အတူတူရှိနေတာတောင် သူ့မျက်စိနဲ့မြင်ရတဲ့နေရာမှာ ရှိနေပေးဖို့ ရွှေမှုံရတီကို ချုပ်လိုက်တဲ့ ရွှေထူး

ရွှေထူးနဲ့ရွှေမှုံရတီတို့ကတော့ မြင်သူတိုင်းအားကျရလောက်အောင် တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ပေးတတ်လွန်းတဲ့ စုံတွဲတစ်တွဲပါ။ အခက်အခဲတွေ ဝေဖန်တိုက်ခိုက်မှုတွေကြားက ကြိုးစားတည်ဆောက်ခဲ့ရတဲ့ အိမ်ထောင်ရေးမို့လည်း တစ်ယောက်ကိုတစ်ယောက် မျက်စိအောက်က အပျောက်မခံနိုင်အောင် ချစ်ခင်ကြတဲ့အပြင် နားလည်မှုအပြည့်နဲ့တည်ဆောက်ထားတဲ့ အိမ်ထောင်တစ်ခုလို့ဆိုရမှာပါ။

နှစ်ယောက်စလုံးကလည်း အနုပညာနယ်ပယ်အသီးသီးမှာ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေသိမ်းပိုက်ထားသူတွေမို့ သူတို့နှစ်ဦးရဲ့အိမ်ထောင်မှုဘဝလေးက ပိုပြီးသာယာဖြောင့်ဖြူးခဲ့တယ်ဆိုရင်လည်း မမှားပါဘူးနော်။ Anniversary တိုင်း မွေးနေ့တိုင်းမှာ Surprise လုပ်ပြီး ရိုတတ်လွန်းကြသူတွေမို့ ပရိသတ်တွေကတော့ ရွှေနှစ်ရွှေစုံတွဲလေးဆိုပြီး အားကျခြင်း ကိုအပြည့်အဝရရှိထားပါတယ်။ ဒီနေ့မှာလည်း ရွှေထူးရဲ့စကားတစ်ခွန်းကြောင့် ပိုလိုတောင် ပရိသတ်တွေသဘောကျခဲ့ရပါသေးတယ်။ ရွှေထူးကတော့ သူတို့နှစ်ဦးအတူတူရိုက်ကူးထားခဲ့တဲ့ ပုံလေးတွေနဲ့အတူ ” သတိရတိုင်း ငါ့မျက်စိနဲ့ မြင်နေရမယ့် နေရာမှာရှိနေပေးရင်ရပြီ” ဆိုတဲ့စာသားလေးကို ရေးသားခဲ့ပါတယ်။

အိမ်ထောင်ပြုပြီးရင် အချစ်တွေလျော့သွားကြတယ်ဆိုတာ ရွှေနှစ်ရွှေစုံတွဲအတွက်တော့ အပိုတွေလိုဆိုရမှာပါနော်။ အိမ်ထောင်ပြုပြီးနောက်ပိုင်း ပိုပိုချစ်လာကြတဲ့ ရွှေထူးကတော့ အတူတူရှိနေတာတောင် သတိရတိုင်း သူ့မျက်စိနဲ့မြင်ရတဲ့နေရာမှာ ရှိနေပေးဖို့ ရွှေမှုံကို တောင်းဆိုလိုက်ပြန်ပါတယ်နော်။ ဘယ်လိုလဲ ပရိသတ်ကြီးရေ ရွှေနှစ်ရွှေအတွဲလေးကို ကြည်ံ့ပြီး အားကျနေကြပြီမလား။

credit-cele gabar

Leave a Comment