင့်ကလည်း ထူးခြားတဲ့ မွေးနေ့ဆုတောင်းလေးကို တောင်းပေးခဲ့ပါတယ် ။

Happy birthdayပါ ကိုကိုစိုင်းစိုင်း Stay at home မို့အတူမရှိနိုင်တဲ့ မွေးနေ့ညလေးပေါ့ လူချင်းအတူမရှိပေမယ့် နှလုံးသားချင်းနီးနေပါ့မယ် Love u ko ko ဆိုတဲ့ စာသားလေးနဲ့အတူ သူမရဲ့ လူမှုကွန်စာမျက်နှာထက်ကနေ စိုင်းအတွက်မွေးနေ့ဆုတောင်းပေးခဲ့တာဖြစ်ပါတယ် ။ ဘေဘီပွင့်တို့ နှစ်ယောက်လိုပဲ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းနဲ့အညီ အဝေးကပဲချစ်ကြရမယ်နော်ဆိုပြီး ပရိသတ်တွေကိုလည်း အရွှန်းဖောက်စနောက်ထားတာတွေ့ရပါတယ် ။ ပရိသတ်ကြီးရေ.. ပွင့်ကလည်း စိုင်းကိုချစ်တဲ့အမာခံဖန်တစ်ယောက်ပါတဲ့နော် ။

Source : Pwint
Emily (Cele Gabar )

Leave a Comment