YBS နဲ့ တက္ကစီ တိုက်ပြီး လူ ၃ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်မှာ မျက်မြင်သက်သေ တစ်ဦးရဲ့ ပြောပြချက် အပြည့်အစုံ





UNICODE

၂. ၆. ၂၀၂၀ မနက်က ယာဉ်တိုက်မှုဖြစ်စဉ်မှာ ဘေးက မျက်မြင်သက်သေတစ်ဦးက YBS ၂ စီး ပြိုင်မောင်းလာတယ် တစ်စီးမှတ်တိုင်မှာ လမ်းပိတ်ပြီးရပ်တယ် နောက်ကားကို ညစ်တဲ့သဘောအဲဒီ့မှာ နောက်ကားက လမ်းလယ် ကွန်ကရစ်တားတုံးတွေကိုပါ ကျော်ပြီး လမ်းပြောင်းပြန်မောင်းချလိုက်တယ် ဟိုကားကိုပြန်ကျော်ချင်တဲ့ သဘော အဲဒီ့မှာ Taxi လေးက ညာဖက်ကနေ ဗယ်ဘက်ကို U Turn ပြန်ဝိုက်မလို့ လုပ်နေချိန်မှာ YBS ၄၀ က တိုက်ချလိုက်တာပဲကားပေါ်က ခရီးသည် လင်မယားက မနက်တိုင်း ဈေးကြိုလာနေကျလင်မယားပါ ကျွန်တော်တို့နဲ့ခင်ပါတယ် ကောင်မလေးက ကလေး မွေးထားတာ မကြာသေးဖူးလို့ ကြားတယ်ဗျ တဲ့သူတို့ ပြောစကားတွေကို နားထောင်ပြီး အစိုးရက ဘယ်လိုပဲ လူလို သူလို အဆင့်ရှိရှိလုပ်ပေးပါစေ ရ တစ်လုံးနဲ့ ဝ တစ်လုံးသာသိတဲ့ တစ်ဘို့တည်းသမားတွေက ခုထိ ကိုယ်ရ ကိုယ်ယူ စနစ်ကို ကျင့်သုံးနေကြသေးတယ်

YRTA ကလည်း အဲဒါတွေကို ထိထိရောက်ရောက်လေး စစ်ဆေး အရေးယူပေးစေချင်ပါတယ် သူတို့ စည်းကမ်းမဲ့မှုကြောင့် ဘဝတွေ ပျက်ကုန်ပြီ အနာဂတ်တွေ စုပြတ်ကုန်ပြီ ကလေးတွေ မိဘမဲ့ကုန်ပြီဇနီးသည် မုဆိုးမဖြစ်ရပြီ သူတို့ကို မှီခိုနေရတဲ့ ဘဝတွေ ဒုက္ခရောက်ကုန်ပြီ ဟိုးအရင် YBSပြောင်းကာစလည်း မဂ်လာဒုံ ပြည်လမ်းမပေါ် မှာ ၅၅ယာဉ်လိုင်းကြောင့် လူတွေ သေကြသေးတယ် သူတို့ကို Civic Education ပြည်သူ့နီတိသင်တန်းတွေပေးပါတယ် အခြားသော CSOတွေကလည်း သင်ပေးပါတယ် သင်ပေးပါတယ်

သူတို့ အကျင့်ကိုက အရိုးစွဲနေကြတယ် စိတ်ဓာတ်တွေကိုက မပြင်ကြသေးတာ အဓိကကတော့ ကိုယ်ရ ကိုယ်ယူ စနစ်ကို ကြိတ်ပြီးကျင့်သုံးနေကြသေးတာပဲ တစ်ချို့ကားတွေကို စပယ်ယာတွေတောင်ပါနေသေးတယ် ကျန်သေးတယ် လှိုင်သာယာဖက်က ယာဉ်လိုင်းတွေ မ ဒဂုံဖက်က ယာဉ်လိုင်းတွေ ရွှေပြည်သာ တ ဒဂုံ သာကေတ အဲဒီ့ဖက်မှာပြေးဆွဲနေတဲ့ ယာဉ်တွေကို ပိုပြီး စည်းကမ်းပိုင်း စစ်ဆေးပေးပါလို့ မေတ္တာရပ်ခံပါရစေပြည်သူက တိုင်ကြားလာလျှင် ထိရောက်စွာ အရေးယူပါလို့ မေတ္တာရပ်ခံပါရစေ

Credit ဘုန်းလက်ရုံး02.06.2020

Leave a Comment