ဆႏၵျပမႈေတြေၾကာင့္ အိမ္ျဖဴေတာ္ဗုံးခိုက်င္းထဲ တစ္နာရီေလာက္ဝင္ပုန္းခဲ့ရတဲ့ သမၼတထရမ့္

ၿပီးခဲ့တဲ့ ေသာၾကာေန႔ညပိုင္းက ဝါရွင္တန္ဒီစီမွာရွိတဲ့ အိမ္ျဖဴေတာ္ေရွ႕ကို ဆႏၵျပသူေတြ စု႐ုံးေရာက္ရွိခဲ့တာေၾကာင့္ သမၼတထရမ့္ကို အိမ္ျဖဴေတာ္ရဲ႕ ေျမေအာက္ဗုံးခိုက်င္းထဲမွာ ယာယီပုန္းခိုခိုင္းခဲ့ရတယ္လို႔ အိမ္ျဖဴေတာ္က အာဏာပိုင္တခ်ိဳ႕နဲ႔ တရားဥပေဒစိုးမိုးေရးဆိုင္ရာ သတင္းအရင္းအျမစ္တစ္ခုအရ သိရပါတယ္။သမၼတထရမ့္ဟာ ဗုံးခိုက်င္းထဲမွာ တစ္နာရီနီးပါးေလာက္ပုံးခိုခဲ့ရၿပီးမွ အိမ္ေပၚကို ျပန္တက္ခဲ့ရတယ္လို႔ CNN သတင္းဌာနဲ႔ US Today သတင္းဌာနတို႔ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။ထရမ့္ရဲ႕ ဇနီးျဖစ္သူ မေလနီယာထရမ့္ (Malania Trump) နဲ႔ သားျဖစ္သူ ဘာ႐ြန္ (Barron) တို႔ကိုလည္း ဗုံးခိုက်င္းထဲကို အတူတကြ ေခၚေဆာင္သြားခဲ့တယ္လို႔ အိမ္ျဖဴေတာ္နဲ႔ နီးစပ္တဲ့ သတင္းအရင္းအျမစ္ေတြက ဆိုပါတယ္။

လူမည္းအမ်ိဳးသား George Floyd ေသဆုံးမႈကိုအရင္းခံၿပီး ျဖစ္ေပၚခဲ့တဲ့ ဆႏၵျပမႈေတြဟာ ေသာၾကာေန႔ညမွာေတာ့ အေမရိကန္ႏိုင္ငံ နယူးေယာ့ခ္ၿမိဳ႕မကို ကူးစက္ခဲ့ၿပီး ေဒါသျဖစ္ေနတဲ့ ဆႏၵျပသူေတြဟာ အိမ္ျဖဴေတာ္ကို ခ်ီတက္ခဲ့ၾကတာျဖစ္ပါတယ္။ဆႏၵျပသူတခ်ိဳ႕ဟာ မီးရႈိ႕ထားတဲ့အလံေတြကိုကိုင္ထားခဲ့သလို တားဆီးထားတဲ့အကာအရံေတြကို ေက်ာ္ျဖတ္ၿပီး အိမ္ျဖဴေတာ္ဆီ ဉီးတည္ခဲ့တာျဖစ္ပါတယ္။ဆႏၵျပမႈေၾကာင့္ လူေျခာက္ဦးကို ဖမ္းဆီးခဲ့တယ္လို႔ လွ်ိဳ႕ဝွက္ေထာက္လွမ္းေရးအဖြဲ႕ Secret Service က စေနေန႔ ေန႔လည္ပိုင္း သတင္းထုတ္ျပန္ခ်က္မွာ ထည့္သြင္းေၾကညာခဲ့ပါတယ္။ဆႏၵျပသူေတြဟာ အိမ္ျဖဴေတာ္တဝိုက္ လုံၿခဳံေရးခ်ထားတဲ့ လွ်ိဳ႕ဝွက္ေထာက္လွမ္းေရးအဖြဲ႕ Secret Service တပ္ဖြဲ႕ဝင္ေတြကို ေရဘူးေတြ တျခားပစၥည္းေတြနဲ႔ ပစ္ေပါက္တာေတြ၊ ေအာ္ဟစ္တာေတြနဲ႔ အတားအဆီးေတြကို ေက်ာ္ျဖတ္ဖို႔ ႀကိဳးစားတာေတြကို နာရီေပါင္းမ်ားစြာၾကာေအာင္ ျပဳလုပ္ခဲ့တာေၾကာင့္လည္း ထရမ့္နဲ႔ မိသားစုဝင္ေတြကို ခဏတာ ပုန္းခိုခိုင္းခဲ့ရတာျဖစ္ပါတယ္။

ေသာၾကာေန႔ည ဆႏၵျပမႈဟာ ည (၁၀) နာရီေလာက္မွာ စတင္ခဲ့တာျဖစ္ၿပီး ဆႏၵျပသူေတြနဲ႔ လုံၿခဳံေရးတပ္သား ေတြၾကား(၅)နာရီၾကာ ထိေတြ႕ခဲ့ၿပီး မနက္(၃)နာရီဝန္းက်င္မွာ ၿပီးဆုံးခဲ့ပါတယ္။ဆႏၵျပမႈေၾကာင့္ အိမ္ျဖဴေတာ္ကို Lockdown ခ်ခဲ့ရတယ္လို႔ အိမ္ျဖဴေတာ္ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ Judd Deere က ဆိုပါတယ္။ဆႏၵျပမႈေတြ ၿပီးဆုံးခဲ့တဲ့ေနာက္မွာ သမၼတထရမ့္ဟာ အိမ္ျဖဴေတာ္ကိုလုံၿခဳံေရးေဆာင္႐ြက္ေပးခဲ့တဲ့ Secret Service ကို သူ႔ရဲ႕ တြစ္တာစာမ်က္ႏွာေပၚကေန ခ်ီးက်ဳးခဲ့ပါတယ္။သမၼတ ထရမ့္အေနနဲ႔ အေမရိကန္ျပည္သူေတြကို ၿငိမ္သက္သြားေစဖို႔နဲ႔ စိတ္ေက်နပ္မႈရရွိေစဖို႔ တရားဝင္နည္းလမ္းနဲ႔ ေၾကညာခ်က္ေတြထုတ္ျပန္ဖို႔သင့္တယ္လို႔ သမၼတအႀကံေပးေတြက အႀကံေပးထားၾကပါတယ္။လူမည္းအမ်ိဳးသား George Floyd ရဲ႕ လည္ပင္းေပၚကို ဒူးေခါင္းနဲ႔ေထာက္ၿပီး ဖမ္းဆီးခဲ့သူ လူျဖဴတစ္ေယာက္ျဖစ္တဲ့ ရဲသားဒါးရက္ရႈဝင္ (Derek Chauvin) ကိုေတာ့ ရာထူးကေန ထုတ္ပယ္ခဲ့ၿပီး ေသာၾကာေန႔မွာ သူ႔ကို လူသတ္မႈနဲ႔ စြဲခ်က္တင္ခဲ့ပါတယ္။သူဟာ Floyd ကို ဖမ္းဆီးတဲ့အခ်ိန္ လည္ပင္းေပၚကို (၈) မိနစ္နဲ႔ (၄၆) စကၠန႔္အထိ ဒူးနဲ႔ေထာက္ထားခဲ့ၿပီး ဒူးနဲ႔ေထာက္ထားတဲ့ ေနာက္ဆုံး(၂)မိနစ္နဲ႔ (၅၃)စကၠန႔္မွာေတာ့ Floyd ဟာ လႈပ္ရွားမႈကင္းမဲ့သြားခဲ့တာျဖစ္ပါတယ္။

Credit O Media

UNICODE

ပြီးခဲ့တဲ့ သောကြာနေ့ညပိုင်းက ဝါရှင်တန်ဒီစီမှာရှိတဲ့ အိမ်ဖြူတော်ရှေ့ကို ဆန္ဒပြသူတွေ စုရုံးရောက်ရှိခဲ့တာကြောင့် သမ္မတထရမ့်ကို အိမ်ဖြူတော်ရဲ့ မြေအောက်ဗုံးခိုကျင်းထဲမှာ ယာယီပုန်းခိုခိုင်းခဲ့ရတယ်လို့ အိမ်ဖြူတော်က အာဏာပိုင်တချို့နဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ သတင်းအရင်းအမြစ်တစ်ခုအရ သိရပါတယ်။သမ္မတထရမ့်ဟာ ဗုံးခိုကျင်းထဲမှာ တစ်နာရီနီးပါးလောက်ပုံးခိုခဲ့ရပြီးမှ အိမ်ပေါ်ကို ပြန်တက်ခဲ့ရတယ်လို့ CNN သတင်းဌာနဲ့ US Today သတင်းဌာနတို့ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ထရမ့်ရဲ့ ဇနီးဖြစ်သူ မလေနီယာထရမ့် (Malania Trump) နဲ့ သားဖြစ်သူ ဘာရွန် (Barron) တို့ကိုလည်း ဗုံးခိုကျင်းထဲကို အတူတကွ ခေါ်ဆောင်သွားခဲ့တယ်လို့ အိမ်ဖြူတော်နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။

လူမည်းအမျိုးသား George Floyd သေဆုံးမှုကိုအရင်းခံပြီး ဖြစ်ပေါ်ခဲ့တဲ့ ဆန္ဒပြမှုတွေဟာ သောကြာနေ့ညမှာတော့ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မကို ကူးစက်ခဲ့ပြီး ဒေါသဖြစ်နေတဲ့ ဆန္ဒပြသူတွေဟာ အိမ်ဖြူတော်ကို ချီတက်ခဲ့ကြတာဖြစ်ပါတယ်။ဆန္ဒပြသူတချို့ဟာ မီးရှို့ထားတဲ့အလံတွေကိုကိုင်ထားခဲ့သလို တားဆီးထားတဲ့အကာအရံတွေကို ကျော်ဖြတ်ပြီး အိမ်ဖြူတော်ဆီ ဉီးတည်ခဲ့တာဖြစ်ပါတယ်။ဆန္ဒပြမှုကြောင့် လူခြောက်ဦးကို ဖမ်းဆီးခဲ့တယ်လို့ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ Secret Service က စနေနေ့ နေ့လည်ပိုင်း သတင်းထုတ်ပြန်ချက်မှာ ထည့်သွင်းကြေညာခဲ့ပါတယ်။ဆန္ဒပြသူတွေဟာ အိမ်ဖြူတော်တဝိုက် လုံခြုံရေးချထားတဲ့ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ Secret Service တပ်ဖွဲ့ဝင်တွေကို ရေဘူးတွေ တခြားပစ္စည်းတွေနဲ့ ပစ်ပေါက်တာတွေ၊ အော်ဟစ်တာတွေနဲ့ အတားအဆီးတွေကို ကျော်ဖြတ်ဖို့ ကြိုးစားတာတွေကို နာရီပေါင်းများစွာကြာအောင် ပြုလုပ်ခဲ့တာကြောင့်လည်း ထရမ့်နဲ့ မိသားစုဝင်တွေကို ခဏတာ ပုန်းခိုခိုင်းခဲ့ရတာဖြစ်ပါတယ်။

သောကြာနေ့ည ဆန္ဒပြမှုဟာ ည (၁၀) နာရီလောက်မှာ စတင်ခဲ့တာဖြစ်ပြီး ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်သား တွေကြား(၅)နာရီကြာ ထိတွေ့ခဲ့ပြီး မနက်(၃)နာရီဝန်းကျင်မှာ ပြီးဆုံးခဲ့ပါတယ်။ဆန္ဒပြမှုကြောင့် အိမ်ဖြူတော်ကို Lockdown ချခဲ့ရတယ်လို့ အိမ်ဖြူတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Judd Deere က ဆိုပါတယ်။ဆန္ဒပြမှုတွေ ပြီးဆုံးခဲ့တဲ့နောက်မှာ သမ္မတထရမ့်ဟာ အိမ်ဖြူတော်ကိုလုံခြုံရေးဆောင်ရွက်ပေးခဲ့တဲ့ Secret Service ကို သူ့ရဲ့ တွစ်တာစာမျက်နှာပေါ်ကနေ ချီးကျုးခဲ့ပါတယ်။သမ္မတ ထရမ့်အနေနဲ့ အမေရိကန်ပြည်သူတွေကို ငြိမ်သက်သွားစေဖို့နဲ့ စိတ်ကျေနပ်မှုရရှိစေဖို့ တရားဝင်နည်းလမ်းနဲ့ ကြေညာချက်တွေထုတ်ပြန်ဖို့သင့်တယ်လို့ သမ္မတအကြံပေးတွေက အကြံပေးထားကြပါတယ်။လူမည်းအမျိုးသား George Floyd ရဲ့ လည်ပင်းပေါ်ကို ဒူးခေါင်းနဲ့ထောက်ပြီး ဖမ်းဆီးခဲ့သူ လူဖြူတစ်ယောက်ဖြစ်တဲ့ ရဲသားဒါးရက်ရှုဝင် (Derek Chauvin) ကိုတော့ ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး သောကြာနေ့မှာ သူ့ကို လူသတ်မှုနဲ့ စွဲချက်တင်ခဲ့ပါတယ်။သူဟာ Floyd ကို ဖမ်းဆီးတဲ့အချိန် လည်ပင်းပေါ်ကို (၈) မိနစ်နဲ့ (၄၆) စက္ကန့်အထိ ဒူးနဲ့ထောက်ထားခဲ့ပြီး ဒူးနဲ့ထောက်ထားတဲ့ နောက်ဆုံး(၂)မိနစ်နဲ့ (၅၃)စက္ကန့်မှာတော့ Floyd ဟာ လှုပ်ရှားမှုကင်းမဲ့သွားခဲ့တာဖြစ်ပါတယ်။

Credit O Media

Leave a Comment