ပိုင္ဆုိင္မႈေတြ ဓားျပတုိက္ခံလုိက္ရတဲ့ ယူ႐ုိသန္း(၁၀၀)ေက်ာ္ကံထူးရွင္ ဇနီးေမာင္ႏွံရဲ႕အျဖစ္

ယူ႐ုိ(၁၀၁)သန္းအထိ ကံထူးခဲ့တဲ့ ဇနီးေမာင္ႏွံရဲ႕ေနအိမ္ကို ဓားျပက ၿပီးခဲ့တဲ့ႏွစ္ဧၿပီလက စီးနင္းတုိက္ခိုက္ခဲ့ပါတယ္။ ဇနီးေမာင္ႏွံႏွစ္ဦးစလုံးဟာ ႀကိဳးနဲ႔ခ်ည္ ႐ုိက္ႏွက္ခံရတာမ်ိဳးေတြအထိ ရွိခဲ့ၿပီး၊ ပိုင္ဆုိင္မႈ ေတာ္ေတာ္မ်ားမ်ားကုိလည္း ဓားျပလက္ အပ္ခဲ့ရတယ္လုိ႔ ဆုိပါတယ္။ယူ႐ုိသန္းရာေက်ာ္ သူေဌးႀကီး ဇနီွးေမာင္ႏွံရဲ႕အမည္ကေတာ့ David နဲ႔ Angela Dawes တုိ႔ျဖစ္ပါတယ္။ သူတုိ႔ဟာ ဓားျပတုိက္ခံခဲ့ရၿပီးေနာက္ Rother District Council အာဏာပုိင္ေတြကုိ လုံၿခဳံေရးေပးဖုိ႔ ေတာင္းဆုိခဲ့သလုိ၊ CCTV ပါမစ္လည္း ေတာင္းဆုိခဲ့ပါတယ္။

David နဲ႔ Angela တုိ႔ဟာ (၂၀၁၁)ခုႏွစ္မွာ ၿဗိတိန္ရဲ႕အျမင့္ဆုံးထီဆုကို ဆြတ္ခူးခဲ့ၿပီး၊ လက္ရွိ သမုိင္းတစ္ေလွ်ာက္မွာေတာ့ သတၱမေျမာက္ အျမင့္ဆုံးကံထူးရွင္ေတြ ျဖစ္ခြင့္ရခဲ့သူေတြပါ။ သူတုိ႔ဟာ အဆုိေတာ္ Tom Jones ရဲ႕ ေပါင္သန္းခ်ီ ေနအိမ္ကိုေတာင္ ဝယ္ယူေနထိုင္ခဲ့ပါတယ္။David တုိ႔ ဇနီးေမာင္ႏွံဟာ Etchingham မွာ ေနထိုင္ၾကၿပီး၊ ဓားျပေတြက ညႇင္းပန္းႏွိပ္စက္တာကို ခံခဲ့ရလုိ႔ ဇနီးျဖစ္သူဟာ အလြန္ေၾကာက္ရြံ႕စိုးရိမ္ေနတယ္လုိ႔ အသက္(၅၆)ႏွစ္အရြယ္ David က ေျပာပါတယ္။ သူရဲ႕ဇနီးကေတာ့ အသက္(၅၂)ႏွစ္ ျဖစ္ပါတယ္။

ဓားျပေတြဟာ မ်က္ႏွာဖုံးေတြ ကိုယ္စီစြပ္ထားၾကၿပီး၊ ေပါင္ (၂)ေသာင္းေက်ာ္၊ လက္ဝတ္လက္စားေတြနဲ႔ David တုိ႔ပိုင္ဆုိင္တဲ့ Range Rover ကားကုိပါ ရယူၿပီး ေမာင္းႏွင္ထြက္ေျပးသြားခဲ့တာပါ။ အဆုိပါ ကားကုိ အခင္းျဖစ္ေနရာနဲ႔ မုိင္(၂၀)ေက်ာ္အေဝးမွာ မီး႐ႈိ႕ဖ်က္ဆီးထားတာကို ခံထားရပါတယ္။ဓားျပေတြလုိ႔ သံသယရွိတဲ့ လူ(၃)ဦးကို ရဲတပ္ဖြဲ႕က ဖမ္းဆီးစစ္ေဆးခဲ့ေပမယ့္၊ အဲဒီျဖစ္စဥ္နဲ႔ ဝန္ခံမႈမ်ိဳးကို မရရွိေသးသလုိ၊ ပစၥည္းေတြ ေဖ်ာက္ျဖတ္ထားေၾကာင္း သဲလြန္စေတြလည္း ရဲဘက္က ကြင္းဆက္ပ်က္ေနလုိ႔ အမႈတည္ေဆာက္ဖုိ႔ ႀကံ့ၾကာေနဆဲလုိ႔ သိရပါတယ္။

Credit CeleCrazyNews
Ref DailyMail

UNICODE

ယူရို(၁၀၁)သန်းအထိ ကံထူးခဲ့တဲ့ ဇနီးမောင်နှံရဲ့နေအိမ်ကို ဓားပြက ပြီးခဲ့တဲ့နှစ်ဧပြီလက စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။ ဇနီးမောင်နှံနှစ်ဦးစလုံးဟာ ကြိုးနဲ့ချည် ရိုက်နှက်ခံရတာမျိုးတွေအထိ ရှိခဲ့ပြီး၊ ပိုင်ဆိုင်မှု တော်တော်များများကိုလည်း ဓားပြလက် အပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ယူရိုသန်းရာကျော် သူဌေးကြီး ဇနှီးမောင်နှံရဲ့အမည်ကတော့ David နဲ့ Angela Dawes တို့ဖြစ်ပါတယ်။ သူတို့ဟာ ဓားပြတိုက်ခံခဲ့ရပြီးနောက် Rother District Council အာဏာပိုင်တွေကို လုံခြုံရေးပေးဖို့ တောင်းဆိုခဲ့သလို၊ CCTV ပါမစ်လည်း တောင်းဆိုခဲ့ပါတယ်။

David နဲ့ Angela တို့ဟာ (၂၀၁၁)ခုနှစ်မှာ ဗြိတိန်ရဲ့အမြင့်ဆုံးထီဆုကို ဆွတ်ခူးခဲ့ပြီး၊ လက်ရှိ သမိုင်းတစ်လျှောက်မှာတော့ သတ္တမမြောက် အမြင့်ဆုံးကံထူးရှင်တွေ ဖြစ်ခွင့်ရခဲ့သူတွေပါ။ သူတို့ဟာ အဆိုတော် Tom Jones ရဲ့ ပေါင်သန်းချီ နေအိမ်ကိုတောင် ဝယ်ယူနေထိုင်ခဲ့ပါတယ်။David တို့ ဇနီးမောင်နှံဟာ Etchingham မှာ နေထိုင်ကြပြီး၊ ဓားပြတွေက ညှင်းပန်းနှိပ်စက်တာကို ခံခဲ့ရလို့ ဇနီးဖြစ်သူဟာ အလွန်ကြောက်ရွံ့စိုးရိမ်နေတယ်လို့ အသက်(၅၆)နှစ်အရွယ် David က ပြောပါတယ်။ သူရဲ့ဇနီးကတော့ အသက်(၅၂)နှစ် ဖြစ်ပါတယ်။

ဓားပြတွေဟာ မျက်နှာဖုံးတွေ ကိုယ်စီစွပ်ထားကြပြီး၊ ပေါင် (၂)သောင်းကျော်၊ လက်ဝတ်လက်စားတွေနဲ့ David တို့ပိုင်ဆိုင်တဲ့ Range Rover ကားကိုပါ ရယူပြီး မောင်းနှင်ထွက်ပြေးသွားခဲ့တာပါ။ အဆိုပါ ကားကို အခင်းဖြစ်နေရာနဲ့ မိုင်(၂၀)ကျော်အဝေးမှာ မီးရှို့ဖျက်ဆီးထားတာကို ခံထားရပါတယ်။ဓားပြတွေလို့ သံသယရှိတဲ့ လူ(၃)ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့ပေမယ့်၊ အဲဒီဖြစ်စဉ်နဲ့ ဝန်ခံမှုမျိုးကို မရရှိသေးသလို၊ ပစ္စည်းတွေ ဖျောက်ဖြတ်ထားကြောင်း သဲလွန်စတွေလည်း ရဲဘက်က ကွင်းဆက်ပျက်နေလို့ အမှုတည်ဆောက်ဖို့ ကြံ့ကြာနေဆဲလို့ သိရပါတယ်။

Credit CeleCrazyNews
Ref DailyMail

Leave a Comment