ရှေ့ဆက်ဘယ်လိုအသက်ရှင်နေထိုင်ရမလဲ မတွေးတတ်တော့ဘူးလို့ ရင်ဖွင့်လာတဲ့ ထက်ထက်မိုးဦး




Credit – Cele Zone
Photo – Htet Htet Moe Oo

UNICODE

အသက်လေးဆယ်ကျော်အရွယ်ရောက်လာပြီဖြစ်တဲ့ ထက်ထက်မိုးဦးတစ်ယောက် သူမရဲ့ ချူချာတဲ့ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေကိုတောင် အရင်လိုမျိုး တက်တက်ကြွကြွမလုပ်နိုင်တော့ပါဘူး။ ကျန်းမာရေးမကောင်းတာကြောင့် စိတ်ဓာတ်လည်း ချိနဲ့လာပြီး စိတ်အားလည်းငယ်လာခဲ့ပါတယ်။ သူမ ခံစားနေရတာတွေကိုတော့ ပရိသတ်တွေကို မကြာခဏဆိုသလို ရင်ဖွင့်လေ့ရှိပါ တယ်။

သူမ ခံစားနေရတာတွေကို ” လူကတကယ်နေမကောင်းဖြစ်လာရင် စိတ်ကောလူကောကျလာ တာပဲ ဘယ်လောက်ပဲတရားမှတ်မှတ် ရင်ထဲမှာဗလောင်ဆူနေတာပဲ ရှေ့ဆက်ဘယ်လိုအသက် ရှင်နေထိုင်ရမလဲဆိုတာမတွေးတတ်တော့ဘူး.ကိုယ့်ကိုချစ်တဲ့ခင်တဲ့သူတွေ ကတော့စိတ်ပူပေးနေကြတာကျေးဇူးတင်ပါတယ် ကိုယ့်ရင်ထဲမှာတော့နေလို့မကောင်းတာအမှန်ပါ ” ဆိုပြီး ဝမ်းနည်း စွာရင်ဖွင့်ခဲ့ပါ တယ်။

မထက်ကိုချစ်တဲ့ပရိသတ်တွေကတော့ သူမကို စိတ်အားမငယ်ဖို့အတွက်အားပေးစကားတွေ ပြောခဲ့ကြပါတယ်။ အနုပညာလမ်းကြောင်း ပေါ်မှာလျှောက်လှမ်းလာတာ နှစ်ပေါင်းများစွာ ကြာလာခဲ့ဖြစ်ပြီး အကယ်ဒမီဆုတွေကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အရင်တုန်းက ကြော်ငြာဘုရင်မ ထက်ထက်မိုးဦးဟာ ယနေ့ထက်တိုင်လည်း ပရိသတ်တွေရဲ့အချစ်တော်လေး ဖြစ်နေဆဲပါပဲ။

Credit – Cele Zone
Photo – Htet Htet Moe Oo

Leave a Comment