ထားဝယ်စကားတွေပြောရင်း ချစ်ဖို့ကောင်းနေတဲ့ ဝင့်ယမုံနိုင်ရဲ့ဗွီဒီယိုလေး

မြန်မာနိုင်ငံရဲ့ ပထမဆုံးမြန်မာရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ အချစ်သင်္ကေတ ဇာတ်လမ်းတွဲမှာ ဗီလိန်ဇာတ်ရုပ်နဲ့ အံဝင်ဂွင်ကျသရုပ်ဆောင်ခဲ့သူ ဝင့်ယမုံနိုင်ကိုတော့ သဘောမကျဖူးတဲ့သူရှိမယ် မထင်ပါဘူးနော်။ MRTV-4 ရဲ့မင်းသမီးတစ်လက်ဖြစ်တာနဲ့အညီ ဇာတ်လမ်းတွဲတွေမှာ အများဆုံး မြင်တွေ့ရလေ့ရှိတဲ့အပြင် ဇာတ်ရုပ်တိုင်းကိုလည်း ပီပီပြင်ပြင်သရုပ်ဆောင်လေ့ရှိသူပါ။

ဝင့်ယမုံနိုင်ကတော့ ပရိသတ်တွေကို တန်ဖိုးထားဆက်ဆံလေ့ရှိသူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့တနေ့တာအကြောင်းအရာတွေကိုလည်း လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေလေ့ရှိသူပါ။ ဒီတစ်ခေါက်မှာတော့ ထားဝယ်သူလေးဖြစ်တဲ့ ဝင့်ယမုံနိုင်တစ်ယောက် သူငယ်ချင်းဖြစ်သူနဲ့ အတူ ထားဝယ်စကားပြောနေတဲ့ဗွီဒီယိုဖိုင်လေးကို “နားလည်ရင်နားထောင် ထားဝယ်လိုပြောနေတာ” ဆိုတဲ့စာသားလေးနဲ့အတူ မျှဝေခဲ့ပါတယ်။

ထားဝယ်စကားကတော့ မြန်မာစကားနဲ့နီးစပ်ပေမယ့် နားလည်ရခက်ခဲတဲ့စကားတစ်ခုပါ။ ဝင့်ယမုံနိုင်တစ်ယောက် ထားဝယ်စကားပြောနေတဲ့ဗွီဒီယိုဖိုင်လေးကတော့ လူမှုကွန်ရက်မှာပျံ့နှံ့ခဲ့ပြီး ပရိသတ်တွေလည်း များစွာသဘောကျခဲ့ရပါတယ်။ ချစ်ဖို့ကောင်းတဲ့ ဝင့်ယမုံနိုင်ရဲ့ဗွီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ပရိသတ်ကြီးထဲမှာရော ထားဝယ်စကားနားလည်တဲ့သူတွေရှိလား။

credit-cele gabar

Leave a Comment