ခင္ပြန္းျဖစ္သူကို ေရမခ်ိဳးလို ့ဆိုၿပီး ကြာရွင္းျပတ္စဲလိုက္တဲ့ အမ်ိဳးသမီး

အိႏၵိယမွအမ်ိဳးသမီးတစ္ဦးက သူမရဲ႕ခင္ပြန္းျဖစ္သူကို ထူးဆန္းတဲ့အေၾကာင္းျပခ်က္ျဖင့္ တရား၀င္ကြာရွင္းျပတ္စဲခဲ့ပါတယ္။ အသက္20ႏွစ္ရွိတဲ့ အဆိုပါအမ်ိဳးသမီးက အသက္23ႏွစ္ရွိတဲ့ သူမရဲ႕အမ်ိဳးသားကို ေရမခ်ိဳးလို႔ဆိုၿပီး သူနဲ႔ၾကာရွည္စြာ ဆက္ၿပီး မေပါင္းသင္းႏိုင္ေတာ့ဘူးလို႔ ေျပာပါတယ္။အိႏၵိယတိုင္းမ္ သတင္းစာအရ သူမရဲ႕ခင္ပြန္းက မုတ္ဆိတ္ရိတ္ျခင္းလဲမရွိ ေရခ်ိဳးျခင္းလဲမရွိ သြားပုံမွန္တိုက္ျခင္းလဲမရွိဘူးလို႔ သိရပါတယ္။ ျပည္နယ္အမ်ိဳးသမီးေရးရာကလည္း အဆိုပါအမ်ိဳးသားကို သူ႔ရဲ႕အမူအက်င့္ေတြကိုေျပာင္းလဲမလား ဥပေဒဆိုင္ရာအက်ိဳးဆက္ေတြကို ရင္ဆိုင္မလားဆိုၿပီး ၂လတိတိ ရာဇသံေပးထားခဲ့ပါတယ္။

၎အမ်ိဳးသမီးက သူမရဲ႕ခင္ပြန္းဟာ တစ္ကိုယ္ရည္သန႔္ရွင္းမႈမရွိျခင္း ခႏၶာကိုယ္အနံ႔အသက္ဆိုးဝါးျပင္းထန္ျခင္းေတြေၾကာင့္ ကြာရွင္းခ်င္ခဲ့တာလို႔ေျပာပါတယ္။အမ်ိဳးသမီးေရးရာအသင္းက သူမရဲ႕အဘယ့္‌ေၾကာင့္ ကြာရွင္းျပတ္စဲလိုတယ္ဆိုတဲ့ အေၾကာင္းျပခ်က္ေၾကာင့္ အံ့အားသင့္ခဲ့ၾကရပါတယ္။ သူတို႔စုံတြဲက 2017ခုႏွစ္က လက္ထပ္ခဲ့ၾကတာလို႔ သိရပါတယ္။အမ်ိဳးသမီးရဲ႕ အဆိုအရ ေရပိုက္ျပင္သမားအျဖစ္အလုပ္လုပ္တဲ့ သူမရဲ႕ခင္ပြန္းမွာ အမူအက်င့္ေကာင္းေတြမရွိဘူးလို႔ သိရပါတယ္။ သူက ဆယ္ရက္တိတိထိ ေရမခ်ိဳးပဲ မုတ္ဆိတ္မရိတ္ပဲေနတယ္လို႔ ေျပာပါတယ္။ သူ႔ရဲ႕ဆိုးဝါးညစ္ပတ္လွတဲ့အမူအက်င့္ေတြရဲ႕ဒဏ္ကို မ်ားစြာခံခဲ့ရၿပီးၿပီျဖစ္တာေၾကာင့္ ျဖစ္ႏိုင္သမွ်ျမန္ျမန္ ကြာရွင္းျပတ္စဲေပးဖို႔ သူမကေတာင္းဆိုထားပါတယ္။ဒါေပမယ့္ သူမရဲ႕ေယာက္်ားကေတာ့ မကြာရွင္းခ်င္ခဲ့ပါဘူး။ သူ႔ရဲ႕ေနထိုင္ပုံေတြ အမူအက်င့္ေတြကို အေကာင္းဆုံးျဖစ္ေအာင္ ျပဳျပင္ေနထိုင္ပါ့မယ္ဆိုၿပီး ကတိေပးခဲ့ပါတယ္။

လူတစ္ခ်ိဳ႕ကေတာ့ ၎ကြာရွင္းမႈအတြက္ အေၾကာင္းျပခ်က္က အေသးအဖြဲျဖစ္တယ္လို႔ ဆိုၾကေသာ္လည္း တျခားသူေတြကေတာ့ သူမရဲ႕ဆုံးျဖတ္ခ်က္ကို အျပစ္မတင္ခဲ့ၾကပါဘူး။ အမ်ိဳးသမီးတစ္ဦးကေတာ့ သူမမွာသာ အဲ့လိုေယာက္်ားမ်ိဳးရွိခဲ့မယ္ဆိုပါက အခုလိုကြာရွင္းျပတ္စဲဖို႔ တြန႔္ဆုတ္ေနမွာေတာင္ မဟုတ္ဘူးလို႔ ဆိုပါတယ္။

Credit

UNICODE

အိန္ဒိယမှအမျိုးသမီးတစ်ဦးက သူမရဲ့ခင်ပွန်းဖြစ်သူကို ထူးဆန်းတဲ့အကြောင်းပြချက်ဖြင့် တရားဝင်ကွာရှင်းပြတ်စဲခဲ့ပါတယ်။ အသက်20နှစ်ရှိတဲ့ အဆိုပါအမျိုးသမီးက အသက်23နှစ်ရှိတဲ့ သူမရဲ့အမျိုးသားကို ရေမချိုးလို့ဆိုပြီး သူနဲ့ကြာရှည်စွာ ဆက်ပြီး မပေါင်းသင်းနိုင်တော့ဘူးလို့ ပြောပါတယ်။အိန္ဒိယတိုင်းမ် သတင်းစာအရ သူမရဲ့ခင်ပွန်းက မုတ်ဆိတ်ရိတ်ခြင်းလဲမရှိ ရေချိုးခြင်းလဲမရှိ သွားပုံမှန်တိုက်ခြင်းလဲမရှိဘူးလို့ သိရပါတယ်။ ပြည်နယ်အမျိုးသမီးရေးရာကလည်း အဆိုပါအမျိုးသားကို သူ့ရဲ့အမူအကျင့်တွေကိုပြောင်းလဲမလား ဥပဒေဆိုင်ရာအကျိုးဆက်တွေကို ရင်ဆိုင်မလားဆိုပြီး ၂လတိတိ ရာဇသံပေးထားခဲ့ပါတယ်။

၎င်းအမျိုးသမီးက သူမရဲ့ခင်ပွန်းဟာ တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိခြင်း ခန္ဓာကိုယ်အနံ့အသက်ဆိုးဝါးပြင်းထန်ခြင်းတွေကြောင့် ကွာရှင်းချင်ခဲ့တာလို့ပြောပါတယ်။အမျိုးသမီးရေးရာအသင်းက သူမရဲ့အဘယ့်‌ကြောင့် ကွာရှင်းပြတ်စဲလိုတယ်ဆိုတဲ့ အကြောင်းပြချက်ကြောင့် အံ့အားသင့်ခဲ့ကြရပါတယ်။ သူတို့စုံတွဲက 2017ခုနှစ်က လက်ထပ်ခဲ့ကြတာလို့ သိရပါတယ်။အမျိုးသမီးရဲ့ အဆိုအရ ရေပိုက်ပြင်သမားအဖြစ်အလုပ်လုပ်တဲ့ သူမရဲ့ခင်ပွန်းမှာ အမူအကျင့်ကောင်းတွေမရှိဘူးလို့ သိရပါတယ်။ သူက ဆယ်ရက်တိတိထိ ရေမချိုးပဲ မုတ်ဆိတ်မရိတ်ပဲနေတယ်လို့ ပြောပါတယ်။ သူ့ရဲ့ဆိုးဝါးညစ်ပတ်လှတဲ့အမူအကျင့်တွေရဲ့ဒဏ်ကို များစွာခံခဲ့ရပြီးပြီဖြစ်တာကြောင့် ဖြစ်နိုင်သမျှမြန်မြန် ကွာရှင်းပြတ်စဲပေးဖို့ သူမကတောင်းဆိုထားပါတယ်။ဒါပေမယ့် သူမရဲ့ယောက်ျားကတော့ မကွာရှင်းချင်ခဲ့ပါဘူး။ သူ့ရဲ့နေထိုင်ပုံတွေ အမူအကျင့်တွေကို အကောင်းဆုံးဖြစ်အောင် ပြုပြင်နေထိုင်ပါ့မယ်ဆိုပြီး ကတိပေးခဲ့ပါတယ်။

လူတစ်ချို့ကတော့ ၎င်းကွာရှင်းမှုအတွက် အကြောင်းပြချက်က အသေးအဖွဲဖြစ်တယ်လို့ ဆိုကြသော်လည်း တခြားသူတွေကတော့ သူမရဲ့ဆုံးဖြတ်ချက်ကို အပြစ်မတင်ခဲ့ကြပါဘူး။ အမျိုးသမီးတစ်ဦးကတော့ သူမမှာသာ အဲ့လိုယောက်ျားမျိုးရှိခဲ့မယ်ဆိုပါက အခုလိုကွာရှင်းပြတ်စဲဖို့ တွန့်ဆုတ်နေမှာတောင် မဟုတ်ဘူးလို့ ဆိုပါတယ်။

Credit

Leave a Comment