ခံစားချက်တွေ ပြင်းထန်ပြီး မျက်ရည်ကျစေမယ့် ချမ်းမြေ့မောင်ချိုရဲ့ သီချင်းအသစ်လေး

ပရိသတ်ကြီးရေ ဒီနေ့ ဇွန်လ(၇)ရက်နေ့မှာတော့ ပရိသတ်တွေရဲ့ အချစ်တော် ချမ်းမြေ့မောင်ချိုရဲ့ သီချင်းအသစ်ဖြစ်တဲ့ “အငွေ့အသက်များ” သီချင်းလေးကတော့ ထွက်ရှိလာခဲ့ပါပြီဖြစ်ပြီး Joox မှာ နားဆင်လို့ရနေပါပြီ။ သီချင်းအသစ်လေးထွက်ရှိလာတော့မယ်လို့ မောင်ချိုလေး ကြေညာလိုက်ကတည်းက ပရိသတ်တွေက စောင်မျှော်နေခဲ့ကြတာလည်း ဖြစ်ပါတယ်။

ပရိသတ်တွေက နားဆင်ချင်းလွန်းတာကြောင့်လည်း မထွက်ခင် ရက်အနည်းငယ်အလိုလောက်ကတည်းက အမြည်းအနေနဲ့ သီချင်းလေးကို စက္ကန့်(၄၀)စာ အမြည်းလေးတင်ဆက်ပေးခဲ့ရပြီး အမြည်းလေးနဲ့တင် ပရိသတ်အားပေးမှုကို များစွာရရှိခဲ့ပါသေးတယ်။ သီချင်းလေးကတော့ ချစ်လျှက်နဲ့ လမ်းခွဲခဲ့ရတဲ့ ချစ်သူနှစ်ယောက်ရဲ့ အကြောင်းတွေကို ရေးသားထားတာကြောင့် ချစ်လျက်လမ်းခွဲ့ရဖူးတွေအတွက်တော့ ခံစားချက်တွေ ပြင်းထန်ပြီး မျက်ရည်ကျစေမယ့် သီချင်းလေးလည်း ဖြစ်ပါတယ်။

မောင်ချိုလေးရဲ့ သီချင်းတွေကတော့ ပရိသတ်တွေ အကြိုက်နဲ့ အမြဲတမ်းနီးပါးထပ်တူ ကျခဲ့တဲ့ သီချင်းတွေဖြစ်ခဲ့တာကြောင့် ပရိသတ်တွေက မောင်ချိုလေးရဲ့ သီချင်းအသစ်ထွက်လာတော့မယ်ဆို မျှော်လင့်စောင့်စားနေတတ်ကြပါတယ်။ ဒီနေ့မှာ ထွက်ရှိလာတဲ့ မောင်ချိုရဲ့ “အငွေ့အသက်များ” သီချင်းလေးကရော ပရိသတ်တွေအကြိုက်နဲ့ ထပ်တူကျရဲ့လား။

credit-cele gabar

Leave a Comment