အနယ္နယ္အရပ္ရပ္က အားေပးၾကတဲ့ ပရိသတ္ေတြေၾကာင့္ ညေတာင္မအိပ္ရေတာ့တဲ့ သူမရဲ့မန္ေနဂ်ာအျဖစ္ကို ေျပာျပလာတဲ့ သံသာမိုးသိမ့္

တက္သစ္စ မင္းသမီးတစ္ေယာက္ျဖစ္တဲ့ သံသာမိုးသိမ့္က “ကၽြန္မက မေဟသီ” ဇာတ္လမ္းတြဲနဲ့ နာမည္ၾကီးလာသူတစ္ေယာက္ ျဖစ္ပါတယ္။ သံသာမိုးသိမ့္က လက္ရိွထုတ္လႊင့္ျပသေနတဲ့ “အခ်စ္ဖြဲ့ေလညင္း” ဇာတ္လမ္းတြဲမွာလည္း ေမပ်ိဳျဖဴအျဖစ္ သရုပ္ေဆာင္ရင္း ပရိသတ္အားေပးမႈကို ခံယူေနလ်က္ရိွပါတယ္။ တစ္နို္င္ငံလံုးအတိုင္းအတာနဲ့ ေအာင္ျမင္မႈရရိွေနတဲ့ သံသာမိုးသိမ့္က သူမကို ခ်စ္ခင္အားေပးတဲ့ အနယ္နယ္အရပ္ရပ္က ပရိသတ္ေတြေၾကာင့္ ညေတာင္မအိပ္ရေတာ့တဲ့ သူမရဲ့မန္ေနဂ်ာ အျဖစ္ကုိ အခုလိုပဲ ေျပာျပလာပါတယ္။

“အလုပ္ဖုန္းကိုင္ၿပီး manage လုပ္ေပးတဲ့သူက Call center တစ္ခုခုမွာေတာင္ အဲ့ေလာက္ဖုန္းမလာေလာက္ဘူးတဲ့။ သူ႔ကို (၂၄) နာရီကို ၃မိနစ္ျခားတစ္ခါဖုန္းေတြဆက္ၾကေတာ့ သူ့မွာအလုပ္ဆိုလည္း လြတ္မွာဆိုေတာ့ လာသမွ်ဖုန္းကိုင္ရရွာတာ။ မ်က္တြင္းေလးေတာင္နက္လို႔။ သူ႔ခမ်ာ အနယ္နယ္အရပ္ရပ္က မွာၾကားစာမ်ားကိုလည္း တစ္လုံးမက်န္ျပန္ေျပာေပးတာမို႔ အားလုံးဖုန္းဆက္တာကိုလည္းသိပါတယ္။ အလုပ္ဖုန္းပဲမို႔ သံသာလည္းမကိုင္ေတာ့။ သူ႔ခမ်ာသနားပါတယ္။ ညေလးေတာ့ေပးအိပ္လိုက္ၾကပါေနာ္။” ဆိုျပီး ပရိသတ္ေတြကို ေျပာထားပါတယ္။

သံသာမိုးသိမ့္ကေတာ့ သူမကုိ အျမိဳ့ျမိဳ့အနယ္နယ္က ပရိသတ္ေတြက ခ်စ္ၾကအားေပးၾကတာေၾကာင့္ ေပ်ာ္ရႊင္ရသလို တစ္ခ်ိန္လံုး ဖုန္းေတြထိုင္ေျဖေနရတဲ့ မန္ေနဂ်ာကိုလည္း ကိုယ္ခ်င္းစာစိတ္နဲ့ ပရိသတ္ေတြဆီ ေမတၱာရပ္ခံထားတာ ျဖစ္ပါတယ္။ သံသာမိုးသိမ့္တစ္ေယာက္ ေနာက္ဒီထက္မက ေအာင္ျမင္ျပီး ပရိသတ္ေတြရဲ့ အားေပးမႈကို ရရိွပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Than Thar Moe Theint’s fb
Credit – Cele Connections

UNICODE

တက်သစ်စ မင်းသမီးတစ်ယောက်ဖြစ်တဲ့ သံသာမိုးသိမ့်က “ကျွန်မက မဟေသီ” ဇာတ်လမ်းတွဲနဲ့ နာမည်ကြီးလာသူတစ်ယောက် ဖြစ်ပါတယ်။ သံသာမိုးသိမ့်က လက်ရှိထုတ်လွှင့်ပြသနေတဲ့ “အချစ်ဖွဲ့လေညင်း” ဇာတ်လမ်းတွဲမှာလည်း မေပျိုဖြူအဖြစ် သရုပ်ဆောင်ရင်း ပရိသတ်အားပေးမှုကို ခံယူနေလျက်ရှိပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်မြင်မှုရရှိနေတဲ့ သံသာမိုးသိမ့်က သူမကို ချစ်ခင်အားပေးတဲ့ အနယ်နယ်အရပ်ရပ်က ပရိသတ်တွေကြောင့် ညတောင်မအိပ်ရတော့တဲ့ သူမရဲ့မန်နေဂျာ အဖြစ်ကို အခုလိုပဲ ပြောပြလာပါတယ်။

“အလုပ်ဖုန်းကိုင်ပြီး manage လုပ်ပေးတဲ့သူက Call center တစ်ခုခုမှာတောင် အဲ့လောက်ဖုန်းမလာလောက်ဘူးတဲ့။ သူ့ကို (၂၄) နာရီကို ၃မိနစ်ခြားတစ်ခါဖုန်းတွေဆက်ကြတော့ သူ့မှာအလုပ်ဆိုလည်း လွတ်မှာဆိုတော့ လာသမျှဖုန်းကိုင်ရရှာတာ။ မျက်တွင်းလေးတောင်နက်လို့။ သူ့ခမျာ အနယ်နယ်အရပ်ရပ်က မှာကြားစာများကိုလည်း တစ်လုံးမကျန်ပြန်ပြောပေးတာမို့ အားလုံးဖုန်းဆက်တာကိုလည်းသိပါတယ်။ အလုပ်ဖုန်းပဲမို့ သံသာလည်းမကိုင်တော့။ သူ့ခမျာသနားပါတယ်။ ညလေးတော့ပေးအိပ်လိုက်ကြပါနော်။” ဆိုပြီး ပရိသတ်တွေကို ပြောထားပါတယ်။

သံသာမိုးသိမ့်ကတော့ သူမကို အမြို့မြို့အနယ်နယ်က ပရိသတ်တွေက ချစ်ကြအားပေးကြတာကြောင့် ပျော်ရွှင်ရသလို တစ်ချိန်လုံး ဖုန်းတွေထိုင်ဖြေနေရတဲ့ မန်နေဂျာကိုလည်း ကိုယ်ချင်းစာစိတ်နဲ့ ပရိသတ်တွေဆီ မေတ္တာရပ်ခံထားတာ ဖြစ်ပါတယ်။ သံသာမိုးသိမ့်တစ်ယောက် နောက်ဒီထက်မက အောင်မြင်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Than Thar Moe Theint’s fb
Credit – Cele Connections

Leave a Comment