တကမၻာလံုး ကုိဗစ္မွာ အာရံုစိုက္ေနခ်ိန္ ကြန္ဂုိတြင္ အီဘုိလာဗုိင္းရပ္စ္ တေက်ာ့ျပန္လာၿပီ

ကြန္ဂို ဒီမိုကရက္တစ္ သမၼတႏိုင္ငံ (DRC)၊ အက္ကြာတာ ျပည္နယ္၊ ဝမ္ဂါတာ က်န္းမာေရးဇုန္မွာ အီဘိုလာဗိုင္းရပ္စ္ ကူးစက္မႈ တစ္ေက်ာ့ျပန္ ျဖစ္လာေနတယ္လို႔ ဒီေန႔ ဇြန္လ ၂ ရက္ေန႔မွ ကြန္ဂိုအစိုးရက ေၾကညာလိုက္ပါတယ္။
ဝမ္ဂါတာမွာ အီဘိုလာ ဗိုင္းရပ္စ္ကူးစက္မႈ ေျခာက္ခု အသစ္ေတြ႕ရၿပီး ေလးဦးေသဆုံးကာ ႏွစ္ဦးကို အထူးၾကပ္မတ္ ကုသေနတယ္လို႔ ကြန္ဂို က်န္းမာေရး ဝန္ႀကီးဌာနက ေျပာပါတယ္။ အီဘိုလာဗိုင္းရပ္စ္ ကူးစက္သူ ေျခာက္ဦးအနက္ သုံးဦးရဲ႕ ဓာတ္ခြဲနမူနာေတြ စစ္ေဆးၿပီးၿပီလို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က သတင္းထုတ္ျပန္ထားပါတယ္။ကိုဗစ္ေရာဂါကပဲ လူေတြရင္ဆိုင္ေနရတဲ့ ျပႆနာမဟုတ္ဘူးဆိုတာ သတိေပးလိုက္တာ ျဖစ္ေၾကာင္း၊ အားလုံးရဲ႕ အာ႐ုံက ကပ္ေရာဂါဆီကိုပဲ ေရာက္ေနေပမယ့္ WHO ကေတာ့ တျခား က်န္းမာေရးဆိုင္ရာ အေရးေပၚ ကိစၥေတြကိုလည္း ေစာင့္ၾကည့္ေနေၾကာင္း WHO အေထြေထြ ၫႊန္ၾကားေရးမႉး ေဒါက္တာ တက္ဒ႐ိုစ္ အက္ဒါႏြန္ ေဂဘရီယက္ဆက္စ္က ေျပာပါတယ္။၁၉၇၆ ခုႏွစ္ကတည္းက ကြန္ဂိုႏိုင္ငံမွာ ပထမဆုံး အီဘိုလာေရာဂါ ျဖစ္ပြားမႈ စတင္ ေတြ႕႐ြိခဲ့ၿပီးေနာက္ အခု တေက်ာ့ျပန္ ေတြ႕ရွိတာက ၁၁ ႀကိမ္ေျမာက္ ျဖစ္ပါတယ္။

အီဘိုလာ ဗိုင္းရပ္စ္အေၾကာင္းႏွင့္ ကူးစက္ပုံ

အီဘိုလာဗိုင္းရပ္စ္ ဆိုသည္မွာ သဘာဝ တိရိစာၦန္မ်ားမွတဆင့္ လူသို႔ကူးဆက္ေသာ ဗိုင္းရပ္စ္ေရာဂါပိုးတစ္မ်ိဳး ျဖစ္သည္။ အရင္က အီဘိုလာ ဗိုင္းရပ္စ္ေရာဂါအား အီဘိုလာ ေသြးလြန္ေရာဂါ ဟု ေခၚဆိုခဲ့သည္။ ဆူဒန္ႏွင့္ ကြန္ဂိုတြင္ ၁၉၇၆-ခုႏွစ္တြင္ စတင္ေတြ႕ရွိသည္။ ကြန္ဂိုႏိုင္ငံရွိ အီဘိုလာျမစ္ အမည္ကိုယူၿပီး ေရာဂါအမည္ ေပးထားျခင္းျဖစ္သည္။ေရာဂါကူးဆက္ခံရသူ ၉၀% အသက္ဆုံးရႈံးကာ ရက္ပိုင္းအတြင္း ေသဆုံးေစႏိုင္ေသာ ေအအိုင္ဒီအက္(စ္)ထက္ အဆေပါင္းမ်ားစြာ ဆိုး႐ြားေသာ ဗိုင္းရပ္စ္ေရာဂါပိုး ျဖစ္သည္။ အာဖရိကတိုက္ အေနာက္အလယ္ပိုင္း ႏိုင္ငံမ်ားရွိ လင္းႏို႔၊ ေမ်ာက္၊ ဒရယ္၊ ေမ်ာက္ဝံ စေသာတိရိစာၦန္မ်ားတြင္ အီဗိုလာဗိုင္းရပ္စ္ ေတြ႕ရွိရၿပီး ေရာဂါပိုးရွိသည့္ တိရိစာၦန္အသားမ်ားကို လူမ်ားစားသုံးရာမွ ကူးစက္ကာ ယခုအခ်ိန္ထိ ကူးစက္ခံရသူ ၁၂၀ဝ ေက်ာ္ေသဆုံးခဲ့ၿပီးျဖစ္သည္။

အာဖရိကတိုက္ အလယ္ပိုင္းေဒသႏွင့္ အေနာက္အာဖရိက အစြန္အျဖား ေက်း႐ြာမ်ားတြင္ အဓိကျဖစ္ေနသည္။ ကြန္ဂို၊ ယူဂန္းဒါးႏိုင္ငံ၊ဆူဒန္ႏိုင္ငံ၊ ေတာင္အာဖရိက၊ ကုတ္တီဗြား၊ ဂါဘြန္ႏိုင္ငံမ်ားတြင္လည္း အနည္းငယ္ျဖစ္ပြားသည္။ကူးစက္ခံရၿပီး ၂ ရက္၊ ၃ ရက္အတြင္း ေခါင္းကိုက္ျခင္း၊ အေၾကာမ်ား နာျခင္း၊ အဖ်ားတက္သည့္ ေရာဂါလကၡဏာမ်ား ျဖစ္ေပၚလာၿပီးေနာက္ ႏွာေစး၊ ေအာ့အန္၊ ဝမ္းေလွ်ာျခင္းမ်ား ျဖစ္လာတတ္သည္။အီဘိုလာ ဗိုင္းရပ္စ္ ကူးဆက္ခံရၿပီး ၂၁ ရက္အၾကာတြင္ အျပင္းဖ်ားျခင္း၊ မလႈပ္ရွားႏိုင္ေအာင္ အားအင္ကုန္ဆုံးျခင္း၊ ႂကြက္သားမ်ား နာက်င္ျခင္း၊ ေခါင္းကိုက္ျခင္း၊ လည္ေခ်ာင္းနာျခင္းတို႔ ျဖစ္ကာ မၾကာခဏ ေအာ့အန္ၿပီး ဝမ္းသြားသည့္ ေရာဂါလကၡဏာမ်ား ျပလိမ့္မည္။ ထိုမွတဆင့္ေရာဂါျပင္းထန္လာကာ ေက်ာက္ကပ္ ၊ အသည္းတို႔၏ လုပ္ေဆာင္ခ်က္မ်ားကို ဆိုးဝါးစြာ ပ်က္ဆီးေစကာ မ်က္လုံး၊ ပါးစပ္၊ ႏွာေခါင္းတို႔စေသာ ဒြါရေပါက္မ်ားမွ ေသြးထြက္ျခင္း၊ အေရျပားတြင္ အရည္ၾကည္ဖု ေပါက္ၿပဲကာ ေသြးထြက္ျခင္းစသည့္ ခႏၶာကိုယ္ အတြင္းအျပင္တို႔မွ ေသြးထြက္ကာ ေနာက္ဆုံး ေသဆုံးမည္ျဖစ္သည္။

ထိုထက္ဆိုးဝါးသည္မွာ ေရာဂါကူးစက္ခံရေသာသူ ထိုင္သြားသည့္ ခုံ၊ အိပ္ယာတို႔မွတဆင့္ ကူးစက္ေၾကာင္းေတြ႕ရေသာအခါ အဆိုပါ သုံးႏိုင္ငံတြင္ တကၠစီ၊ ကား၊ ရထား၊ ေလယာဥ္တို႔ကိုပါ ေရာဂါေစာင့္ၾကည့္ ေနရသည့္ အေျခအေနတြင္ ရွိေနၿပီျဖစ္သည္။ထိုအီဗိုလာဗိုင္းရပ္စ္အား ကုသရန္ေဆးမရွိသကဲ့သို႔ ေရာဂါကူးစက္ခံရပါက မည္သို႔မွ လုပ္မရေတာ့ပဲ သီးသန႔္ခန္းထဲတြင္ ခြဲထားကာ ေသဆုံးသည္ကို ေစာင့္ရမည္ျဖစ္သည္။ ေရာဂါပိုး ကူးစက္သူ၏ ၁၀% ကိုသာ ကယ္ဆယ္ႏိုင္ခဲ့ေသးေၾကာင္း သိရသည္။

Credit to Original

UNICODE

ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ (DRC)၊ အက်ကွာတာ ပြည်နယ်၊ ဝမ်ဂါတာ ကျန်းမာရေးဇုန်မှာ အီဘိုလာဗိုင်းရပ်စ် ကူးစက်မှု တစ်ကျော့ပြန် ဖြစ်လာနေတယ်လို့ ဒီနေ့ ဇွန်လ ၂ ရက်နေ့မှ ကွန်ဂိုအစိုးရက ကြေညာလိုက်ပါတယ်။
ဝမ်ဂါတာမှာ အီဘိုလာ ဗိုင်းရပ်စ်ကူးစက်မှု ခြောက်ခု အသစ်တွေ့ရပြီး လေးဦးသေဆုံးကာ နှစ်ဦးကို အထူးကြပ်မတ် ကုသနေတယ်လို့ ကွန်ဂို ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။ အီဘိုလာဗိုင်းရပ်စ် ကူးစက်သူ ခြောက်ဦးအနက် သုံးဦးရဲ့ ဓာတ်ခွဲနမူနာတွေ စစ်ဆေးပြီးပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတင်းထုတ်ပြန်ထားပါတယ်။ကိုဗစ်ရောဂါကပဲ လူတွေရင်ဆိုင်နေရတဲ့ ပြဿနာမဟုတ်ဘူးဆိုတာ သတိပေးလိုက်တာ ဖြစ်ကြောင်း၊ အားလုံးရဲ့ အာရုံက ကပ်ရောဂါဆီကိုပဲ ရောက်နေပေမယ့် WHO ကတော့ တခြား ကျန်းမာရေးဆိုင်ရာ အရေးပေါ် ကိစ္စတွေကိုလည်း စောင့်ကြည့်နေကြောင်း WHO အထွေထွေ ညွှန်ကြားရေးမှူး ဒေါက်တာ တက်ဒရိုစ် အက်ဒါနွန် ဂေဘရီယက်ဆက်စ်က ပြောပါတယ်။၁၉၇၆ ခုနှစ်ကတည်းက ကွန်ဂိုနိုင်ငံမှာ ပထမဆုံး အီဘိုလာရောဂါ ဖြစ်ပွားမှု စတင် တွေ့ရွိခဲ့ပြီးနောက် အခု တကျော့ပြန် တွေ့ရှိတာက ၁၁ ကြိမ်မြောက် ဖြစ်ပါတယ်။

အီဘိုလာ ဗိုင်းရပ်စ်အကြောင်းနှင့် ကူးစက်ပုံ

အီဘိုလာဗိုင်းရပ်စ် ဆိုသည်မှာ သဘာဝ တိရိစ္ဆာန်များမှတဆင့် လူသို့ကူးဆက်သော ဗိုင်းရပ်စ်ရောဂါပိုးတစ်မျိုး ဖြစ်သည်။ အရင်က အီဘိုလာ ဗိုင်းရပ်စ်ရောဂါအား အီဘိုလာ သွေးလွန်ရောဂါ ဟု ခေါ်ဆိုခဲ့သည်။ ဆူဒန်နှင့် ကွန်ဂိုတွင် ၁၉၇၆-ခုနှစ်တွင် စတင်တွေ့ရှိသည်။ ကွန်ဂိုနိုင်ငံရှိ အီဘိုလာမြစ် အမည်ကိုယူပြီး ရောဂါအမည် ပေးထားခြင်းဖြစ်သည်။ရောဂါကူးဆက်ခံရသူ ၉၀% အသက်ဆုံးရှုံးကာ ရက်ပိုင်းအတွင်း သေဆုံးစေနိုင်သော အေအိုင်ဒီအက်(စ်)ထက် အဆပေါင်းများစွာ ဆိုးရွားသော ဗိုင်းရပ်စ်ရောဂါပိုး ဖြစ်သည်။ အာဖရိကတိုက် အနောက်အလယ်ပိုင်း နိုင်ငံများရှိ လင်းနို့၊ မျောက်၊ ဒရယ်၊ မျောက်ဝံ စသောတိရိစ္ဆာန်များတွင် အီဗိုလာဗိုင်းရပ်စ် တွေ့ရှိရပြီး ရောဂါပိုးရှိသည့် တိရိစ္ဆာန်အသားများကို လူများစားသုံးရာမှ ကူးစက်ကာ ယခုအချိန်ထိ ကူးစက်ခံရသူ ၁၂၀ဝ ကျော်သေဆုံးခဲ့ပြီးဖြစ်သည်။

— AFP PICTURES OF THE YEAR 2018 —
Medical workers disinfect the coffin of a deceased unconfirmed Ebola patient inside an Ebola Treatment Centre run by The Alliance for International Medical Action (ALIMA) on August 13, 2018, in Beni. (Photo by John WESSELS / AFP)JOHN WESSELS/AFP/Getty Images

အာဖရိကတိုက် အလယ်ပိုင်းဒေသနှင့် အနောက်အာဖရိက အစွန်အဖြား ကျေးရွာများတွင် အဓိကဖြစ်နေသည်။ ကွန်ဂို၊ ယူဂန်းဒါးနိုင်ငံ၊ဆူဒန်နိုင်ငံ၊ တောင်အာဖရိက၊ ကုတ်တီဗွား၊ ဂါဘွန်နိုင်ငံများတွင်လည်း အနည်းငယ်ဖြစ်ပွားသည်။ကူးစက်ခံရပြီး ၂ ရက်၊ ၃ ရက်အတွင်း ခေါင်းကိုက်ခြင်း၊ အကြောများ နာခြင်း၊ အဖျားတက်သည့် ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပြီးနောက် နှာစေး၊ အော့အန်၊ ဝမ်းလျှောခြင်းများ ဖြစ်လာတတ်သည်။အီဘိုလာ ဗိုင်းရပ်စ် ကူးဆက်ခံရပြီး ၂၁ ရက်အကြာတွင် အပြင်းဖျားခြင်း၊ မလှုပ်ရှားနိုင်အောင် အားအင်ကုန်ဆုံးခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်းတို့ ဖြစ်ကာ မကြာခဏ အော့အန်ပြီး ဝမ်းသွားသည့် ရောဂါလက္ခဏာများ ပြလိမ့်မည်။ ထိုမှတဆင့်ရောဂါပြင်းထန်လာကာ ကျောက်ကပ် ၊ အသည်းတို့၏ လုပ်ဆောင်ချက်များကို ဆိုးဝါးစွာ ပျက်ဆီးစေကာ မျက်လုံး၊ ပါးစပ်၊ နှာခေါင်းတို့စသော ဒွါရပေါက်များမှ သွေးထွက်ခြင်း၊ အရေပြားတွင် အရည်ကြည်ဖု ပေါက်ပြဲကာ သွေးထွက်ခြင်းစသည့် ခန္ဓာကိုယ် အတွင်းအပြင်တို့မှ သွေးထွက်ကာ နောက်ဆုံး သေဆုံးမည်ဖြစ်သည်။

ထိုထက်ဆိုးဝါးသည်မှာ ရောဂါကူးစက်ခံရသောသူ ထိုင်သွားသည့် ခုံ၊ အိပ်ယာတို့မှတဆင့် ကူးစက်ကြောင်းတွေ့ရသောအခါ အဆိုပါ သုံးနိုင်ငံတွင် တက္ကစီ၊ ကား၊ ရထား၊ လေယာဉ်တို့ကိုပါ ရောဂါစောင့်ကြည့် နေရသည့် အခြေအနေတွင် ရှိနေပြီဖြစ်သည်။ထိုအီဗိုလာဗိုင်းရပ်စ်အား ကုသရန်ဆေးမရှိသကဲ့သို့ ရောဂါကူးစက်ခံရပါက မည်သို့မှ လုပ်မရတော့ပဲ သီးသန့်ခန်းထဲတွင် ခွဲထားကာ သေဆုံးသည်ကို စောင့်ရမည်ဖြစ်သည်။ ရောဂါပိုး ကူးစက်သူ၏ ၁၀% ကိုသာ ကယ်ဆယ်နိုင်ခဲ့သေးကြောင်း သိရသည်။

Credit to Original

Leave a Comment