ပရဟိတအလုပ်ဟာကျွန်တော်အတွက် ဒုတိယအိမ်ပါပဲ ဆိုတဲ့ထွန်းကိုကို

ပရိသတ်တွေရဲ့အချစ်တော် မင်းသားချောထွန်းကိုကိုကတော့ သရာက်ဆောင် အနုပညာရှင်တစ်ယောက်ဖြစ်ပေမဲ့ ပရဟိတအလုပ်တွေကို ငွေအားအပြင် လူအားနဲ့ပါ တတ်နိုင်သလောက်ကူညီလုပ်ကိုင်နေတာလည်း ပရိသတ်တွေအသိပါ။ နာရေးကူညီမှုအသင်း(ရန်ကုန်)မှာလည်း အသင်းဝင်ထားပြီး ဈာပနအခမ်းအနားတွေမှာ ကိုယ်တိုင်ကိုယ်ကျ လိုက်လံပို့ဆောင်ပေးနေခဲ့ပါတယ်

ထွန်းကိုကိုက နာရေးကူညီမှုအသင်း(ရန်ကုန်)မှာသာမက တခြားသောပရဟိအလုပ်တွေအပြင် မီးလောင်တဲ့ နေရာတွေမှာပါ ကိုယ်တိုင်မီးသတ်တဲ့အထိကို ပါဝင်ကူညီပေးနေခဲ့ပါသေးတယ်။ အခုလိုပရဟိတအလုပ်တွေလုပ်ကိုင်နေရတာတွေနဲ့ ပတ်သက်လို့ ထွန်းကိုကို ကိုယ်တိုင်က “ဝါသနာအရ အသားကျနေပြီဖြစ်တဲ့ ကျွန်တော့်ရဲ့ ဒုတိယလောကဟာ ကျွန်တော်အတွက် ဒုတိယအိမ်ပါပဲ ပရဟိတဆွေမျိုးများအလယ် ကျွန်တော်ပျော်ပါတယ်”လို့ သူ့အတွက်တော့ ဝါသနာပါတဲ့ ပရဟိတအလုပ်တွေလုပ်ရတာ ပျော်ရွှင်ပြီး ဘယ်လောက်ခက်ခဲပါစေ အသားကျပြီးပျော်ရွှင်နေပါတယ်လို့ ဆိုလာပါတယ်။

ထွန်းကိုကိုရဲ့ပိုစ့်အောက်မှာတော့ ပရိတ်တွေက ဒီပရဟိတစိတ်ဓာတ်လေးကို ချီးကျူးနေခဲ့ကြပြီး မွန်မြတ်လှတဲ့ စိတ်ထားလေးဖြစ်ကြောင်းမှတ်ချက်ပေးပြောဆိုနေခဲ့ကြပါသေးတယ်။ ပရိသတ်ကြီးရေ ထွန်းကိုကိုရဲ့ ပရဟိတစိတ်ထားလေးကတော့ ပရိသတ်တွေချီးကျူးလည်း ချီးကျူးထိုက်တဲ့ စိတ်ထားလေးပါပဲနော်။

credit-cele gabar

Leave a Comment