အမျိုးသားကျန်းမာရေးဓါတ်ခွဲဌာနက ကျန်းမာရေးဝန်ထမ်းများကို Brand ဌက်သိုက်များစွာလှူဒါန်းပေးခဲ့တဲ့ ချစ်သုဝေ




Credit -Cele Zone
Photo – Chit Thu Wai

UNICODE

ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးချစ်သုဝေဟာဆိုရင် ချစ်စရာအမွှာသမီးလေးနှစ်ယောက်ကိုလည်း မွေးဖွားထားတဲ့ မိခင်တစ်ယောက်ဖြစ်ပါတယ်။ချစ်သုဝေကတော့ အခုနောက်ပိုင်းမှာ ဇာတ်ကားတွေမရိုက်တော့ပေမယ့် ကြော်ငြာတွေကိုတော့လက်ခံရိုက်ကူးပြီး ဖိတ်ကြားလာတဲ့ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်နေတာဖြစ်ပါတယ်။

ချစ်သုဝေက ခေတ်နဲ့သစ်ကို သေချာပြုစုပျိုးထောင်ပေးပြီး အသေးအဖွဲ့လေးကအစဂရုစိုက်တတ်တဲ့မေမေဖြစ်လို့ ခေတ်နဲ့သစ်ကလည်း ကျန်းကျန်းမာမာနဲ့ ထူးချွန်ထက်မြက်စွာကြီးပြင်းလာပါတယ်နော်။ခေတ်နဲ့သစ်လေးက အခုဆိုရင် အရွယ်ရောက်ရှိနေကြပြီး မေမေနဲ့ဖေဖေရဲ့ သင်ကြားပြသမှုတွေအောက်မှာ လိမ္မာရေးခြားရှိပြီး အရမ်းတော်တဲ့ကလေးလေးတွေဖြစ်ပါတယ်နော်။

သူမကတော့ အနုပညာလုပ်ငန်းတွေလုပ်ကိုင်နေသလို ပရဟိတလုပ်ငန်းတွေကိုလည်း ချစ်ခင်ပွန်းနဲ့အတူ ကိုယ်တိုင်ပါဝင်ဆောင်ရွက်တတ်သူလည်းဖြစ်ပါတယ်။လတ်တလောမှာလည်း အမျိုးသားကျန်းမာရေးဓါတ်ခွဲဌာနက ဝန်ထမ်းများကို ကိုယ်ခံအားကောင်းမွန်စေရန် brand ဌက်သိုက်များလှူဒါန်းပေးခဲ့တာလေးကိုဖော်ပြထားတာတွေ့ရတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Credit -Cele Zone

Photo – Chit Thu Wai

Leave a Comment